Wednesday, 6 March 2013

နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်မြေတစ်ဝိုက် ရွှေကြောများတွေ့



ရန်ကုန်၊ မတ်-၎

နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ နေပြည်တော်တိုင်းစစ် ဌာနချုပ် နယ်မြေအနီးတစ်ဝိုက်တွင် စီးပွားဖြစ် ထုတ်နိုင်ေ သာ ရွှေကြောများရှိနေကြောင်း ဘူမိဗေဒ ပညာရှင်ဦးစိုးသိန်းက ပြောသည်။

မြဝတီဂိတ်မှ ကျိုက်ထီးရိုးအထိ ထိုင်းဧည့်များအား ဝင်ခွင့် ပြုတော့မည်


မြဝတီဂိတ်မှ ကျိုက်ထီးရိုးအထိ ထိုင်းဧည့်များအား ဝင်ခွင့် ပြုတော့မည်

 ထိုင်းနိုင်ငံသားများ မြဝတီဂိတ်မှတစ်ဆင့် ဝင်ရောက်ခွင့်ကို မိုင် ၁ဝဝ ကျော်အထိတိုးမြှင့်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောသည်။
 
ယခုနှစ် ဧပြီလပိုင်းတွင် ခွင့်ပြု နိုင်ရန် နှစ်နိုင်ငံ ဆက်သွယ်ဆောင် ရွက်နေပြီးမြဝတီမှဘားအံ- ကျိုက် ထို- သထုံ-ကျိုက်ထီးရိုး စေတီ တော် အထိသွားရောက်နိုင်မည် ဖြစ် သည်။
 မြဝတီတွင်သာမက အခြား ထိုင်း-မြန်မာနယ်စပ်ဂိတ်များ ဖြစ် ကြသည့် တာချီလိတ်၊ ဘုရားသုံးဆူ နှင့် ကော့သောင်း ဂိတ်များအားလုံး တွင်လည်း ဝင်ရောက်ခွင့်နယ်နိမိတ် များကိုနှစ်နိုင်ငံစလုံးမှ ရှိရင်းစွဲထက် ပိုမိုချဲ့ထွင်ရန် နှစ်နိုင်ငံတာဝန်ရှိသူ များ ဆက်လက်ညှိနှိုင်းနေကြပြီး မကြာမီတွင်ပင် အကောင်အထည် ဖော်နိုင်မည်ဟု သိရပါသည်။
 
ထို့ကြောင့် ကမ္ဘာလှည့်ခရီး သွားများသာမက နယ်စပ်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူများ နှင့် ယာယီနယ်စပ်ဖြတ်ကျော်လက် မှတ်ကိုင်ဆောင်ထားသူများအတွက် ပိုမိုအဆင်ပြေသွားမည်ဖြစ်သည်။
 
''ဝင်ရောက်ခွင့်နယ်နိမိတ် ပို သွားတာက အလုပ်လုပ်ခွင့်နယ်နိ မိတ် ပိုကျယ်လာတယ်လို့ တစ်ထစ် ချပြောလို့မရသေးဘူး''ဟု မြန်မာ ရွှေ့ပြောင်း လုပ်သားတစ်ဦးက ပြော သည်။
 
''ပြည်ဝင်ခွင့် ဗီဇာနဲ့ ၃ ည အိပ် ၄ ရက်ခရီး၊ ဒါမှမဟုတ် ၅ ညအိပ် ၇ ရက်ခရီး ဒီလိုတော့ စီစဉ်နေတယ်။ ခွင့်ပြုပေးမယ့် ရက် အတိအကျ သတ်မှတ် ဖို့ ဆွေးနွေး နေဆဲပါပဲ''ဟု၎င်းဝန်ကြီးဌာန တာ ဝန်ရှိသူက ပြောသည်။
 
ယခင်က ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် ငြိမ်းချမ်းမှု မရှိခြင်း  ကြောင့်မြဝတီ နယ်စပ်ဂိတ်ပေါက် ဝမှ မြဝတီမြို့တွင်းသာ တစ်ဖက် နိုင်ငံသားများ နေ့ချင်းပြန် ခရီးသာ လူဝင်မှုကြီးကြပ်ရေးနှ င့် ပြည်သူ့ အင်အားဦးစီးဌာနက ခွင့်ပြုခဲ့သည်။
 
