Monday 9 February 2015

ကျောင်းသားသပိတ် ကြိုရန်ပြင်နေသော ကျောင်းသားတစ်ဦးကို အမှုဟောင်းဖြင့် ဖမ်းဆီး

သပိတ်မှောက်ကျောင်း သားများအား ပြည်တက္ကသိုလ်ရှေ့တွင် သပိတ်စခန်းဖွင့်ကာ ကြိုဆို ရန်ပြင်ဆင်နေသော ဒုတိယနှစ် ကျောင်းသားတစ်ဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်ပြီး ပြည်မြို့၌ လုံခြုံရေးတိုးမြှင့်လိုက်သည်။
ဖေဖော်ဝါရီ ၈ ရက် ညနေ ၅ နာရီတွင် ပြည်တက္ကသိုလ်ရှေ့၌ သပိတ်စခန်းဖွင့်ကာ သပိတ်မှောက်ကျောင်းသားများအား ကြို ဆိုရန် ပြင်ဆင်နေသော ပြည်တက္ကသိုလ်ဒုတိယနှစ်(အင်္ဂလိပ် စာ)ကျောင်းသား ကိုသန့်ဇင်ထက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

‘‘ကိုသန့်ဇင်ထက်က ကျောင်းသားသပိတ်ကို ကြိုဆိုဖို့ ကျောင်းရှေ့မှာ ပြင်ဆင်နေတုန်း ရှိပါသေးတယ်။ သူ့ကို ဖမ်းသွား တာပါ။ သူက ဦးဆောင်သူပေါ့။ ဖမ်းပြီးနောက်ပိုင်းမှာ ပြည်မြို့ ကျောင်းတွေနဲ့ မြို့ထဲလမ်းဆုံ လမ်းခွတွေမှာ ရဲတွေချထားတာ တွေ့ရပါတယ်’’ဟု ပြည်မြို့နည်း ပညာတက္ကသိုလ်မှ ကျောင်းသား ကိုရန်နိုင်ကျော်ကပြောသည်။
အဆိုပါကျောင်းသား ဖမ်း ဆီးခံရမှုနှင့် ပတ်သက်၍ ပြည် မြို့အမှတ် (၁) ရဲစခန်းသို့ ဆက် သွယ်မေးမြန်းရာ ဖမ်းဆီးခံရသူ ကိုသန့်ဇင်ထက်သည် သဲကုန်းမြို့ လယ်သမားအရေး ဆောင်ရွက် စဉ်က အရေးယူခဲ့သည့် ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခြင်းဖြစ် ကြောင်း ပြောဆိုသည်။
လမ်းလျှောက် သပိတ် မှောက်နေသော ကျောင်းသား များသည် ဖေဖော်ဝါရီ ၈ ရက်ည က အောင်လံမြို့နယ် သစ်ပင် ကျေးရွာတွင် ညအိပ်ရပ်နားခဲ့ပြီး ပြည်မြို့သို့ ယနေ့ ရောက်ရှိမည်ဖြစ်သည်။
သပိတ်မှောက်ကျောင်းသား များ ပြည်မြို့သို့ လာရောက်မည့် လမ်းရှိ မကွေးနှင့် ပဲခူးတိုင်းနယ် ကြားတွင် သပိတ်မှောက် ကျောင်းသားများအား တားဆီးရန် ဖေ ဖော်ဝါရီ ၈ ရက်ကတည်းက လုံခြုံ ရေးတပ်ဖွဲ့များ ချထားသည်ကို တွေ့ရသည်။
‘‘သူက ကျောင်းတက်နေတာမရှိပါဘူး။ သဲကုန်းမှာ ဆန္ဒပြခဲ့တဲ့အမှုနဲ့ ဖမ်းတာပါ။ ကျောင်းသားလည်း မဟုတ်ပါဘူး။ တရားရုံး ဖမ်းဝရမ်းနဲ့ ဖမ်းတာပါ။အခုသူ့ကို သဲကုန်းရဲစခန်းကို ခေါ်သွား ပါပြီ’’ဟု ပြည်မြို့အမှတ် (၁)ရဲစ ခန်းမှ စခန်းမှူးရဲအုပ်မျိုးဝင်းက ပြောသည်။
ဖမ်းဆီးခံရသည့် ကိုသန့်ဇင်ထက်သည် (ဒုတိယနှစ်-အင်္ဂလိပ်စာ) ကျောင်းသားဖြစ်ပြီး ယခင်ကကျောင်းထုတ်ခံရကာ ယခုလက်ရှိအချိန်တွင် ကျောင်းတက်နေသူတစ်ဦးဖြစ်ကြောင်း ကျောင်းသားအချို့က ပြောသည်။
7Day Daily

No comments:

Post a Comment