Monday 9 February 2015

ရန်ကုန်တွင် လာမည့်ရက်များအတွင်း ဆန္ဒပြကျောင်းသား လှုပ်ရှားမှုများ အရှိန်မြင့်လာ မည် ဟူသော ဂယက်ရိုက်ခတ်မှု များကြောင့် ပြည်သူအချို့ အခြေခံစားကုန်များ ကြိုဝယ်ထားကြဟုဆို

လာမည့် ရက်များအတောအတွင်း အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့်ပတ် သက်၍ ကျောင်းသား ဆန္ဒပြမှုများ ပိုမိုပြင်းထန် လာနိုင်ဖွယ်ရှိသည့် အတွက် သက်ကြီးပိုင်း အိမ်ရှင်မ အချို့ အနေဖြင့် အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ကုန် ခြောက် များကို ကြိုတင်ဝယ်ယူစု ဆောင်းလာကြကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မန္တလေး သပိတ်မှောက်စစ်ကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီး ဘက်မှ သပိတ်မှောက် စစ်ကြောင်း၊ မော်လမြိုင် ဘက်မှ ချီ တက်လာသည့် သပိတ်မှောက် စစ် ကြောင်းများ ရန်ကုန်တွင် ပေါင်းဆုံ မည့် သတင်းများထွက်ပေါ်နေပြီး ရန်ကုန်တွင်လည်း လုံခြုံရေးပိုမို သတိပြု တင်းကျပ်ထားသည်ဟူ သော သတင်းများ၏ ဂယက်များ ကြောင့် ပြည်သူ အချို့အနေဖြင့် စိုးရိမ်မှု များရှိလာကာ ယင်းသို့ရေရှည် အထားခံသည့် ကုန်ခြောက်နှင့်မီးဖို ချောင်သုံးပစ္စည်းများကို ကြိုတင် ဝယ်ယူစုဆောင်း လာကြခြင်းဖြစ် ကြောင်း သိရသည်။
တာမွေမြို့နယ်မှ အသက် ၅၆ အရွယ်အိမ်ရှင်မ ဒေါ်မြင့်မြင့်က ''အန် တီတို့ အနေနဲ့ကတော့ အရင်တုန်း ကလဲ ကြုံဖူးတော့ တစ်ခုခုဖြစ်မှာ စိုး ရိမ်တယ်။ သတင်းတွေကလဲပေါင်းစုံ အောင်ကြားနေရတော့ တာရှည်ခံ မယ့် စားသောက် ကုန်လေးတွေတော့ နည်းနည်းပါးပါး ပိုဝယ်ထားတယ်။ ဆန်တို့ ဆီတို့ဆိုတာ ပုံမှန်လဲစားနေ ရတာပဲလေ။ လွှင့်ပစ်လိုက်ရတာမျိုး မှမဟုတ် တာ။ ကုန်ဈေးနှုန်း ကလဲ တစ်လ ထက် တစ်လ တက်လာနေ တာလဲပါ တယ်။ လက်ရှိအခြေအနေ ကြောင့်လဲပါတယ်။ ဝယ်ထားတာ ကတော့ အကျိုးတော့ မယုတ်ဘူး ပေါ့'' ဟု ဆိုသည်။
ကြည့်မြင်တိုင်မြို့နယ်နေ အ သက် ၅၅ နှစ် ခန့်အရွယ်ရှိ အမျိုး သမီးကြီး တစ်ဦး က ''ကျောင်းသားစစ် ကြောင်းတွေ တက်လာနေ တယ်။ တော်ကြာ ဈေးတွေ ဘာတွေ တက် ကုန်တာတွေ ဖြစ်လာနိုင်တယ်။ အဲ ဒါကြောင့် ဆန်တွေဘာတွေ လုံ လောက်အောင် ကြိုဝယ်ထားဖို့ လုပ် နေပါတယ်''ဟု ပြောသည်။
''ဒီနေ့ ကျွန်တော်ရုံးလာတော့ ကားပေါ်မှာ ဒီသတင်းတွေချည်း ပဲ ပြောလာ တာ ကြားရတယ်။ ကျောင်း သားဆန္ဒပြပွဲတွေ ပိုပြီးအရှိန်ပြင်းလာ မယ်ဆိုတာမျိုး ကြားနေရလို့ ဆန်ဆီ ဆားတွေ ဘာတွေကြိုပြီး ဝယ်ထား ကြတယ်လို့ ပြောနေကြတာ ကြားရ တယ်''ဟု ကုမ္ပဏီဝန်ထမ်းကိုမျိုးထွန်း ကပြောသည်။