''ဒီလိုခွင့်ပြုဖို့ စီစဉ်နေတာက ငြိမ်းချမ်းရေးရဲ့အသီးအပွင့်ကို စပြီး ခံစားရမှုပဲ။ အရင်က အခြေအနေ အကြောင်းကြောင်းတွေကြောင့်ခွင့် မပြုပေးနိုင်ခဲ့ ဘူး''ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
 
ယခုကဲ့သို့ ဧပြီတွင်ထိုင်းဘက် မှ ခရီးသည်များကို ခွင့်ပြုပေးလိုက် မှုကြောင့် ကျိုက်ထီးရိုး၊ ကျိုက်ထို သို့ လာရောက်ချင်ကြသူများ အ နေဖြင့် ယခင်ကထက် မြန်ဆန် သွားခြင်း၊ အချိန်ကုန်၊ လူပန်း သက်သာသွားခြင်းတို့ ခံစားရမည့် အပြင် မြန်မာဘက်ရှိ ထိုဒေသတို့ မှာလည်း ပြည်ပခရီးသွားများ ပိုမို များပြားလာခြင်းကြောင့် ဝင်ငွေတိုး ကာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာမည် ဟု ဝန်ကြီးဌာနမှ သုံးသပ်သည်။
 
ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ''ဒီလိုဖွင့်ပေးရင် ကျိုက် ထီးရိုး ကျိုက်ထို ပိုစည်မှာပေါ့။ အ ရင်က ထိုင်းကနေ ကျိုက်ထီးရိုးဖူး ချင်ရင် ဘန်ကောက်ကိုသွား၊ အဲဒီ ကနေ ရန်ကုန်၊ ရန်ကုန်ကနေ ကျိုက်ထိုဆိုတော့ လာချင်ကြတာ တောင် အကုန်မလာနိုင်ဘူး'' ဟု ပြောသည်။

 မြဝတီနယ်စပ်ဂိတ်မှ ပြည် တွင်း သို့ခရီးသွားယာဉ်တန်းများ၊ ဆိုင်ကယ်ယာဉ်တန်းများဖြင့် သတ် မှတ်ပုံစံအတိုင်း ဝင်ရောက်ခွင့်ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန် ကြီးဌာနမှခွင့်ပြုပေးနေခဲ့သော်လည်း ယခုကဲ့သို့သီးခြားခွင့်ပြုမှုကို လူဝင် မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပထမဦးဆုံး ခွင့်ပြု ပေးခြင်း ဖြစ်သည်။
 
ကျိုက်ထီးရိုးသို့ လာရောက်ဖူး မြော်ကြသည့် နိုင်ငံခြားဧည့်များထဲ တွင် ထိုင်းလူမျိုးမှာ အများဆုံးဖြစ် ပြီး ၇ဝ ရာခိုင်နှုန်းခန့်ရှိသည်ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့မှ သိရ သည်။

PN-051 

Photo AFP

ထိုင်းနိုင်ငံသားများ မြဝတီဂိတ်မှတစ်ဆင့်ဝင်ရောက်ခွင့်ကို မိုင် ၁ဝဝ ကျော်အထိတိုးမြှင့်သွားမည်ဟု လူဝင်မှုကြီးကြပ်ေ ရးနှင့် ပြည် သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောသည်။

သြစတြေးလျ အသင်းနှင့် တစ်အုပ်စုတည်း ကျရောက်နေသည့် မြန်မာ ယူ- ၁၆

သြစတြေးလျ အသင်းနှင့် တစ်အုပ်စုတည်း ကျရောက်နေသည့် မြန်မာ ယူ- ၁၆
=========================================

