Monday, 15 October 2012

သမ္မတ ဦးသိန်းစိန်မှ တိုင်းရင်းသားများ ပြန်လည် ရင်ကြား စေ့ရေးနှင့် စည်းလုံး ညီညွတ်ရေး အခြား တိုင်းရင်းသား ပါတီများနှင့် နိုင်ငံရေး ပါတီများကို အားပေး

Monday, 15 October 2012


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင် ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပထမအကြိမ် ပါတီညီလာခံသို့ တက်ရောက် လာသော တိုင်းရင်းသား ပါတီ ကိုယ်စားလှယ်အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစဉ်။

မျှော်စင်ကျွန်းတွင် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပမည်

Monday, 15 October 2012


မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူး၍ Gandamar Wholesale မှ အဓိကပံ့ပိုးကူညီ ကာ တောင်ကလေး ရိုးရာလက်ဝှေ့အသင်း၊ ရတနာစံတော် ကုမ္ပဏီနှင့် မြန်မာမီဒီယာဂရု(ပ်) တို့ပူး ပေါင်း စီစဉ်သည့် ''လက်ခုပ်သံညံမစဲ မျှော်စင်ကျွန်းမှ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ'' ကို အောက်တိုဘာ ၂၅ ရက် ညနေ ၆ နာရီတွင် ကရဝိက်ဥယျာဉ်မျှော်စင်ကျွန်း ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်

ကျောက်ဖြူထောင်မှူး ဘင်္ဂလီအကျဉ်းသားတစ်ဦးနှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေ

ကျောက်နီမော်ကျေးရွာရှိ စရဖရုံးအားဖျက်ဆီးမှုနှင့် ထောင်ဒဏ်(၁၄)နှစ်ကျခံနေရသောအကျဉ်းသား ထွန်းဝင်း(ခေါ်)ဂျော်မာ လာဒိန် အသက်-၃၉န
နှစ် အဘ-သန်းအောင် သည် ထောင်မှူး တင်စိုးနှင့် ပူးပေါင်း    ကာ ထောင်
ပြင်ပတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တွင် လေသံမဟိန်းဟောက်နိုင်တော့သည့် တရုတ်

 

တရုတ်နယ်စပ်မြို့ ဖြစ်သော ရွှေလီရှိ Everything is good ကျောက်စိမ်းကုမ္ပဏီ အရောင်းပြခန်းတွင် လာရောက်သော ဧည့်သည်များသည် ပြထား သော အရာများထဲမှ အမဲရောင် ကျောက်တုံး တစ်ခုကို အာရုံ ကျ နေကြသည်။ တစ်ဖက်တွင် အနည်းငယ် လှီးပြထားရာ အတွင်းမှ အစိမ်းရောင် နှင့် ခရမ်း ရောင် ကို မြင်နေရပြီး ၄င်းသည် အမှန်တကယ် တန်ဖိုးရှိကြောင်း ပြသနေပါသည်။ ၄င်းသည် မြန်မာနိုင်ငံမှ အရည် အသွေး မြင့်မားသော ကျောက်စိမ်းဖြစ်ပြီး နားလည်သော တရုတ် ဖောက်သညများက ကမ္ဘာပေါ်တွင် အကောင်းဆုံးဟု ဆိုကြပြီး တန်ဖိုးကိုလည်း ဒေါ်လာ (၁.၂)သန်းဟု ကပ်ထားပါသည်။

ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ရခဲ့သည့် စုပေါင်းရုံးနှင့် ပြတိုက်အဖြစ် ပြောင်းလဲ မည့် တရားလွှတ်တော်ရုံးတို့အား မူလရုံးများအတိုင်း ဆက်လက်ထားရှိရေး ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်ရရှိ


