Sunday 9 August 2015

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲမှာ သရုပ်ဆောင်မယ့် လေဒီဂါဂါ

အမေရိကန်အဆိုတော် လေဒီဂါဂါသည် အမေရိကန် FX ရုပ်သံလိုင်း၏ American Horror Story: Hotel သည်းထိတ်ရင်ဖိုဒရာမာ ဇာတ်လမ်းတွဲ၌ ဟိုတယ်ပိုင်ရှင်တစ်ဦးအဖြစ် သရုပ်ဆောင်မည်ဟု ဇာတ်လမ်းတွဲဖန်တီးသူ ရိုင်ယန်မာဖီက သြဂုတ် ၇ ရက်တွင်ပြောကြားခဲ့သည်။


လေဒီဂါဂါသည် ယင်းသည်းထိတ်ရင်ဖိုဒရာမာဇာတ်လမ်းတွဲ Season 5 ၌ အဓိက သရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ၎င်း၏ဇာတ်ရုပ်သည် ကောက်ကျစ်စဉ်းလဲသူတစ်ဦးအဖြစ် သရုပ်ဆောင်ရသည့်ဇာတ်ရုပ်ဖြစ်ကြောင်း ရိုင်ယန်မာဖီက အစောပိုင်းတွင် ပြောကြားခဲ့သည်။

လေဒီဂါဂါသရုပ်ဆောင်ရမည့်ဇာတ်ကောင်သည် ယင်းဇာတ်လမ်းတွဲတွင် ပါဝင်သော ဇာတ်ကောင်များစွာနှင့် အချစ်ဇာတ်လမ်းများစွာရှိသည်ဟုရိုင်ယန်မာဖီကပြောကြားခဲ့သည်။

အညှီအဟောက်သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲဖြစ်သော Ame-rican Horror Story: Hotel ဇာတ်လမ်းတွဲကို အောက်တိုဘာ ၇ ရက်တွင်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

—Ref: UPI

No comments:

Post a Comment