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၀၁၃ အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲ အုပ်စု(က)တွင် အိမ်ရှင် မြန်မာ အသင်းသည် သြစတြေးလျ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း အသင်း များနှင့် တစ်အုပ်စုတည်း ကျရောက်လျက် ရှိသည်။ အုပ်စု(ခ)တွင်
စင်ကာပူ၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် အသင်းတို့ တစ်အုပ်စုတည်း ကျရောက်လျက် ရှိသည်။ အာဆီယံ ယူ-၁၆ ဘောလုံး ပြိုင်ပွဲတွင် မြန်မာ ယူ-၁၆ လက်ရွေးစင် ဘောလုံး အသင်း သည် ၂၀၀၂၊ ၂၀၀၅ ခုနှစ်များတွင် နှစ်ကြိမ် ဗိုလ်စွဲ ထားဖူးပြီး ၂၀၁၁ ခုနှစ်တွင် တတိယ ရရှိထားသည်။ ဗီယက်နမ် အသင်း မှာ ၂၀၀၆၊ ၂၀၁၀ ခုနှစ်များတွင် နှစ်ကြိမ် ဗိုလ်စွဲထားပြီး သြစတြေးလျ အသင်းမှာ ၂၀၀၈ ခုနှစ်တွင် တစ်ကြိမ် ဗိုလ်စွဲထားသည်။ ၂၀၁၃ အာဆီယံ ယူ-၁၆ ဘောလုံး ပြိုင်ပွဲကို နေပြည်တော်တွင် ကျင်းပ မည် ဖြစ်သော်လည်း ပြိုင်ပွဲရက် အတိအကျအား သတ်မှတ် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။ အဆိုပါ အာဆီယံ ယူ-၁၆ ဘောလုံး ပြိုင်ပွဲသို့ ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၁၆ အသင်းအား ပဏာမ ကစားသမား ၃၅ ဦးဖြင့် ဖွဲ့စည်း ထားပြီး ယခုမတ်လ အကုန်တွင် စတင် စခန်းသွင်း လေ့ကျင့်မည် ဖြစ်သည်။ ပဏာမ ယူ-၁၆ အသင်းတွင် ရွေးချယ် ထားသော ကစားသမားများမှာ ဂိုး - စောဌေး၊ ဝေဦးဇော် (မန္တလေး အကယ် ဒမီ)၊ မြတ်နိုးထွန်း (ရတနာပုံ အကယ်ဒမီ)၊ အောင်ပြည့်ဖြိုး (မကွေးတိုင်း)၊ ဖုန်းသစ္စာမင်း (မြောက်ဒဂုံ ဘောလုံး သင်တန်းကျောင်း)၊ နောက်တန်း - ရဲရင့်ကို၊ ရဲရင့်အောင်၊ စိုးမိုးထွန်း၊ နိုင်ဝင်းထွဋ်၊ ဟိန်းဖြိုးဝင်း(မန္တလေး အကယ်ဒမီ)၊ သက်ဇော်မင်း (ရန်ကုန် ယူနိုက်တက်)၊ ကျော်ဇင်စိုး၊ အောင်ထက်ဇော် (မန္တလေးတိုင်း ဒေသကြီး)၊ ညီရှင်၊ ဥာဏ်လင်းထက် (အကယ်ဒမီ ပုသိမ်)၊ မင်းမြတ်ကျော် (ရန်ကုန် ယူနိုက်တက်)၊ အလယ်တန်း - ကျော်လွင်မိုး၊ နေဦးလွင်၊ သီဟထွန်းကျော်၊ ဥက္ကာဗိုလ်၊ သော်ဒီကို (မန္တလေး အကယ်ဒမီ)၊ ကျော်ဇင်ဦး၊ ဟိန်းထက်၊ စိုးလွင်လွင် (ရတနာပုံ အကယ်ဒမီ)၊ အောင်ဇော်ဖြိုး (အထက ၂၆၊ မန္တလေးတိုင်း)၊ ပြည့်ဖြိုးသူ (မြောက်ဒဂုံ ဘောလုံး သင်တန်းကျောင်း)၊ ခန့်မင်းအိမ်၊ သူရထက် (ရန်ကုန် ယူနိုက်တက်)၊ မင်းသူ (ပုသိမ် အကယ် ဒမီ)၊ ရှေ့တန်း - ဇွဲသက်ပိုင်၊ ရွှေကို၊ မျိုးသက်နောင် (အကယ်ဒမီ မန္တလေး)၊ မိုးမင်းဇော် (ပလိပ် ဘောလုံး သင်တန်းကျောင်း၊ မန္တလေး)၊ အောင်ကောင်းမာန် (ပုသိမ် အကယ်ဒမီ)၊ ကောင်းပြည့် စုံဟိန်း (ရန်ကုန် ယူနိုက်တက်)တို့ ဖြစ်ကာ အထက် မြန်မာပြည်မှ (၂၄)ဦးနှင့် အောက် မြန်မာပြည်မှ (၁၁)ဦး ဖြစ် သည်။

From: mwdsport


မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၀၁၃ အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲ အုပ်စု(က)တွင် အိမ်ရှင် မြန်မာ အသင်းသည် သြစတြေးလျ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း အသင်း များနှင့် တစ်အုပ်စုတည်း ကျရောက်လျက် ရှိသည်။ 
 