ရှေးဟောင်း အဆောက်အအုံများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးနှင့် ရန်ကုန်တိုင်း တရားရုံး (စုပေါင်းရုံး) တို့အား ပြတိုက်နှင့် ဟိုတယ်အဖြစ် ဆောက်လုပ်မည့် စီမံကိန်းများအား ရပ်ဆိုင်းပေး ရန် နိုင်ငံတော်သမ္မတ၊ လွှတ်တော်သုံးရပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများထံ တင်ပြထားသော်လည်း လက်ရှိ ကာလအထိ စီမံကိန်း ရပ်ဆိုင်းနိုင်သည့် အခြေအနေမရှိသဖြင့် ရှေ့နေအင်အား ၁၀၀ ကျော်ဖြင့် အောက်တို ဘာလ ၁၇ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်ရရှိ ခဲ့ကြောင်း ရှေ့နေ များကွန်ရက်မှ လုပ်ငန်းကော် မတီဝင်ဦးစိုးတင့်ရီက အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြောပါသည်။

သြစတီးယန်းနိုင်ငံသား စွန့်စားသူ ဘွမ်ဂါ့တ်နာ အာကာသတွင်းမှ မြေပြင်ပေါ် သို့ အလွတ်ခုန်ချပြီး ကမ္ဘာ့စံချိန်သစ်တင်

အမြင့်ပေ ၁၂၈၀၉၇ အရောက်တွင် ချိတ်ဆက်အခန်းငယ်မှ ခုန်ချလိုက်စဉ်
 


 သြစတီးယန်းနိုင်ငံသား စွန့်စားသူ ဖီးလစ်ဘွမ်ဂါ့တ်နာသည် အာကာသတွင်းမှ မြေပြင်သို့ အလွတ်ခုန်ချမှု ကမ္ဘာ့စံချိန်သစ်တင်နိုင်ရေးအတွက် အောက်တိုဘာလ ၁၄ ရက် နေ့တွင် ဒုတိယအကြိမ်မြောက် ကြိုးပမ်း မှု အောင်မြင်ခဲ့သည်။

US military officials arrive in Myanmar

A delegation of three dozen US military and civilian officials began arriving in Myanmar at the weekend, in Washington’s most comprehensive push yet to engage with Myanmar’s military and government.
The US trip highlights a growing debate, in Europe and in other western countries, over greater engagement with the military, which has ruled the country with an iron fist for decades and been subject to western sanctions.The US maintained military attachés in Myanmar – even in the years when it imposed sanctions. However, the participation of senior US military officers such as Lt Gen Francis Wiercinski, head of the US Army’s Pacific command, in this week’s visit reflects the growing view in Washington that the support of Myanmar’s military is essential to any lasting reforms, or peace agreements with ethnic minorities.

(KNU) ခေါင်းဆောင် စောဒေးဗစ်ထော ကွယ်လွန်

ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် စောဒေးဗစ်ထောသည် ယနေ့ည ၁၀ နာရီ မိနစ် ၄၀ခန့်တွင် မင်္ဂလာဒုံစစ်ဆေးရုံ၌ ကွယ်လွန်သွားပြီးကြောင်း The Voice Weekly သတင်းရင်းမြစ်များ က ပြောကြားသည်။

Sunday, 14 October 2012

ကေအင်ယူ ခေါင်းဆောင်ကို ၀န်ကြီးတွေ တွေ့ဆုံအားပေး

 ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ အဆုပ်ရောဂါနဲ့ တက်ရောက်ကုသနေတဲ့ KNU ခေါင်းဆောင်တစ်ဦးဖြစ်သူ ဖဒိုစောဒေးဗစ်ထောနဲ့ မိသားစုကို ပြည်ထောင်စုအစိုးရ ဝန်ကြီးသုံးဦး ဒီ ကနေ့  ညနေပိုင်းက သွားရောက်တွေ့ဆုံအားပေးခဲ့ကြပါတယ်။

စက်သုံးဆီဆိုင်များရှိ လီတာပန့်များ၏ တစ်ဂါလန်အမှန်ဆီထွက်နှုန်းအားကို ၄ ဒသမ ၅၄၆လီတာ အဖြစ် စံသတ်မှတ်ပြီး တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ရောင်းချရန် စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်

 
 
စက်သုံးဆီအရောင်းဆိုင်များ ရှိ လီတာပန့်များ၏ တစ်ဂါလန် အမှန်ဆီထွက်နှုန်းအား  ကို ၄ ဒသမ ၅၄၆ လီတာအဖြစ်စံနှုန်းသတ်မှတ်ပြီးတစ်နိုင်ငံလုံးတစ်ပြေးညီသတ်မှတ်ရောင်းချရန်စွမ်းအင်ဝန်ကြီးဌာနမှ အောက်တို ဘာ လ ၁၁ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ဟံသာဝတီ လေဆိပ် တည်ဆောက်ရေးလုပ်ငန်း အပါအဝင် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် စီမံကိန်းများ၌ နည်းပညာနှင့် ငွေကြေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် ဂျာမနီနိုင်ငံက ဆန္ဒရှိနေ

