Sunday 9 August 2015

ရေဘေးသင့် မိသားစုများအတွက် ကျန်းမာရေးသုံး ပစ္စည်းများ ဖြန့်ဝေမည်

ကယ်ဆယ်ရေးစခန်းများ ရှိ ရေဘေးသင့် မိသားစုများအ တွက် ကျန်းမာရေးသုံး ပစ္စည်းများကို တစ်ပတ်စာ အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သတင်းရရှိ သည်။
အဆိုပါ တစ်ပတ်စာ မိသား စုအသုံးအဆောင်ပစ္စည်းများကို မိသားစုဦးရေ တစ်သောင်းစာအ တွက် ထုတ်လုပ်သွားမည်ဖြစ်ပြီး အရေးတကြီး လိုအပ်လျက်ရှိ သည့် ရေဘေးသင့်ဒေသများသို့ ဦးစားပေး ဝေငှသွားမည်ဖြစ် သည်။

‘‘အခုဆို ဟိုက်ဂျင်းကစ်ပါ ဆယ်အသေးလေးတွေ တစ် သောင်းဝယ်ဖို့ စနေပါပြီ။ မကြာ ခင်မှာ ဝေနိုင်မှာပါ။ မိသားစု ငါးယောက်စာကိုတစ်ပတ်စာ အသေးလေးတွေ ထုတ်ထားတော့ ချက်ချင်းဝေလို့ ရတာပေါ့။ ဈေးနှုန်း လည်းနည်းတော့ လူများများကို ပေးနိုင်တယ်။ အခုရခိုင်အတွက် ကို နှစ်ထောင်လျာထားပြီး စ၀ယ် နေပါပြီ’’ဟု မြန်မာနိုင်ငံကြက်ခြေ နီအသင်း ဘေးဒုက္ခ ကယ်ဆယ် ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က ပြောကြားသည်။

မိသားစု ငါးဦးအတွက် တစ် ပတ်စာအသုံးပြုနိုင်သည့် မျက်နှာ သုတ်ပ၀ါ ငါးခု၊ သွားပွတ်တံ ငါး ခု၊ သွားတိုက်ဆေး၊ ရေသန့်ဆေး၊ မှန်၊ ဘီး၊ ကိုယ်တိုက်ဆပ်ပြာ၊ တစ် သျှူး၊ ရေသန့်ဘူး၊ ခေါင်းလျှော် ရည်၊ သောက်ရေခွက်၊ မုတ်ဆိတ် ရိတ်ဓားနှင့် ရေသယ်ရန်အတွက် အဖုံးပါ ရေပုံးတစ်ပုံး စသည့် ပစ္စည်း ၁၈ မျိုးပါဝင်ပြီး တန်ဖိုး အားဖြင့် ၉,၀၀၀ ကျပ်ရှိကြောင်း သိရသည်။

ယင်းဟိုက်ဂျင်းကစ်အသေး အပြင် မိသားစုငါးဦးစာ တစ်လ စာသုံး ဟိုက်ဂျင်းကစ်(Hygiene Kit) အကြီး (တန်ဖိုး ၂၇,၀၀၀ ကျပ်)၊ မိသားစုသုံး ပစ္စည်းစုံ (Family Kit) တန်ဖိုး ၈၅,၀၀၀ ကျပ် နှင့် အမျိုးသမီးတစ်ကိုယ်ရေသုံး ပစ္စည်းစုံ (Dignity Kit) တန်ဖိုး ၁,၀၀၀ ကျပ်တို့ကိုလည်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရ သည်။

ယင်းပစ္စည်းများကို ဘေးဒုက္ခ ကြုံလျှင် အရေးပေါ်ကူညီ ကယ် ဆယ်ပေးနိုင်ရန် တိုင်းနှင့်ပြည်နယ် တစ်ခုစီလျှင် မိသားစုဦးရေ နှစ်သောင်းစာအတွက် ဂိုဒေါင်များ၌ ကြိုတင်ထုတ်လုပ်ထားပြီး ၀ယ်ယူလှူဒါန်းလိုသူများ အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းသို့ ဆက်သွယ်နိုင်ကြောင်း ဒုညွှန်မှူးဒေါ်စန်းစန်းမော်က ဆက်လက် ပြောသည်။

‘‘ဒီကစ်တွေက နိုင်ငံတကာ အလှူငွေနဲ့ ကြိုဝယ်ထားတာဖြစ် ပြီး ဘေးအန္တရာယ်ကျရောက်တဲ့ နေရာတွေကို ဝေပါတယ်။ အပြင် က အလှူရှင်တွေအနေနဲ့ သူတို့ လှူချင်တဲ့ပစ္စည်းတွေကို လာလှူ လို့ရသလို ကျွန်မတို့ ဒီလိုကစ် တွေကို လှူဒါန်းချင်တယ်ဆိုရင် လည်း သူတို့လှူချင်တဲ့ ကစ်တွေ ကိုပြန်ဝယ်ပြီး လှူပေးပါတယ်’’ဟု ၎င်းက ပြောသည်။
7 day

No comments:

Post a Comment