Tuesday 5 March 2013

မြောက်အမေရိက ဒေသအတွင်း ဖြစ်ပွားခဲ့သော ထူးခြား ဖြစ်စဉ်များ

မြောက်အမေရိက ဒေသအတွင်း ဖြစ်ပွားခဲ့သော ထူးခြား ဖြစ်စဉ်များ

အမေရိကန် နိုင်ငံ။ ၂ဝ၁၂ ခုနှစ်အတွင်းအမေရိကန် နိုင်ငံ၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

၂၄-၁-၂ဝ၁၂ ရက်။ ဂျပန်နှင့် အမေရိကန် တပ်ဖွဲ့ဝင် တို့သည် သမ္မတ အိုဘားမား၏  ကာကွယ်ရေး မဟာ ဗျူဟာ လမ်းညွှန်ချက် သစ်တွင် အကြမ်းဖျင်း ဖော်ပြထားသည့် အတိုင်း ဂျပန်နိုင်ငံ Yokoto ဒေသတွင် " Keen Edge 12 " ဟု အမည် ပေးထားသည့် ၂ နှစ်တစ်ကြိမ် ပြုလုပ်သော ကွပ်ကဲမှု ဆိုင်ရာ လေ့ကျင့်ခန်း အား ပြုလုပ်သည်။
၁၂-၈-၂ဝ၁၂ ရက်။ အမေရိကန်၊ တောင်ကိုရီးယား၊ အိန္ဒိယ ၊ ကနေဒါ၊ နယူးဇီလန်၊ သြစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီ နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ တပ်ဖွဲ့ဝင် ၁ဝဝဝ ကျော် ပါဝင်သော (၁ဝ)ကြိမ်မြောက် နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု စစ်ရေး လေ့ကျင့်ခန်း '' Khaan Quest-2012 '' ကို မွန်ဂိုလီးယား နိုင်ငံမြို့တော် Ulan Bator ၏ အနောက်တောင်ဘက် ၅ဝ ကီလိုမီတာ အကွာရှိ Five Hills လေ့ကျင့်ရေး ကွင်းတွင် ပြုလုပ်သည်။
၁၂-၉-၂ဝ၁၂ ရက်။ အမေရိကန် နိုင်ငံသည် လစ်ဗျားနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ္စတိုဖာ စတီဗင်နှင့် အခြား အမေရိကန် တာဝန်ရှိသူ ၃ ဦး သေဆုံး ခဲ့ပြီး နောက်တွင် အကြမ်းဖက်မှု တိုက် ဖျက်ရေး ရေတပ်ဖွဲ့ တစ်ဖွဲ့အား လစ်ဗျား နိုင်ငံသို့ စေလွှတ်သည်။
၁၆-၉-၂ဝ၁၂ ရက်။ အမေရိကန် ရေတပ်သည် ဒေသတွင်း၌ ဖြန့်ကြက်ထားသည့် ဗြိတိန်၊ ပြင်သစ်၊ ဆော်ဒီ အာရေဗျနှင့် ယူအေအီး နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ စစ်သင်္ဘော များနှင့်အတူ ပါရှန် ပင်လယ်ကွေ့ တွင် ၂ ရက်ကြာ ရေတပ်စစ်ရေး လေ့ကျင့်ခန်း တစ်ရပ် ပြုလုပ်သည်။
၁၇-၉-၂ဝ၁၂ ရက်။ အမေရိကန် နိုင်ငံမှ ဒုံးပျံတင်ဖျက် သင်္ဘော တစ်စီးနှင့် တရုတ် နိုင်ငံမှ ဒုံးပျံတင် ဖရီးဂိတ် စစ်သင်္ဘော တစ်စီးတို့သည် ပင်လယ် ဓားပြမှု နှိမ်နင်းရေး ဆိုင်ရာ ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တစ်ရပ်အား ဧဒင် ပင်လယ်ကွေ့တွင် ၅နာရီကြာ ပြုလုပ်သည်။
၁၃-၁ဝ-၂ဝ၁၂ ရက်။ အမေရိကန် ရေတပ်မှ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ဖြစ်သည့် Los Angeles အတန်းအစား အမြန်သွား တိုက်ခိုက်ရေး ရေငုပ်သင်္ဘော Montpelier နှင့် Aegis အတန်းအစား ဒုံးပျံတင် ခရူဇာ သင်္ဘော San Jacinto တို့သည် အမေရိကန် အရှေ့ဘက် ကမ်းလွန်တွင် ပုံမှန် လေ့ကျင့်မှု တစ်ရပ် ပြုလုပ်စဉ် အတွင်း တိုက်မိသည်။
၂၂-၁၁-၂ဝ၁၂ ရက်။ လော့ခ်ဟိဒ်မာတင် ကုမ္ပဏီသည် ဒေါင်လိုက် အတက်အဆင်း ပြုလုပ် နိုင်သော (STOVL) F-35 B တိုက်လေယာဉ် ၃ စင်းကို အမေရိကန် မရိန်း တပ်ဖွဲ့၏ Yuma လေတပ် အခြေစိုက် စခန်း သို့ တရားဝင် လွှဲပြောင်းပေးသည်။
၁၂-၁၂-၂ဝ၁၂ ရက်။ အမေရိကန် နိုင်ငံသည် ဆီးရီးယား နိုင်ငံ၏ နယ်စပ် ဒေသတွင် ဖြစ်ပေါ် နေသော အကြမ်း ဖက်မှုများ ပျံ့နှံ့ လာမှုနှင့် ပတ်သက်၍ ကိုင်တွယ် ဖြေရှင်းရန် ကြိုးပမ်းသည့် အနေဖြင့် လက် ဘနွန် လေတပ်သို့ Huey 2 စစ်ဘက်သုံး ရဟတ်ယာဉ် ၆ စင်းလွှဲပြောင်း ပေးသည်။
၁၈-၁၂-၂ဝ၁၂ ရက်။ အမေရိကန် နိုင်ငံ အနေဖြင့် နှစ်စဉ် လုံခြုံရေး ဆိုင်ရာ ထောက်ပံ့ ကူညီမှု အဖြစ် အမေရိကန် ဒေါ်လာ ၂ ဘီလီယံခန့် ထောက်ပံ့ပေးလျက် ရှိရာ အာဖဂန် နစ္စတန် နိုင်ငံနှင့် နယ်စပ် ဒေသတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေး များတွင် ပါဝင် ဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင် ၁၄ဝ,ဝဝဝ ခန့် တပ်ဖြန့် ချထားမှု၏ ကုန်ကျစရိတ် အဖြစ် ပါကစ္စတန် နိုင်ငံအား အမေရိကန် ဒေါ်လာ ၆၈၈ သန်းပေး အပ်သည်။
၂ဝ-၁၂-၂ဝ၁၂ ရက်။ အမေရိကန် နိုင်ငံသည် အီရတ်ကမ်းလွန် ရေနံတွင်း များနှင့် ပင်လယ်ပြင် အတွင်း ကင်းလှည့် ရေယာဉ်နှင့် အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်များ အား ထောက်ပံ့ ပေးနိုင်ပြီး လုံခြုံရေး တပ်ဖွဲ့များ၏ လှုပ်ရှား ဆောင်ရွက်မှု ကိုလည်း အထောက်အကူ ဖြစ်စေမည့် အလျား ၆ဝ မီတာ (၂ဝဝ ပေ) အရှည်ရှိသော ထောက်ပံ့ရေး သင်္ဘော ၂ စီးကို အီရတ် နိုင်ငံသို့ လွှဲပြောင်းပေးသည်။


ref:မြ၀တီ

No comments:

Post a Comment