Monday 28 December 2015

ထိုင်းတွင် ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူများအား ပြည်ဝင်ခွင့်ပိတ်ပင်သည့် သတ်မှတ်နှစ်များထုတ်ပြန်

ဗီဇာသက်တမ်းကျော် နေထိုင်သည့် ထိုင်းရောက် နိုင်ငံ ခြားသားများအနေဖြင့် ထိုင်းနိုင်ငံ အတွင်း ပြန်လည်ဝင်ရောက်ခွင့် အတွက် သက်တမ်းကျော်နေထိုင် မှုအပေါ်မူတည်၍ ပိတ်ပင်သည့် ကာလကို တစ်နှစ်မှ ၁၀ နှစ်အထိ ထိုင်းအစိုးရက သတ်မှတ်လိုက် ကြောင်း သတင်းရရှိသည်။ထိုင်းအစိုးရအနေဖြင့် ရွှေ့ ပြောင်းလုပ်သားနိုင်ငံခြားသား များ၏ ဗီဇာဖြင့် ၀င်ရောက်လုပ် ကိုင်မှုအပေါ် လုံခြုံရေးအကြောင်းပြချက်ဖြင့် အထက်ပါ သတ်မှတ်ချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်၌ ထိုင်းနိုင်ငံအတွင်း ဗီဇာရက် ၉၀ ကျော်လွန်နေထိုင်၍ သက်ဆိုင် ရာဌာနသို့ လာရောက်အပ်နှံလျှင် အမိနိုင်ငံသို့ ပြန်ပို့ပြီးသည့်နောက် တစ်နှစ်အတွင်း၊ ဗီဇာတစ်နှစ် ကျော်လွန်နေထိုင်ပါက သုံးနှစ် အတွင်း၊ ဗီဇာသုံးနှစ်ကျော်လွန် နေထိုင်ပါက ငါးနှစ်အတွင်း၊ဗီဇာ ငါးနှစ်ကျော်လွန်နေထိုင်ပါက ၁၀ နှစ်အတွင်းနှင့် ဗီဇာတစ်နှစ်အ ထက် ကျော်လွန်နေထိုင်ပြီး သက် ဆိုင်ရာဌာနသို့လည်း လာရောက် မအပ်နှံဘဲ တာဝန်ရှိသူက ဖမ်း ဆီးရမိပါက အမိနိုင်ငံသို့ ပြန်ပို့ပြီး သည့် နောက် ၁၀ နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်ဝင်ခွင့် မပြု ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အသက် (၁၈)နှစ် မပြည့်မီ အမိနိုင်ငံသို့ ပြန်သွားခဲ့ ခြင်းနှင့် ဗီဇာသက်တမ်းကျော်လွန် နေထိုင်ခဲ့သော်လည်း ယခုအမိန့် စာမထုတ်ပြန်မီ အမိနိုင်ငံသို့ ပြန် သွားခဲ့ခြင်းတို့ကို ထိုင်းနိုင်ငံသို့ ပြန်ဝင်လာခွင့်ပြုသည်ဟု ထုတ် ပြန်ကြေညာချက်ကို ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ပြည်ထဲ ရေးဝန်ကြီး အနုဖုံဖောင်ကျင်ဒါ တို့ လက်မှတ်ရေးထိုးထုတ်ပြန် ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပိုင်မီဒီယာများတွင် ဖော်ပြထား သည်။

ထိုင်းအစိုးရအနေဖြင့် နိုင်ငံ ခြားသားအလုပ်သမားများနှင့် ပတ်သက်၍ စိစစ်မှုများပြုလုပ်နေ ပြီး သာမန်ဗီဇာဖြင့် ၀င်ရောက် လုပ်ကိုင်မှုထက် တစ်ဖက်အစိုးရ ၏ တရားဝင်ခွင့်ပြုချက်ပါသော MoU စနစ်ဖြင့်သာ လာရောက် လုပ်ကိုင်စေမည့် စနစ်ပြောင်းလဲ ရန် ပြင်ဆင်မှုပြုလုပ်လာခြင်းဖြစ် သည်ဟု ပြည်ပအလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီများကဆိုသည်။

‘‘အဲဒီမှာက ဗီဇာပုံစံအမျိုး မျိုးဖြစ်နေပြီး လက်ရှိဗီဇာသက် တမ်းလေးနှစ်၊ ခြောက်နှစ်သမား တွေကို သက်တမ်းတိုးမပေးတော့ ဘဲ စိစစ်မယ့်သဘောမှာရှိတယ်။ ဒီလိုလုပ်ဖို့ သူတို့ဘက်က ပြင် ဆင်နေတာတော့ကြာပြီ’’ဟု နိုင်ငံ တကာဆုံမှတ် ပြည်ပအလုပ်အ ကိုင်ရှာဖွေရေးအေဂျင်စီမှ တာ ၀န်ရှိသူတစ်ဦးက သုံးသပ်သည်။

ထိုင်းနိုင်ငံသည် တရားမ၀င် နိုင်ငံခြားသားအလုပ်သမားများ ကို လာမည့်မတ်လကုန်မှစတင်၍ ရှင်းလင်းအရေးယူမည်ဟု သ တင်းထုတ်ပြန်ထားသည်။
7 day

No comments:

Post a Comment