 ဂျာမနီနိုင်ငံသည် ဟံသာဝတီ လေဆိပ်တည်ဆောက်ရေး လုပ်ငန်းအပါအ၀င် ပို့ဆောင်ရေးဝန်ကြီး ဌာနမှ အကောင် အထည်ဖော်ဆောင် ရွက်နေသည့် စီမံကိန်းများအတွက် နည်းပညာနှင့် ငွေကြေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်သွားရန် ဆန္ဒရှိနေကြောင်း ဂျာမနီနိုင်ငံ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Dr.Ka-rl Brauner က ပြောကြားခဲ့ကြောင်း သိရသည်။

ကလေးတွင် ဘင်္ဂါလီ(၁၆)ဦး ထပ်မံ ဖမ်းဆီးရမိ



စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့တွင် နယ်စပ် ဖြတ်ကျော်လမ်းများမှတရား မဝင် ခိုးဝင် လာသော ဘင်္ဂါ လီ လူမျိုး(၁၆)ဦးအား အောက်တိုဘာလ (၁၄) ရက်နေ့တွင် ထပ်မံ ဖမ်းဆီး ရမိခဲ့ကြောင်း ကေ လးမြို့နယ် ရဲစခန်းမှ အတည်ပြု ပြောကြားချက် အရ သိရသည်။

စိန်နှင့် ခဲနက် များဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာမြေထက် နှစ်ဆ ပိုကြီးသော ဂြိုဟ်ကြီး တစ်လုံး တွေ့ရှိ

 
 
 
ကမ္ဘာကြီး၏ အရွယ်အစားထက် နှစ်ဆခန့် ပိုမိုကြီးမားပြီး အလင်းနှစ် ၄ဝ ခန့် အကွာအဝေးတွင် တည်ရှိ သည့် စိန်နှင့် ခဲနက်များဖြင့် ဖွဲ့စည်းထားသော ဂြိုဟ်ကြီး တစ်လုံးကို နက္ခတ္တဗေဒ ပညာရှင်များက ရှာဖွေ တွေ့ရှိခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်တွင် အောက်တိုဘာ ၁၂ ရက်က ဖော်ပြခဲ့သည်။

မြန်မာ့ကြွေးမြီ အမေရိကန်ဒေါ်လာ ခြောက်ဘီလျံကျော်အနက် အများစုကို နောက်နှစ်မှ စတင်ပြီး ဂျပန်လျှော်ပစ်မည်

ဂျပန်နိုင်ငံအနေဖြင့် မြန်မာ့ကြွေးမြီ အမေရိကန်ဒေါ်လာ ခြောက်ဘီလျံကျော်အနက် အများစု   ကို နောက်နှ စ် ဇန်န  ၀ါရီလတွင် စတင်လျော်ပစ်မည်   ဖြစ်ကြောင်းနှ င့် မြန်မာနိုင်ငံသို့ ချေးငွေသစ် များ ပြန်လည်စတင် သွားမည်ဖြစ်ကြောင်း ဂျပန်ဘဏ္ဍာရေး ၀န်ကြီးကိုရီကီဂျိုဂျီမာကအောက်တိုဘာလ ၁၁ ရက်နေ့  တွင် ပြောကြား  ခဲ့သည်။

ဒီမိုကရေစီစနစ်အား အများက သာပိုင်ကြောင်း ဦးရွှေမန်းဆို

http://sphotos-b.ak.fbcdn.net/hphotos-ak-ash4/420554_547386458610487_1923853257_n.jpg
 ဒီမိုကရေစီစနစ်သည် အများကြိုက်ကြသော စနစ်ဖြစ်သကဲ့သို့ ၊ အများက သာပိုင်ခြင်းေ ကြာင်း ပြည်ေ ထာင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဌ ဖြစ်သည့်သူရဦးရွှေမန်းကယနေ့ကျင်းပေ သာ ပြည်ခိုင်ဖြိုး ပါတီဗဟိုညီလာခံတွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်

