Tuesday 16 February 2016

ဂရမ်မီ ဆုပေးပွဲတွင် တေလာဆွစ်ဖ်နှင့် ကန်းဒရစ်လာမာတို့ အောင်ပွဲခံ

 
တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆုကို လက်ခံယူနေသည့် တေလာဆွစ်ဖ်။
၅၈ ကြိမ်မြောက် ဂရမ်မီ ဆုနှင်းသဘင်တွင် အမေရိကန် Rapဂီတ အဆိုတော် ကန်းဒရစ် လာမာက ဆု ၅ ခုဖြင့် အောင်ပွဲခံခဲ့သော်လည်း အဓိက ဂုဏ်အယူရဆုံး ဆုကြီးများကို တေလာဆွစ်ဖ်နှင့် ဘရူနိုမားစ်တို့က ရယူသွားခဲ့သည်။
 
လာမာ၏ Alright သီချင်းသည် တစ်နှစ်တာ အကောင်းဆုံး သီချင်းဆုအတွက် ဆန်ခါတင်အဆင့် သတ်မှတ် ခံခဲ့ရသော်လည်း ထိုဆုနှင့် လွဲခဲ့သည်။ လာမာသည် လော့စ်အန်ဂျလိစ်ရှိ စတေပယ်လ်စ် စင်တာတွင် ပြုလုပ်သည့် ဆုနှင်းသဘင် အခမ်းအနား၌ ဆု ၁၁ ခုအတွက် ဆန်ခါတင် အမည်စာရင်း တင်သွင်းခံခဲ့ရပြီး အကောင်းဆုံး Rapဂီတ ဖျော်ဖြေမှုဆု၊ အကောင်းဆုံး Rapဂီတ ပူးပေါင်းဖန်တီးမှုဆု၊ အကောင်းဆုံး Rapသီချင်းဆု၊ အကောင်းဆုံး Rap ဂီတ ဗီဒီယိုဆု၊ အကောင်းဆုံး Rapဂီတ အယ်လ်ဘမ်ဆုများကို ပိုင်ဆိုင်ခဲ့သည်။

Alrightသည် အကောင်းဆုံး Rapသီချင်းဆုကို ရရှိစေခဲ့သော်လည်း အကောင်းဆုံး သီချင်းဆု အတွက်မူ ဆန်ခါတင် အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပြီး အက်ဒ်ရှီရန်းနှင့် အေမီဝက်ဂ်ျတို့ သီဆိုထားသည့် Thinking Out Loudကို အရှုံးပေးခဲ့ရသည်။

တစ်နှစ်တာ အကောင်းဆုံး ဂီတဗီဒီယိုဆုကို ဘရူနိုမားစ်က Featuring သီဆိုခဲ့သည့် Uptown Funkက ဆွတ်ခူးသွားသည်။ ဆုပေးပွဲ၏ လူစိတ်အဝင်စားဆုံးဖြစ်သော တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆုကိုမူ
တေလာဆွစ်ဖ်၏ 1989က ရယူနိုင်ခဲ့သည်။ လာမာသည် အဆိုပါ ဆုခေါင်းစဉ်တွင်လည်း To Pimp A Butterfly အယ်လ်ဘမ်ဖြင့် ဆန်ခါတင် အဆင့် ပါဝင်ခဲ့သည်။


အကောင်းဆုံး Popဂီတ အယ်လ်ဘမ်ဆုနှင့်အတူ တွေ့ရသည့် ကန်းဒရစ်လာမာ။

ဆွစ်ဖ်သည် ယခုနှစ် ဆုပေးပွဲတွင် 1989ဖြင့် အကောင်းဆုံး Popဂီတ အယ်လ်ဘမ်ဆုနှင့် Bad Blood သီချင်းအတွက် အကောင်းဆုံး Popဂီတ ဗီဒီယိုဆုများကိုလည်း ရရှိခဲ့သေးရာ ယခုနှစ်တွင် ဆုသုံးခုထိ ဆွတ်ခူး လာနိုင်ခြင်းလည်း ဖြစ်သည်။

တစ်နှစ်တာ အကောင်းဆုံး လူသစ်တန်း အနုပညာရှင် ဆုကိုမူ မီဂန်ထရေနောက ရရှိသွားကြောင်းလည်း သိရှိရသည်။

Ref: Grammy

No comments:

Post a Comment