Friday, 17 August 2012

(၁၇.၈.၂၀၁၂) ရက်နေ့ မနက်ပိုင်းသတင်းများ

၇ ဂဏန်းပိုင်ရှင်တို့အတွက် အသုံးချ ဂဏန်းဗေဒင်   Link
၇ ဂဏန်းပိုင်ရှင်တို့အတွက် စီးပွားရေး ဟောကိန်း  Link 
ပြည်သူ လူထု ပျောက်နေသော လွှတ်တော်    Link
အောင်မေ အောင်မ တို့ရဲ့  ချစ်သောမြေ ကာကွယ်ပေးကြစေလိုပါတယ်    Link
ရသေ့တောင်မြို့ နယ်တွင် ဘင်္ဂလားဘက်မှ ၀င်လာသော လူတစ်စုနှင့် ပစ်ခတ်မှုဖြစ်ပွား   Link
ဝီကီလိခ် တည်ထောင်သူ အီကွေဒေါ ခိုလှုံခွင့်ပြု   Link
SNLD ပထမဆုံး ညီလာခံ ကျင်းပ   Link 
တောင်အာဖရိက တွင်းသပိတ် ပစ်ခတ်မှု လူ ၂၁ ဦးသေ   Link 
ဘာသာရေး ပဋိပက္ခဖြစ်အောင် မလှုံ့ဆော်ဖို့ တိဘက် သတိပေး   Link
ရခိုင်မှာ ဖမ်းတီးထားတဲ့ AZG ၀န်ထမ်းတချို့ ကို ပြန်လွှတ်ပေး   Link
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးတွင် SNLD ပါဝင်သွားမည်   Link
ဆက်သွယ်ရေးတင်ဒါ အကြံပေးလျှောက်ထားမှု ပြည်ပ ကုပ္မဏီများပြား   Link
မန္တလေးတိုင်း ဟိုတယ်ဇုန်သစ်တွင် ရင်းနှီးမြှုပ်နှံလိုသူများ ဖိတ်ခေါ်   Link 
မြန်မာ လူငယ်ဖိုရမ် ကျင်းပနိုင်ရန် လူငယ်များ ပြင်ဆင်နေ   Link

မြန်မာအစိုးရ၀န်ကြီးအဖွဲ့တွင်း အပြောင်းအလဲ မကြာခင် မြင်ရတော့မည်



မြန်မာနိုင်ငံမှာ ဒုတိယသမ္မတအဖြစ် ရေတပ်ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို လွှတ်တော်ကနေ အတည်ပြု ခန့်အပ် လိုက်ပြီဖြစ်တာမို့ မြန်မာနိုင်ငံ အစိုးရအဖွဲ့အတွင်း သတင်းဖြစ်ပေါ်နေတဲ့ အပြောင်းအလဲ ခန့်အပ်မှုတွေ ဆက်တိုက် ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်နေတဲ့ အခုလို ပြုပြင် ပြောင်းလဲမှုတွေကို စီစဉ်ထားပြီးဖြစ်တဲ့အကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ စဉ် ပြောကြားခဲ့ပါတယ်။ ဒီအကြောင်း ဦးသန်းလွင်ထွန်းနဲ့ နိုင်ငံတော်သမ္မတကြီးတို့ သီးသန့်တွေ့ဆုံ မေးမြန်းခန်း တစိတ်တဒေသကို တင်ပြပေးထားပါတယ်။

Facebook ၏ ရှယ်ယာများ ဈေးထိုးကျ

အများပိုင်ကုမ္ပဏီအဖြစ် ဈေးကွက်တင်ရောင်းချသော Facebook ၏ ရှယ်ယာတစ်ခုဈေးနှုန်းမှာ ယခု အခါ ဒေါ်လာ ၂၀ အောက်အထိ ထိုးကျသွားကြောင်း Bangkok Post က ပြောကြားသည်။ Facebook သည် ၎င်း၏ ရှယ်ယာတစ်ခုလျင် ၃၈ ဒေါ်လာဖြင့် ပြီးခဲ့သည့် မေလအတွင်းက အများပြည်သူအား စတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။ Facebook ရှယ်ယာတစ်ခု၏ သြဂုတ် ၁၆ ရက် ဈေးနှုန်းမှာ ၁၉ ဒသမ ၉၀ ဒေါ်လာဖြစ်ကြောင်း သိရသည်။
 ref:planet

