Saturday 21 November 2015

ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ်များ အပြီးသတ်ကြေညာ၊ ပြည်ထောင်စုလွှတ်တော်တွင် ဒီချုပ်က ၃၉၀ ဦး၊ ပြည်ခိုင်ဖြိုးက ၄၂ ဦးရရှိ

ရွေးကောက်ပွဲအနိုင်၊ အရှုံးရလဒ်များအပြီးသတ်ကြေ ညာချက်အဖြစ် ကချင်ပြည်နယ်ရှိ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် နှစ်ခု၊ အမျိုးသားလွှတ်တော်မဲဆန္ဒ နယ် တစ်ခု၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် လေးခုနှင့် တိုင်းရင်း သားလူမျိုးလွှတ်တော်ကိုယ်စား လှယ် လေးနေရာတို့ကို ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်က နိုဝင်ဘာ ၂၀ ရက်က ကြေညာခဲ့သည်။

နောင်မွန်းပြည်သူ့လွှတ် တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရပြီး၊ ခေါင်လန်ဖူး၌ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)က အနိုင်ရခဲ့သည်။

ကချင်ပြည်နယ်အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) အတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ဦးဂျေယောဝူ ရွေးချယ်ခံရ၍ ပြည်ထောင်စုလွှတ်တော်တွင် တစညက ထိုင်ခုံတစ်နေရာရရှိခဲ့သည်။

နောင်မွန်းရှိ ပြည်နယ်လွှတ် တော်မဲဆန္ဒနယ်နှစ်ခုစလုံးတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရခဲ့သည်။ ခေါင်လန်ဖူး(၁)တွင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူး လေးပါတီ)က အနိုင်ရပြီး ခေါင်လန်ဖူး (၂)တွင်သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့သည်။

တိုင်းရင်းသားလူမျိုးလွှတ် တော်ကိုယ်စားလှယ် လေးနေရာ ဖြစ်သည့် ဗမာ၊ လီဆူ၊ ရှမ်းနှင့် ရ၀မ်တိုင်းရင်းသားလူမျိုးလွှတ် တော်ကိုယ်စားလှယ်နေရာအား လုံးတွင် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က အနိုင်ရခဲ့သည်။

ရွေးကောက်ပွဲအနိုင်၊ အရှုံး ရလဒ်များကို နိုဝင်ဘာ ၉ ရက်မှ စတင်ကြေညာခဲ့သော်လည်း ကချင်ပြည်နယ်ရှိ ဝေးလံခေါင်ဖျားဒေသ ဖြစ်သည့် နောင်မွန်းနှင့် ခေါင်လန် ဖူး၏ ရလဒ်များကိုမူ နိုဝင်ဘာ ၂၀ရက်မှသာ ကြေညာနိုင်ခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲအနိုင်၊ အရှုံး ရလဒ်များအပြီးသတ်ကြေညာပြီး ချိန်တွင် ပြည်ထောင်စုလွှတ်တော်၌ ဒီချုပ်က နေရာ ၃၉၀ ဖြင့် အများဆုံးဖြစ်ပြီး ပြည်ခိုင်ဖြိုးက ၄၂ နေရာ၊ ရခိုင်အမျိုးသားပါတီက ၂၂ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်က ၁၅ နေရာ၊ တ အာင်(ပလောင်) အမျိုးသားပါ တီက လေးနေရာဖြင့် အစဉ်လိုက်ရပ်တည်လျက်ရှိသည်။ ဒီချုပ်က ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံအမတ်နေရာ၏ ၇၉ဒသမ၄ ရာခိုင်နှုန်းရှိပြီး ပြည်ခိုင်ဖြိုးက ၈ဒသမ၅ ရာခိုင်နှုန်းရှိသည်။ တပ်မတော်သားကိုယ်စားလှယ် များအပါအ၀င် ပြည်ထောင်စု လွှတ်တော်အမတ်အရေအတွက် အားလုံးဖြင့် တွက်ချက်လျှင် ဒီချုပ်က ၅၉ ရာခိုင်နှုန်းကျော်နေရာရပြီးပြည်ခိုင်ဖြိုးက ၆ ရာခိုင်နှုန်းကျော် နေရာရရှိသည်။
7 day

No comments:

Post a Comment