တန်ဖိုးနည်းအိမ်ရာ ဈေးနှုန်းများ ပြန်ပြင်မည်



ရန်ကုန်၊မတ်- ၆

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဧရာဝဏ်စီမံကိန်းနှင့် ရတနာအိမ်ရာစီမံကိန်းတို့၏ သတ်မှတ်ထားသော ဈေးနှုန်းများကို ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးကပြောသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဖင်လန်သမ္မတနိုင်ငံ သမ္မတမစ္စတာ Sauli Niinisto တို့ တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ





နေပြည်တော် မတ် ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် မတ်လ (၁) ရက်နေ့ မွန်းလွဲ (၁) နာရီတွင် ဖင်လန်သမ္မတနိုင်ငံ ဟယ်လ်စင်ကီမြို့ရှိ သမ္မတအိမ်တော်တွင် ဖင်လန်သမ္မတနိုင်ငံ သမ္မတမစ္စတာ Sauli Niinisto နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြီး တွေ့ဆုံဆွေးနွေးခဲ့မှုများကို ရှင်းလင်း ပြောကြားခဲ့ကာ မီဒီယာများ ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ ၎င်းရှင်းလင်း ပြောကြားချက် အပြည့် အစုံ မှာ အောက်ပါ အတိုင်းဖြစ်သည်-

ကမ္ဘာ့အမြန်ဆုံးငွေပေးချေမှုစနစ်သုံး မာစတာကတ်များ စတင်အသုံးပြုနိုင်

ကမ္ဘာ့အမြန်ဆုံးငွေပေးချေမှုစနစ်သုံး မာစတာကတ်များ စတင်အသုံးပြုနိုင်
Wednesday, March 6, 2013 

နိုင်ငံတကာတွင် အသုံးပြုနေသော မာစတာကတ်များအား မတ်လပထမအပတ်မှစ၍ POS စက်များတွင် စတင် အသုံးပြုနိုင်ပြီဖစ်သည်။ 

မြန်မာနိုင်ငံတွင် ၄င်းကတ်ဖြင့် ချိတ်ဆက် ဆောင်ရွက် နေသည့် ခရီးသွား
လုပ်ငန်း ၊ ဟိုတယ် လုပ်ငန်း နှင့် ကျောက်မျက်ရတနာလုပ်ငန်း ၂၁ ခု အထိရှိပြီဖြစ်ကြောင်း သိရသည်။ 

“နိုင်ငံတကာကနေ လာရောက်ကြတဲ့ ပြည်ပဧည့်သည်တွေ ငွေကိုင်တဲ့ ဒုက္ခကကင်းဝေစေရန်အတွက် ရည်ရွယ် တာဖြစ်တယ်၊ ငွေပေးချေတဲ့ အခါမှာလည်းအမေရိကန်ဒေါ်လာအပြင် မြန်မာကျပ်ငွေနဲ့လည်း ပေးချေနိုင်တယ်” ဟု CB ဘဏ်ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်ကပြောသည်။ 

မာစတာကတ်မှာ လွန်ခဲ့သောနှစ် စက်တင်ဘာလအတွင်းက ပြည်တွင်းဘဏ်
လုပ်ငန်းတစ်ခုမှ စတင်ကာ အပြည်ပြည် ဆိုင်ရာ ငွေပေးချေမူကွန်ယက်ကို အသုံးပြုရန် ခွန့်ပြုချက်လိုင်စင်ထုတ်ပေးခဲ့ကြောင်းကိုလည်း သိရသည်။ 

မာစတာကတ် တံဆိပ်ပါ ကတ်များကို ထုတ်ဝေခွင့်ကတ် လက်ခံမှုကို  CBဘဏ် မှ စတင်ဆောင်ရွက်ခဲ့သည်။ 

Orchid Hotel၊ Myanmar Book Center၊ Myin Kaung ကျောက်မျက်
လုပ်ငန်းနှင့်မြန်မာ့လက်မှုလုပ်ငန်း၊ Myanmar VES Gem & Jewellery၊ Hotel 7 Miles၊ SeinWin & Brothers၊  GMA Airline နှင့် New Star Jewellery တို့ရှိ POSစက်များ ၌သာ အသုံးပြုနိုင်ကြောင်းကိုလည်း သိရသည်။ 