"သတင်းလွတ်လပ်ခွင့်ကော်မတီ အထူးထုတ်ပြန်ကြေငြာချက်"

ရက်စွဲ- သြဂုတ် ၁၆၊ ၂၀၁၂ ခုနှစ်။
သြဂုတ် ၁၆ ရက်နေ့တွင် ကျင်းပသော သတင်းလွတ်လပ်ခွင့်ကော်မတီ၏ လုပ်ငန်းဖြစ်မြောက်ရေး ဆပ်ကော်မတီအစည်းအဝေးတွင် အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်လိုက်သည်။

၁။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့်ထိုက်တန်သော သတင်းလွတ်လပ်ခွင့်မရှိသေးသည့် ကိစ္စနှင့်ပတ်သက်ပြီး သတင်းမီဒီယာသမားများက တည်ဆဲဥပဒေများနှင့်အညီ တရားဝင်ဆန္ဒပြခွင့်လျှောက်ထားမည်ဖြစ်သည်။ ဆန္ဒပြမည့်နေရာမှာ မြို့တော်ခန်းမအနီးဖြစ်ပြီး ဆန္ဒပြခွင့်ကို သြဂုတ်လ ၂၁ ရက်နေ့တွင် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တရားဝင် လျှောက်ထားမည်ဖြစ်သည်။

NASA အဖွဲ့၏ အင်္ဂါဂြိုဟ် လေ့လာရေးယာဉ်ငယ် Curiosity မှာ Anonymous ဟက်ကာအုပ်စု၏ ပစ် မှတ်ဖြစ်လာနိုင်

NASA အဖွဲ့၏ အင်္ဂါဂြိုဟ် လေ့လာရေးယာဉ်ငယ် Curiosity မှာ Anonymous ဟက်ကာအုပ်စု၏ ပစ် မှတ်ဖြစ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်လာသည်။ WikiLeaks ဝက်ဘ်ဆိုက် တည်ထောင်သူ Julian Assange အား ဖမ်းဆီးမှုကို ဆန့်ကျင်ဆန္ဒပြသည့် အနေဖြင့် Visa ဝက်ဘ်ဆိုက်အပါအဝင် အမေရိကန် အစိုးရ ဝက်ဘ်ဆိုက်အများအပြားကို Anonymous က တိုက်ခိုက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ ဆူစီလို ဘန်ဘန်း ယူဒိုရိုနိုထံ သဝဏ်လွှာပေးပို့

(နေပြည်တော် သြဂုတ် ၁၇)

၂ဝ၁၂ ခုနှစ် သြဂုတ် ၁၇ ရက်တွင် ကျရောက်သော အင်ဒိုနီးရှား သမ္မတနိုင်ငံ၏ (၆၇)နှစ် မြောက် လွတ်လပ်ရေးနေ့ အခါသမယ၌ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံမှ အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ ဆူစီလို ဘန်ဘန်း ယူဒိုရိုနို ထံသို့ ဝမ်းမြောက် ကြောင်း သဝဏ်လွှာ ပေးပို့သည်။

Thursday, 16 August 2012

“ဗုဒ္ဓမြတ်စွာဘုရားရှင် ၏ တစ်နေ့တာ လုပ်ငန်းစဉ် (၅) မျိုး”



(၁) ပုရေဘတ္တပုဗ္ဗကိစ္စ = နံနက်ခင်း ဗုဒ္ဓလုပ်ငန်းစဉ်

စိုးရိမ်ဖွယ် ပုသိမ် မြစ်ရေကြီးမှု အခြေအနေ

င၀န်မြစ်ရေသည်စိုးရိမ်ရေအမှတ်ထက်၃ပေခန့်ကျော်လွန်နေသောကြောင့်အိမ်များမှာခေါင်မြုပ်သည်ထိပင် ဆိုး ရွားနေပြီးပြင်းထန်သောရေစီးကြောင့်ရေဘေးဒုက္ခသည်စခန်း၂၀သို့ ရောက်ရှိလာသူ၃၀၀၀ေ ကျာ် ရှိနေပြီ ဖြစ်ကြောင်း၊

