Monday 9 February 2015

သပိတ်မှောက်ကျောင်းသားများကို ထောက်ခံသော လှုပ်ရှားမှုတွင် ကိုရီးယားကျောင်းသားများပါဝင်ဆင်နွှဲ


အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးလမ်းလျှောက် ဆန္ဒပြ ကျောင်းသားသပိတ်ကို ထောက်ခံသော လူထုလှုပ်ရှားမှု တွင် မြန်မာနိုင်ငံသို့ အလည်အ ပတ်ရောက်ရှိနေသော ကိုရီးယား ကျောင်းသားများ ပါဝင်ခဲ့သည်။
ရန်ကုန်မြို့တွင် စတင်ပြု လုပ်သည့် ကျောင်းသားသပိတ် ထောက်ခံသော လှုပ်ရှားမှုကို ဗိုလ်စိန်မှန်ကွင်းမှ ဆူးလေစေတီ၊ မြို့တော်ခန်းမရှေ့သို့ ဦးတည် ချီတက်ခဲ့ရာ ကိုရီးယား ကျောင်း သားများက ဗိုလ်စိန်မှန်ကွင်းမှ တာမွေဈေးကျော်သည်ထိ လိုက်ပါခဲ့ခြင်းဖြစ်သည်။

‘‘ကိုရီးယားကျောင်းသား တွေ ဒီလိုအလည်အပတ်ရောက် နေချိန်မှာ ကျောင်းသားသပိတ် လှုပ်ရှားမှုရှိတယ်လို့ သိရတဲ့ အတွက် လာရောက်ပါဝင်တာပါ။ ကျောင်းသား ဆယ်ယောက်ကျော် ပါတယ်။ ဘယ်တက္ကသိုလ်ကလဲ ဆိုတာတော့ မပြောသွားပါဘူး’’ ဟု ကျောင်းသားသပိတ်ထောက်ခံ သော လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူကပြောသည်။
ကျောင်းသားသပိတ်ကို ထောက်ခံသော လူထုလှုပ်ရှားမှု တွင် ကိုရီးယားကျောင်းသားများ ပါဝင်နေမှုနှင့် ပတ်သက်၍ တာ မွေမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ ထံ ဆက်သွယ်မေးမြန်းရာ ထူး ခြားမှတ်တမ်းတင်ထားခြင်းမရှိ ကြောင်း ပြန်လည်ဖြေကြားသည်။
ရန်ကုန်မြို့သို့ ဦးတည်ချီ တက်လာသည့် ကျောင်းသား သပိတ် စစ်ကြောင်းများကို ထောက်ခံသော လူထုလှုပ်ရှားမှုတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်း များနှင့် စိတ်ဝင်စားသူ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
7Day

No comments:

Post a Comment