ဈေးဝယ်ခြင်း၊တည်းခိုခြင်းတို့အတွက် ငွေပေးချေရာတွင် မာစတာကတ်ဖြင့် လက်လီအရောင်းဆိုင်များနှင့် ဟိုတယ်များရှိ POS စက်များတွင် အသုံးပြုနိုင်ပြီး နေပြည်တော်နှင့် မန္တလေးမြို့တို့တွင်လည်း လက်ခံအသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရသည်။ 

မာစတာကတ်သည် တစ်ကမ္ဘာလုံး ငွေပေးချေမူနည်းပညာတွင် အမြန်ဆုံးသောငွေပေးချေသည့် ဘဏ္ဍာရေးကွန်ယက်စနစ်ကို အသုံးပြုထားကြောင်း သိရသည်။ 

မာစတာကတ် နည်းပညာနှင့် စွမ်းဆောင်ချက်များနှင့်အတူ  ဈေးဝယ်ခြင်း၊
ခရီးသွားလာခြင်း၊ စီးမွားရေးကိစ္စ၊ ဘဏ္ဍာရေး၊ စီမံခန့်ခွဲရေးကဲ့သို့သော လုပ်ငန်းများ၌အသုံးပြုနိုင်ကြောင်း သိရသည်။ 

လက်ရှိတွင် မာစတာကတ်အား နိုင်ငံပေါင်း ၂၀၀ ကျော်၌ သုံးစွဲလျက်ရှိသည်။

Myit Makha Mediagroup


 
 
Wednesday, March 6, 2013

နိုင်ငံတကာတွင် အသုံးပြုနေသော မာစတာကတ်များအား မတ်လပထမအပတ်မှစ၍ POS စက်များတွင် စတင် အ သုံးပြုနိုင်ပြီဖစ်သည်။

မြဧရာ ဈေးသဘောင်္မှ ဈေးသည်များ ဦးဆုံးအကြိမ် ကမ်းပေါ်တက်ရောင်းချ

မြဧရာ ဈေးသဘောင်္မှ ဈေးသည်များ ဦးဆုံးအကြိမ် 
ကမ်းပေါ်တက်ရောင်းချ 
Wednesday, March 6, 2013

မြဧရာ ဈေးသဘောင်္သည် ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်း
တွင် မတ်လ ၂ရက်နေ့တွင် ဆိုက်ကပ်ခဲ့ရာ မကြုံစဖူး ကမ်းပေါ်၌
ဈေးသည်များ တက်ရောက် ဈေးရောင်းချခဲ့သည်ကို မတ်လ ၅ရက်
ညနေတွင် တွေ့မြင်ခဲ့ရသည်။

ယင်းသို့ ရောင်းချခဲ့ခြင်းမှာ မြဧရာဈေးသင်္ဘောအားလုပ်ငန်းဆိုင်ရာ
အရှုံးပေါ်နေသောကြောင့် အခြားအဌား လေလံစနစ်သို့ ပြောင်းလဲတော့ မည် တော့မည်ဖြစ်ကြောင်း ဈေးသင်္ဘောပေါ်တွင် ဈေးရောင်းချသူများကို အသိပေးခဲ့သောကြောင့် ယင်း ကိစ္စနှင့်ပတ်သက်၍ ဈေးသူဈေး သားများက မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။

အဆိုပါ မြဧရာဈေးသဘောင်္ကို ၁၉၉၂ခုနှစ် မတ်လ ၁၆ရက်နေ့တွင် ဧရာဝတီမြစ်ရိုးတစ်လျောက်ရှိ မြို့ရွာများ ကုန်စည်စီးဆင်းမှု မြန်ဆန်
စေရေးနှင့် ဒေသဖွံဖြိုးတိုးတက်မှုများ ရစေရန်ရည် ရွယ်ကာ ရန်ကုန်-
မန္တလေး-ရန်ကုန် အစုန်အဆန်သွား ဈေးသင်္ဘောအဖြစ် အကောင်
အထည် ဖော်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - သူရိန်
The Myanma Age

 Wednesday, March 6, 2013

မြဧရာ ဈေးသဘောင်္သည် ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်း တွင် မတ်လ ၂ရက်နေ့တွင် ဆိုက်ကပ်ခဲ့ရာ မကြုံစဖူး ကမ်းပေါ်၌
ဈေးသည် များ တက်ရောက် ဈေးရောင်းချခဲ့သည်ကို မတ်လ ၅ရက် ညနေတွင် တွေ့မြင်ခဲ့ရသည်။

ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ် ကွယ်လွန်

 ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ် ကွယ်လွန်
 ကင်ဆာရောဂါ ခံစားနေရသည့် ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်သည် ဒေသစံတော်ချိန် အင်္ဂါနေ့ (မတ်လ ၅ ရက်) မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်သည်။ အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် သမ္မတချာဗက်ဇ်မှာ အသက် ရှင်ရေးအတွက် အခက်အခဲဆုံး အခြေအနေတွင်ရှိနေကြောင်း ဒုတိယသမ္မတ နီကိုလက်စ် မတ်ဒူရို က ပြည်သူများအား အသိပေးပြောကြားခဲ့သည်။ ထို့နောက် ဗင်နီဇွဲလား စံတော်ချိန် အင်္ဂါနေ့ ညနေ ၄း၂၅ တွင် သမ္မတ ဟူဂိုချာဗက်ဇ် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်းက ထုတ်ပြန်ကြေညာခဲ့သည်။

ပေးဆပ်မှုကြီးမားခဲ့တဲ့ နာနီရဲ့ အနီကဒ်နဲ့ အိမ်ပြန်လှခဲ့တဲ့ ရော်နာဒို # မန်ယူ ၁-၂ ရီးရဲလ်


Wednesday, March 6, 2013

ချန်ပီယံလိဂ် (၁၆) သင်းအဆင့်ရှုံးထွက်ပွဲစဉ်၌ ပရိသတ် စိတ်ဝင်စားမှု အများဆုံးကို ရရှိထားသည့် မန်ချက်စတာ ယူနိုက်တက်နှင့် ရီးရဲလ်တို့၏ ဒုတိယအကျော့ ပွဲကို အင်္ဂလန်နိုင်ငံ အိုးထရတ်ဖို့ဒ် ကွင်းကြီးတွင် ကစားခဲ့ကြသည်။ ယနေ့ပွဲတွင်တော့ အိမ်ရှင် မန်ချက်စတာယူနိုက်တက် အသင်းသည် ဒုတိယပိုင်းအစတွင် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ကွင်းလယ်လူ နာနီ အထုတ်ခံခဲ့ရခြင်းနှင့်အတူ တစ်ယောက်လျော့ အခြေအနေကို ရင်ဆိုင်ခဲ့ရာကာ ရီးရဲလ်အသင်းအား ချေပဂိုးနှင့် အနိုင်ဂိုး ဆက် တိုက် ပေးခဲ့ရပြီး အရှုံးပေးခဲ့ရသည်။ မန်ယူအတွက် ဦးဆောင်ဂိုးကို နာနီ၏ ဖန်တီးမှုမှတဆင့် ရာမို့စ်က ကိုယ့်ဂိုး ကိုယ် သွင်းယူမိခဲ့ခြင်း ဖြစ်ပြီး ရီးရဲလ်အသင်းအတွက် ဂိုးများကိုတော့ မိုဒရစ်နှင့် ရော်နာဒို တို့က သွင်း ယူပေးခဲ့ကြကာ ဧည့်သည် အသင်း ၂-၁ ဖြင့် အနိုင် ရရှိခဲ့သည်။

Tuesday, 5 March 2013

သင်္ဃန်းကျွန်းမြို့နယ်အတွင်း အမျိုးသားတစ်ဦး လက်ကိုက်ခဲ၍ ဆေးခန်းပြရာမှ ဆေးထိုးပြီး ၁၀ မိနစ်ခန့် အကြာတွင် သေဆုံးခဲ့မှုအပေါ် သက်ဆိုင်ရာမှ စစ်ဆေးနေဆဲဖြစ်

သင်္ဃန်းကျွန်း မြို့နယ်အတွင်း ပုဂ္ဂလိက ဆေးခန်းတစ်ခုတွင် အမျိုးသားတစ်ဦး လက်မောင်းကိုက်ခဲ ၍ ဆေး ခန်းပြရာမှ ဆေးထိုးပြီး ၁၀ မိနစ်ခန့် အကြာတွင် သေဆုံးခဲ့မှုအပေါ် စစ်ဆေးနေဆဲဖြစ်ကြောင်း သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ မှုခင်းဆရာဝန်က ပြောသည်။

Samsung Galaxy S4 လာတော့မယ်

Samsung Galaxy S4 လာတော့မယ်
Tuesday, March 5, 2013

Samsung ကုမ္မဏီက သူတို့ရဲ့ နောက်ဆုံးထွက်ရှိလာမယ့် Galaxy S 4 ကြော်ငြာကို အင်တာနက် Youtube မှာ တင်ပြီးတော့ လာမယ့် ၁၄ ရက်နေ့ မှာ ပရိသတ်နဲ့  စတင် မိတ်ဆက်ပွဲပြုလုပ်မယ်လို့ ကြေညာလိုက်ပါပြီ။