၁။ မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရဟန်းသံဃာများ အပါအဝင် ပြည်သူအများက ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။

၂။ နိုင်ငံအချင်းချင်း(သို့မဟုတ်) နိုင်ငံအများနှင့် ပူးပေါင်းဆောင်ရွက်သည့် နားလည်မှုစာချွန်လွှာ လက်မှန်ရေးထိုးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

ပြစ်မှုနှင့် ပြစ်ဒဏ်မျှတစေလို


 

ပြစ်မှုကျူးလွန်သူများကို အရေးယူနိုင်ရန်ရာဇသတ်ကြီး ခေါ် ပြစ်မှုဥပဒေ အပြင်၊ ပြစ်ဒဏ်ပေးနိုင် ရန်   ပြဋ္ဌာ      န်းေ  သာ အထူး ဥပဒေများပါဝင်ကြပါသည်။

နိုင်ငံတော်က ပြဋ္ဌာန်းထားသော ပြစ်မှုဥပဒေများကို မည်သူမဆို ကျူးလွန်ပါက သက်ဆိုင်ရာ ဥပဒေပါ ပုဒ်မတို့အရ အရေးယူ ကြရပါသည်။

ဂျပန်ပြည်တွင်းရှိ ကားကုမ္ပဏီပေါင်း ၂၀၀ ဖြင့်ဖွဲ့စည်းထားသည့် JUMVEAအဖွဲ့အစည်းမှကားနှင့်ဆက်စပ်ပစ္စည်းများတင်သွင်းမည်



ဂျပန်ပြည်တွင်းရှိ ကားကုမ္မဏီပေါင်း ၂၀၀ဖြင့် ဖွဲ့စည်းထား သည့် အဖွဲ့အစည်းမှ ကားနှင့် ဆပ်စပ်ပစ္စည်း များ ကို တင်သွင်း သွားမည်ဖြစ်ကြောင်း အောက်တို ဘာလ (၁၀)ရက်နေ့က ယုဇန ဟိုတယ်တွင်   ပြုလုပ်ေ သာ ဂျပန် နိုင်ငံနှင့် မြန်မာနိုင်ငံရှိ ကားလုပ် ငန်းရှင်များ စိတ်ဝင်စားသူများ လွတ်လပ် စွာ တွေ့ဆုံေ ဆွးနွေးပွဲ တွင် JUMVEA အဖွဲ့မှ မန်းနေ ဂျင်းဒါရိုက်တာMr.SATO  က ပြောသည်။

အမေရိကန် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲတွင် မြန်မာပြည်မှ အောင်လက ပြိုင်ဘက်အား အလဲထိုး

 
 
အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း ဒီလာဝယ်ပြည်နယ်၌ ပထမဦးဆုံး အကြိမ် အဖြစ် ကျင်းပသည့် ကိုယ်ခံ ပညာေ ပါင်းစုံတိုက်ခိုက်ရေး (Mixed Martial Arts) ပြိုင်ပွဲ၊ တစ်နည်းအား ဖြင့် Cage Fury Fighting Championship (CFFC) ဟုခေါ်သော ပြိုင်ပွဲတွင် မြန်မာပြည်ဖွား ကချင်တိုင်းရင်း သား အောင်လ အင်ဆန်းက အိုင်အိုဝါပြည်နယ်မှ ပြိုင်ဘက်အား လျင်မြန်စွာ အလဲထိုးအနိုင်ယူခဲ့သည်။

KNU အတွင်း ပြေလည်မှု ရရှိ




KNU  ဗဟိုကော်မတီဝင်များ။  လာမည့် ၂၂ ရက်နေ့တွင် ဗဟိုကော်မတီ အစည်းအဝေး စတင်ကျင်းပမည်ဖြစ်သည်

ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့အတွင်း လတ်တလော ဖြစ်ပွားနေသည့် ပြဿနာ များကို ဆွေးနွေး ညှိ နှိုင်းမူများမှတဆင့် ပြေလည်မှု ရရှိသွားကြောင်း သိရသည်။