UNHCR ရုံးရှေ့တွင် ဆန္ဒပြသူများ တရားစွဲခံရမှု တရားလို သက်သေများကို စတင် စစ်ဆေး


ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် ဆန္ဒ ဖော်ထုတ် ခဲ့သူများ အနက် ၄ဦးကို စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက ပုဒ်မ ၁၈ ဖြင့် တရားစွဲထားပြီး သြဂုတ်လ ၁၆ရက်နေ့တွင် တရားလို သက်သေကို စတင် စစ်ဆေးခဲ့ကြောင်း တရားစွဲဆို ခံထားရသူ တစ်ဦးဖြစ်သော ဦးဝင်းခန့်က ပြောကြားသည်။

မြန်မာနိုင်ငံနှင့်တိုက်ရိုက်လေကြောင်းလိုင်းလေးခု အောက်တိုဘာလတွင် စတင်ပျံသန်းတော့မည်

မြန်မာနိုင်ငံနှင့်တိုက်ရိုက်လေကြောင်းလိုင်းလေးခုကိုအောက်တိုဘာလတွင်စတင်ပျံသန်းတော့မည်ဖြစ်ေ ကြာင်း သိ ရ သည်။

ဗိုလ်ချုပ်မှုး ကြီး ဟောင်း သန်းရွှေ Facebook သုံးစွဲ နေ

မြန်မာ စစ်ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ဟာ လူသိများ တဲ့ လူမှု ကွန်ယက်
တစ်ခု ဖြစ်  တဲ့ Facebook ကို သုံးစွဲ နေ ပြီး  မိတ်ဆွေ ဆယ်ဦး လောက်သာ ရှိတယ် လို့  ဆို
တဲ့ သူ့  ရဲ့  Facebook နာမည် နဲ့  မြန်မာ သတင်း တွေ ၊ ဆွေးနွေး မှု မှတ် ချက် တွေ ကို လိုက်
လံ ကြည့် ရှု တယ် လို့  ဆို ပါတယ်။

မြစ်ရေကြီးမှု အခြေအနေသတင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၆) ရက် (၁၃း၀၀) နာရီ အချိန် ထုတ်ပြန်ချက်) - မိုးဇလ

စစ်တောင်းမြစ်ရေသည် ယနေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက် အရ မဒေါက်မြို့ တွင် (၁၂၀၈) စင်တီမီတာသို့  ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ် အထက် (၁၃၈) စင်တီမီတာ (၄.၅-ပေခန့်)   ကျော်လွန် နေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၃) ရက် အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ် (၁၀၇၀) စင်တီမီတာ အထက်တွင် ဆက်လက် တည်ရှိနိုင်ပါသည်။
 

ဆီးရီးယား သမ္မတရာထူးမှ နုတ်ထွက်ရန် သဘောတူပြီ ဖြစ်ကြောင်း ရုရှားဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်သည် လူပေါင်း ၂ဝဝဝဝ ကျော် သေဆုံးခဲ့သည့် ၁၈ လကြာ နိုင်ငံရေး မတည်ငြိမ်မှုများကို အဆုံး သတ်ရန် အတွက် ရာထူးမှ နုတ်ထွက် ပေးရန် သဘောတူ ခဲ့သည်ဟု  ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက  ပြောကြား ခဲ့ကြောင်း သိရသည်။
 

လေလှိုင်းပေါ်က အသားထဲက " လောက် " အမျိုးသား သစ္စာဖောက်များ

VOA က ကိုသန်းလွင်ထွန်း သတင်းသမား သိက္ခာမဲ့တာကိုတော့ သိပြီးသားပဲ။ ဒါပေမယ့် ဒီလောက် မျက်နှာပြောင်မယ်လို့တော့ မထင်မိဘူး။

သမ္မတဦးသိန်းစိန် ကိုမေးတဲ့ မေးခွန်းတစ်ခုကို အောက်မှာ လေ့လာကြည့်ပါ။

မြန်မာနိုင်ငံဟာ “crime against humanity” ကို ကျူးလွန်ခြင်း ရှိပါသလား

OIC က ကျွန်တော်တို့ မြန်မာနိုင်ငံကို UN တင်မယ့် ခေါင်းစဉ်က
“crime against humanity” လို့ ဆိုပါတယ်။ (It described as a “crime against humanity” the Myanmar government’s handling of minority Muslims.)