Samsung ဟာ ပြီးခဲ့တဲ့လတုန်းက နာမည်ကြီး နည်းပညာဝက်ဆိုဒ် ၊ မဂဇင်း အယ်ဒီတာတွေကို ဖိတ်ကြားစာတွေ ပေးပို့ခဲ့ပြီး "Be Ready 4 the Next Galaxy." ဆိုတဲ့ စာသားပါတဲ့ ဗူးလေးတွေကို ပေးပို့ခဲ့ပါတယ်။

အသစ်ထွက်မယ့် မျိုးဆက်သစ် ဂလက်ဆီဖုန်းတွေကို နယူးယောက်မှာ သီးသန့်မိတ်ဆက်ပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဘယ်လိုနည်းပညာအသစ်တွေ ပါမလဲဆမ်ဆောင်းက ထွက်ရှိမယ့် မျိုးဆက်သစ် Galaxy S 4 မှာ eye-tracking software လို့ ခေါ်တဲ့
နည်းပညာ အသစ် ပါဝင်လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

နယူးယောက် တိုင်းမ် သတင်းစာကတော့ ဒီဖုန်းဟာ အသုံးပြုသူရဲ့ မျက်လုံးစေစားရာကိုကြည့်ပြီး အလိုအလျောက် အလုပ်လုပ်ပေးနိုင်လိမ့်
မယ်လို့ ဆိုပါတယ်။ဥပမာပြောရရင်တော့ အသုံးပြုသူတစ်ယောက်က စာဖတ်နေတုန်း အောက်ဆုံးနားရောက်သွားရင် ၊ လက်နဲ့  နှိပ်စရာ မလိုဘဲနဲ့  eye-tracking software ကနေပြီး သူ့ အလိုလို အောက်ဘက် ရွေ့သွား
တာမျိုး၊ နောက်စာမျက်နာတခုကို ရောက်သွားတာမျိုး ဖြစ်ပါတယ်။

ဒီနည်းပညာတွေနဲ့ ပတ်သက်ပြီးတော့လည်း Samsung ဟာ အမေရိကမှာ မူပိုင်ခွင့် ပြုလုပ်ပြီးကြောင်း သတင်းထွက်နေပါတယ်။

ဒါကြောင့် Samsung ဟာ သူ့ရဲ့နည်းပညာသစ်တွေဖြစ်တဲ့ "Samsung Eye Scroll" and "Eye Pause" တို့ကို Galaxy S 4 မှာ ထည့်သွင်းဖွယ်ရှိကြောင်း သိရပါတယ်။

ပါဝင်နိုင်မယ့် နည်းပညာများ
1.eight-core Exynos processor, a separate eight-core graphics processing unit
2.4.99-inch Super Amoled display, 2GB of RAM
3. 13-megapixel rear camera with 1080p video capability, a 2-megapixel front-facing camera
4. the latest version of Android, known as 4.2.2 Jelly Bean.

ဆမ်ဆောင်းရဲ့Galaxy S 4 ကြော်ငြာကို ကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါ လင့်မှာ ကြည့်ရှုနိုင်ပါတယ်။

http://www.youtube.com/watch?feature=player_embedded&v=dIEfNaNCkKM

http://blog.irrawaddy.org/2013/03/samsung-galaxy-s4.html#sthash.uXhDSPpT.dpuf
 
 
Tuesday, March 5, 2013

Samsung ကုမ္မဏီက သူတို့ရဲ့ နောက်ဆုံးထွက်ရှိလာမယ့် Galaxy S 4 ကြော်ငြာကို အင်တာနက် Youtube မှာ တင်ပြီးတော့ လာမယ့် ၁၄ ရက်နေ့ မှာ ပရိသတ်နဲ့  စတင် မိတ်ဆက်ပွဲပြုလုပ်မယ်လို့ ကြေညာလိုက်ပါပြီ။