လက်ရှိကျောင်းသားဆန္ဒပြသူ များအနေဖြင့် ရန်ကုန်မြို့သို့ ဖေဖော် ဝါရီ ၁၀ ရက် သို့မဟုတ် ၁၁ရက်တွင် ရောက်ရှိလာမည်ဟု သတင်းများ ထွက် ပေါ်နေ သည့်အပြင် လာမည့်ဘဏ္ဍာ နှစ်မှစတင်ကာ အစိုးရဝန်ထမ်းများ ကို လစာတိုးမြှင့်ပေးမည်ဆိုပါက အ ခြေခံစားသောက် ကုန်များအနေဖြင့် ကုန်ဈေးနှုန်းမြင့်တက် လာနိုင်ဖွယ်ရှိ ကြောင်း ယင်းတို့ကဆိုသည်။
တောင်ဒဂုံမြို့နယ်မှ အိမ်ရှင်မ တစ်ဦးက ''ကျောင်းသားတွေ ဆန္ဒပြ တာတွေတော့ အသံတွေကြားတယ်။ ရန်ကုန်နဲ့ နီးလာပြီလို့ သတင်းစာတွေ၊ ဂျာနယ်တွေမှာတော့ ဖတ်ရတယ်။ အဲဒီအတွက်တော့ စိုးရိမ်မှုတော့ရှိ တယ်။ ဒါပေမဲ့ ကြိုပြီးဝယ်စုထားတာ မျိုးတော့ မလုပ်နိုင်ပါဘူး။ လခစား ဆိုရင်တော့ တစ်လစာ ဆန်တို့၊ ဆီ တို့ကြိုဝယ်ထားတာမျိုးရှိတယ်။ ရပ် ကွက်ထဲ မှာလဲ နေ့စား သမားတွေ များ တော့ တစ်နေ့လုပ် တစ်နေ့စားပဲ။ လက်ရှိဆန်ဈေး ကတော့ သိသိသာ သာတက်သွားတယ်''ဟု ဆိုသည်။
လမ်းမတော်မြို့နယ်နေ အသက် ၆၀ အရွယ်ရှိ ပြည်သူဦးသိန်းထွန်း က ''ဆန်တော့ကြိုပြီးဝယ်ထားတယ်။ ကျန်တာတော့ မဝယ်ဖြစ်သေး ဘူး။ အခြေအနေကို ကြည့်နေပါတယ်''ဟု သုံးသပ်ပြောသည်။
လက်ရှိ အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်အပါအဝင် မီးဖိုချောင်သုံး စားသောက်ကုန်စည် အချို့မှာ ဈေးနှုန်းအနည်းငယ်မြင့် တက်မှုများရှိနေကြောင်း အခြေခံ စားသောက်ကုန် ရောင်းဝယ်သူများ ကဆိုသည်။
စီးပွားရေး ပညာရှင် ဦးလှမောင် က ''ဒီလိုပြဿနာတွေဖြစ်လာရင် တော့ လူတွေက ကြောက်လန့်ပြီး အခြေခံ စားကုန်တွေကို ကြိုတင် ဝယ်ယူ တာတွေက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒီလိုဖြစ်ရင်တော့ ဈေးတွေ တက် လာတာတွေ ဖြစ်နိုင်တယ်။ ဒီလိုတွေ ဖြစ်တဲ့အနေ အထားပေါ်မူ တည်ပြီး ဈေးတွေ တက်လာမယ်ဆိုရင် လဲ အချိန်အတိုင်းအတာ တစ်ခုပါပဲ။ ပြီးရင်ပြန်ကျသွားမှာပါ''ဟု သုံးသပ် ပြောသည်။
မြောက်ဥက္ကလာပမြို့နယ်ကုန် ခြောက်ရောင်း ဝယ်ရေးလုပ်ကိုင်သူ မအိက ''ဘုရင့်နောင်ဈေးလို လက် ကားဈေးနှုန်းမှာကို စားသောက် ကုန် အများစု ကတော့ ဈေးတက်နေတယ်။ အနည်းနဲ့အများပဲကွာတယ်။ အခု ရက်ပိုင်း မှာတော့ အရောင်းအဝယ် တောင် နည်းနည်းပြန် ကျသွားတယ်။ လကုန် ရက်တွေကတော့ ပိုပြီးအ ရောင်းအဝယ် ကောင်းတာတွေ့ရ တယ်''ဟု ဆိုသည်။
AKS
‎Democracytoday‬

No comments:

Post a Comment