R2P- responsibility to protect Civilian မှာ ပါတာက (၁) genocide, (၂) war crimes, (၃) ethnic cleansing နဲ့ (၄) crimes against humanity ဆိုပြီး ရှိပါတယ်။ crimes against humanity က အနိမ့်ဆုံး ဆိုပါတော့။

ဌာနတွင်း မကျေနပ်မှုများကြောင့် DVB သတင်းထောက်များ သပိတ်မှောက်

ဌာနတွင်း အုပ်ချုပ်မှုပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ကိစ္စရပ်များကို သဘောမကျသဖြင့် လွတ်လပ်သော    ဒီမိုကရက် တစ်အသံ သတင်းဌာန၏ မြန်မာနိုင်ငံအခြေစိုက် သတင်းထောက်များမှ သတင်းတစ်ပုဒ်မျှ ရေး သား ရိုက်ကူးခြင်းမရှိဘဲ သပိတ်မှောက်လျှက်ရှိကြောင်းသိရသည်။

ဆီးရီးယားတွင် အစိုးရတပ်က ဗုံးကြဲတိုက်ခိုက်

ဆီးရီးယားတွင် အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားသည့် မြို့တစ်မြို့ကို လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ လူ(၂၀)ထက်မနည်း သေဆုံးသွားကြောင်း သိရှိရသည်။ ဆီးရီးယား အစိုးရ လေတပ်မှ တိုက်လေယာဉ်များသည် ဗုဒ္ဓဟူးနေ့က အာဇက်မြို့ကို နှစ်ကြိမ်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ(၂၀) သေဆုံးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့အပြင် အမြောက်အမြား ဒဏ်ရာရခဲ့သလို အချို့သော ကလေးငယ်များသည် အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲဟုလည်း သတင်းများက ဖော်ပြခဲ့သည်။ 



မြန်မာနိုင်ငံ အပေါ် စတော့ ဈေးကွက် ဥပဒေနှင့် ပတ်သက်ပြီး ဂျပန်တို့ ကူညီမည်

ဂျပန် နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အတွင်း စတော့ဈေးကွက် ထူထောင်မှုတွင် ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်း ဥပဒေများကို ရေးဆွဲရာ၌အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း NHK သတင်းတွင် ဖော်ပြသည်။
 မြန်မာနိုင်ငံမှာ လာမည့် ၂၀၁၅ အကုန်တွင် ဂျပန်မှ Tokyo Stock Exchange နှင့် Daiwa Securities Group တို့၏ အကူအညီဖြင့် စတော့ဈေးကွက် ထူထောင်ရန် စီစဉ်ထားပြီး အဆိုပါ စီမံကိန်းမှာ ဒီမိုကရေစီ အရေး အသွင် ပြောင်းမှုတွင် စီးပွားရေး တိုးတက်စေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း NHKမှ ဆိုသည်။ 

ပျူမြို့ဟောင်းများကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းရန် အစိုးရ အဖွဲ့သို့ တင်ပြမည်


မြန်မာနိုင်ငံ၏ ရှေးဟောင်း ပျူမြို့ပြ နိုင်ငံများ ဖြစ်သော သရေခေတ္တရာ၊ ဗိသာနိုးနှင့် ဟန်လင်းမြို့ဟောင်း များကို ယခုနှစ်အတွင်း ကမ္ဘာ့ အမွေအနှစ် စာရင်းတင်သွင်း နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ အစည်းအဝေး သို့ တင်ပြသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါ်စန္ဒာခင် က ပြောကြားသည်။

နိုင်ငံတကာ အာကာသစခန်း၏ ကမ္ဘာပတ်လမ်းကို မြှင့်တင်မည်

နိုင်ငံတကာအာကာသစခန်းသို့ အာကာသယာဉ်များ ဆိုက်ကပ်ရန်နှင့် အာကာသယာဉ်များ ဆင်းသက်ရေး အဆင်ပြေစေရန်အတွက် အဆိုပါအာကာသစခန်း၏ ကမ္ဘာပတ်လမ်းကို သြဂုတ် ၁၅ ရက် ညပိုင်းတွင်    မြှင့်တင် ခဲ့ကြောင်း ရုရှားအာကာသအေဂျင်စီ၏ ထိန်းချုပ်ရေး ဌာနက ပြောကြားခဲ့သည်။