Monday 9 February 2015

အခြေခံပညာအတန်းတင်စာမေးပွဲများ ကျင်းပနေစဉ် ကျောင်းသားမိဘများအား

ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်စောင့်ဆိုင်းခွင့်ပေးထားမည် အခြေခံပညာအတန်းတင် စာမေးပွဲများ ကျင်း ပနေစဉ် ကျောင်းသားမိဘများအား ကျောင်းဝင်းအတွင်းသို့ဝင်ရောက်စောင့် ဆိုင်းခွင့်ပေး ထား မည်ဖြစ် ကြောင်း သိရသည်။ယမန်နှစ်များက ယင်းသို့ ကလေးများစာမေးပွဲဖြေဆိုနေစဉ် မိဘများ အား ကျောင်းပရဝဏ်၏ အပြင်ဘက်၌သာ စောင့်ဆိုင်းစေခဲ့ သော်လည်း လက်ရှိအခြေအနေအ ရ စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကို စာမေးပွဲခန်းစောင့် ကြပ်မည့် ဆရာ၊ ဆရာမများထံ မိဘများက ကိုယ်တိုင် ကိုယ်ကျအပ် နှံရမည်ဖြစ်ကာ ကျောင်းဝင်းအတွင်း၌ပင် ဝင်ရောက်စောင့်ဆိုင်း ခွင့်ပြု ပေးမည်ဖြစ်ကြောင်း အမှတ်(၁)အ ခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ်ဦးစိုးဝင်းက ပြောသည်။


''အစက စာဖြေသူတစ်ဦးပဲ ကျောင်းထဲကိုဝင်ခွင့်ရပြီးတော့ ကျန် တဲ့သူက ကျောင်းအပြင်မှာပဲစောင့်ရတယ်။ အခုကျတော့ မိဘတွေ ကိုယ်တိုင်ဆရာတွေဆီမှာ အပ်ပြီး ဆရာတွေကသေချာနေရာချဖို့ သက် ဆိုင်ရာပြည်နယ်တိုင်းအသီးသီးကို ညွှန်ကြားထားပြီးဖြစ်ပါတယ်''ဟု ဦး စိုးဝင်းက ထပ်မံပြောသည်။
အတန်းတင်စာမေးပွဲဖြေဆိုချိန်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာစာမေးပွဲဖြေဆို နိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ် အဖွဲ့အစည်းများ၊ ဆရာဆရာမများ၊ ကျောင်းသားမိဘများဖြင့် လုံခြုံရေး အစီအမံများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
''ဆရာမကြီးတို့ စာမေးပွဲကျင်း ပဖို့အတွက် လုံခြုံရေးအစီအမံတွေကို အတွင်းစည်း အပြင်စည်းတွေနဲ့ ဆောင်ရွက်မှာပါ။ အတွင်းစည်းမှာ တော့ ပညာရေးဌာနက တာဝန်ယူ မှာဖြစ်သလို၊ ကျောင်းအကျိုးတော် ဆောင်တွေ၊ မိဘဆရာအသင်းတွေနဲ့ အပြင်စည်းလုံခြုံရေးအနေနဲ့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ၁၁ရက်နေ့ မှာ စာမေးပွဲကြီးကြပ်ရေးအစည်းအဝေးမှာ ထပ်မံညွှန်ကြားမှုတွေရှိ လာဦးမလားတော့ မသိသေးပါဘူး''ဟု ရန်ကုန်တိုင်းဒေသကြီးအနောက် ပိုင်းခရိုင် ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။
အခြေခံပညာစတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲ များကို ယခု၁၉ရက်တွင်စတင်ကျင်း ပသွားတော့မည်ဖြစ်ပြီး ယင်းစာမေး ပွဲများကျင်းပပြီး နေ့လယ်ပိုင်းတွင် အခြားအတန်းများ၏ အတန်းတင် စာမေးပွဲများကို ဆက်တိုက်ကျင်းပ သွားမည်ဖြစ်သည်။
''အဲဒီလို ကျောင်းဝင်းအတွင်း ဝင်စောင့်ခွင့်ပေးမယ်ဆိုရင်တော့ ကောင်း တာပေါ့။ အခုထိတော့ ဆရာမတွေက ဘာမှမပြောသေးဘူး။ အနီးကပ်မှပြောမှာလားတော့ မသိ ဘူး''ဟု ဗဟန်းမြို့နယ်တွင် နေထိုင် သော ပထမတန်းကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူ ကိုကျော်နိုင်က ပြောသည်။
ATK
‎Democracytoday‬

No comments:

Post a Comment