Tuesday 5 March 2013

တောင်ဥက္ကလာ ၄ ရပ်ကွက်တွင် ပုတ်ပ္ပွနေသည့် အမျိုးသမီး ရုပ်အလောင်းတွေ့ရှိ



ရန်ကုန်၊ မတ် ၎

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊(၄)ရပ်ကွက် ကေတုမာလာ (၄) လမ်းထိပ်ရှိ ငမိုးရိပ်ချောင်းလက်တက်
ရေပေါက်ကြည့် ချောင်းအတွင်း ပုတ်ပ္ပွနေသည့် အမျိုးသမီးရုပ်အလောင်း တစ်ခုကို မတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခွဲ ခန့်က တွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုးရုံးထံမှ စုံးစမ်းသိရှိရသည်။
အဆိုပါရုပ်အလောင်းကိုပက်လက်အနေအထားဖြင့် ချောင်းအစပ်ရှိ လမုပင်၊ ခရာပင်များကြား နှုံးများပေါ်တွင် တွေ့ရှိခဲ့ပြီး ဆံပင်များကျွတ်၍ ဦးခေါင်းမှ ဦးရေပြားများမရှိတော့ဘဲ၊ မျက်နှာမှာပုတ်ပွကာရုပ်ပျက်နေပြီး၊ အတွင်းခံအင်္ကျီအဖြူရောင်နှင့် အနီရောင်ဘောင်း ဘီတိုတို့ဖြင်တွေ့ရှိကာ အရပ်မှာ ၄ ပေ ၃ လက်မ ခန့် ရှိပြီး အသက်အရွယ်ကိုခန့်မှန်း၍ မ ရကြောင်း တောင်ဥက္ကလာပရဲစခန်းထံမှ စုံးစမ်းသိရှိရသည်။

အသက်အရွယ်မှာ အလောင်း၏ အရွယ်နှင့် ရင်သားများကိုခန့်မှန်း၍ အပျိုပေါက် ၁၄ နှစ်အရွယ်ခန့် ဟုခန့်မှန်းကြောင်း အလာင်းကို မျက်မြင်တွေ့ရှိသည့်အဆိုပါလမ်းအတွင်းနေထိုင်သူများ၏ ပြောကြားချက်အရသိရသည်၊
 
ref:thevoice

No comments:

Post a Comment