Saturday 21 November 2015

အပ်ငွေ၏ ၅ ရာခိုင်နှုန်း ဗဟိုဘဏ်တွင် သီးသန့်ထားရခြင်းကို ဖြေလျှော့ပေးရန် ဘဏ်များတောင်းဆို

ဘဏ်များတွင် လာ ရောက်အပ်နှံသည့်ငွေများ၏ ၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်၌ သီး သန့်ငွေအဖြစ် ထားရှိနေရခြင်းကို ဖြေလျှော့ပေးရန် ဘဏ်များက ဗဟိုဘဏ်သို့ တင်ပြထားကြောင်း သတင်းရရှိသည်။

အဆိုပါ ၅ ရာခိုင်နှုန်းအ တွက် လာရောက်အပ်နှံသူများအား အတိုးများပေးနေရသော်လည်း ဗဟိုဘဏ်တွင် သီးသန့်ငွေအဖြစ် ပြန်လည်ထားရှိရသည့်အခါ အ ကျိုးအမြတ်မရရှိ၍ ဘဏ်များက ကြားထဲမှ အတိုးစိုက်ထုတ်ပေးနေ ရသည်။ ထို့ကြောင့် ဖြေလျှော့ပေး ရန် နိုဝင်ဘာ ၁၆ ရက်က ဗဟို ဘဏ်တာဝန်ရှိသူများနှင့်တွေ့ဆုံ စဉ် တောင်းဆိုကြကြောင်း ယူနိုက်တက်အမရဘဏ် အမှုဆောင်အရာရှိချုပ် ဦးသန်းဝင်းဆွေက ပြောသည်။
‘‘တချို့အပ်နှံငွေအများကြီး ရတဲ့ ဘဏ်ကြီးတွေဆိုရင် အဲဒီ အပ်နှံငွေတွေရဲ့ ၅ ရာခိုင်နှုန်းဆို တာ မနည်းဘူး။ ဒီငွေကို အလ ကား အတိုးထိုင်ပေးနေရရင် ဘဏ်တွေလည်း မလွယ်ဘူးလေ။ အဲဒီတော့ ဘဏ်တွေရဲ့ငွေတွေကို ဗဟိုဘဏ်က အတိုးပြန်ပေးနိုင်မ လား၊ ဒါမှမဟုတ် ထားရတဲ့ရာခိုင် နှုန်းကို လျှော့ချပေးနိုင်မလားလို့ ဘဏ်တွေက တင်ပြကြတာပါ’’ ဟု ဦးသန်းဝင်းဆွေကပြောကြား သည်။
‘‘တချို့ဘဏ်တွေကလည်း ဗဟိုဘဏ်မှာ ၅ ရာခိုင်နှုန်းအပြည့် မထားနိုင်ဘူး။ ၃ ရာခိုင်နှုန်း၊ ၄ ရာခိုင်နှုန်းပဲ ထားနိုင်တဲ့သူတွေ လည်းရှိတယ်။ ရာခိုင်နှုန်းအပြည့် ထားတဲ့သူတွေလည်း ထားပါ။ ထားနိုင်သူတွေကိုလည်း ခြောက် လတန်သည်၊ တစ်နှစ်တန်သည် စောင့်ကြည့်ပေးသွားမယ်လို့ တော့ ဗဟိုဘဏ်တာဝန်ရှိသူတွေ က ပြောတယ်’’ဟု မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ထွန်းဖောင်ဒေးရှင်းဘဏ်ဥက္ကဋ္ဌဦးသိန်းထွန်းကပြောသည်။ဘဏ်များအနေဖြင့် လာ ရောက်အပ်နှံသည့်ငွေများ၏ ၂၀ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းခန့်အထိ ဘဏ်တစ်ခုချင်းစီအလိုက် သတ်မှတ်ပြီး ပြန်လည်ထုတ်ယူသူများအတွက် အဆင်သင့်ဖြစ်ရန်(Liquidity အဖြစ်) သီးခြားထားရသည့်အပြင် ဗဟိုဘဏ်၌လည်း ၅ ရာခိုင်နှုန်းကို အပ်နှံထားရသည့်အတွက် အပ်နှံငွေများ၏ ၃၀ ရာခိုင်နှုန်းခန့်ကို သုံးစွဲနိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့်လည်း ဗဟိုဘဏ်တွင် ထားရသည့် ၅ ရာခိုင်နှုန်းကိုလျှော့ချပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။


ဘဏ်များတွင် လာရောက် အပ်နှံသည့်ငွေတိုးလာတိုင်း ဗဟို ဘဏ်၌ ၅ ရာခိုင်နှုန်းသွားရောက် ထားနေရပြီး နေ့စဉ်သွားထားနေ ရသည့်အတွက်လည်း အခက်အ ခဲဖြစ်ကြောင်း ယူနိုက်တက်အမရဘဏ်အမှုဆောင်အရာရှိချုပ် ဦးသန်းဝင်းဆွေက ပြောသည်။
7 day

No comments:

Post a Comment