တောင်ဥက္ကလာ ၄ ရပ်ကွက်တွင် ပုတ်ပ္ပွနေသည့် အမျိုးသမီး ရုပ်အလောင်းတွေ့ရှိ



ရန်ကုန်၊ မတ် ၎

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊(၄)ရပ်ကွက် ကေတုမာလာ (၄) လမ်းထိပ်ရှိ ငမိုးရိပ်ချောင်းလက်တက်
ရေပေါက်ကြည့် ချောင်းအတွင်း ပုတ်ပ္ပွနေသည့် အမျိုးသမီးရုပ်အလောင်း တစ်ခုကို မတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခွဲ ခန့်က တွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုးရုံးထံမှ စုံးစမ်းသိရှိရသည်။

UN ဌာနေ ကိုယ်စားလှယ် စစ်တွေမြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်


Tuesday, March 5, 2013

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် မစ္စတာ အာရွှတ် နီဂမ် (Mr. Ashok Nigam) ဦးဆောင်သည့် အဖွဲ့သည် ရခိုင်ပြည်နယ်တွင် လေ့လာပြီးနောက် ယမန်နေ့က စစ်တွေဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကြောင်း သိရသည်။

အခွန်ကောက်ခံခြင်းနှင့် နိုင်ငံသား မှတ်ပုံတင် ကိစ္စရပ်များကို အီးစနစ်ဖြင့် ဆောင်ရွက်တော့မည်



တစ်နိုင်ငံလုံးဆိုင်ရာ အခွန်ကောက်ခံခြင်း၊ နိုင်ငံသား မှတ်ပုံတင် ကိစ္စရပ်များကို နည်းပညာအခြေခံသည့် အီလက်ထရောနစ် စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးဥာဏ် ထွန်းဦး က ပြောကြားသည်။ 

မြောက်ကိုရီးယား ခေါင်းဆောင် အမေရိကန် သမ္မတ၏ ဖုန်းခေါ်ဆိုမှုကို မျှော်လင့်နေ


 
Tuesday, March 5, 2013

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် စစ်ပွဲကို အလိုရှိသူ မဟုတ်ကြောင်း ၎င်း အလိုရှိသည်မှာ အမေရိကန် သမ္မတ အိုဘားမား ထံမှ ဖုန်းခေါ်မှုသာ ဖြစ်ကြောင်း NBA ချန်ပီယံ ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဒန်းနစ်ရော့ဒ်မန်းက ကင်ဂျုံအွန်ဘက်မှ ခုခံ ကာကွယ် ပြောကြား ထားသည်။

ပိုက်ဆံမရှိသော်လည်း လှူဒါန်းနိုင်သော အလှူ (၇) မျိုး



အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ “အကျွန်ုပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင် မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။

မြောက်အမေရိက ဒေသအတွင်း ဖြစ်ပွားခဲ့သော ထူးခြား ဖြစ်စဉ်များ

မြောက်အမေရိက ဒေသအတွင်း ဖြစ်ပွားခဲ့သော ထူးခြား ဖြစ်စဉ်များ

အမေရိကန် နိုင်ငံ။ ၂ဝ၁၂ ခုနှစ်အတွင်းအမေရိကန် နိုင်ငံ၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

ADSL အင်တာနက် အသုံးပြုခများကို Ypay ဖြင့် အွန်လိုင်းတွင် ဘီလ်ဆောင်နိုင်မည်



ရတနာပုံ တယ်လီပို့၏ ADSL အင်တာနက် အသုံးပြုခ လစဉ်ကြေးများကို အွန်လိုင်းတွင် Ypay စနစ်ဖြင့် ဘီလ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိပြီး မတ်လအတွင်း မိတ်ဆက်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့၏ Joint Venture  အဖြစ် ဆောင်    ရွက်နေသော Creative Web Studio မှ သတင်းရရှိသည်။

စိုင်းနော်ခမ်းကို ဘယ်လို သေဒဏ်ပေးခဲ့သလဲ

 

စိုင်းနော်ခမ်းကို သေဒဏ်စီရင်တဲ့ Lethal injection ပုံစံကို နိုင်ငံတော်တော်များများ အသုံးပြုကြပါတယ်။

HIV ကုနိုင်မယ့် လမ်းစတွေ့

HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံ နေရတဲ့ မွေးကင်းစ မိန်းကလေး ငယ် တဦးရဲ့ ကိုယ်ခန္ဒာမှာ ရောဂါပိုး အမြစ်ပြတ် သွားတဲ့ ပုံမျိုး ဖြစ်နေ တာနဲ့ ပတ်သက် တဲ့ အချက် အလက် အသေး စိတ်ကို အမေရိကန် ဆေးပညာရှင်   တွေက ထုတ်ပြန် လိုက်ပါတယ်။