Monday 10 August 2015

အကြံပေးလုပ်ကိုင်သူများ မှတ်ပုံတင်ခြင်းစည်းကမ်းသတ်မှတ်ချက် အတည်ပြုပြီးပါက လုပ်ငန်းလိုင်စင်ဆောင်ရွက်ရမည်

အကြံပေးလုပ်ကိုင်သူ များမှတ်ပုံတင်ခြင်းဆိုင်ရာ စည်း ကမ်းသတ်မှတ်ချက် (မူကြမ်း)ရေး ဆွဲပြီးဖြစ်၍ အတည်ပြုပြီးပါက လက်ရှိဆောင်ရွက်နေသည့် အဖွဲ့ အစည်းများနှင့် လူပုဂ္ဂိုလ်များလုပ် ငန်းလိုင်စင်ဖြင့် ဆောင်ရွက်ရ မည်ဟု သတင်းရရှိသည်။

၂၀၁၂ တွင် ထုတ်ပြန်ခဲ့ သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနှင့် ၂၀၁၄ ၌ ထုတ်ပြန်ခဲ့ သည့် နည်းဥပဒေများအရစီးပွား ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မဖြစ်မနေ ရေးဆွဲ အကောင်အ ထည်ဖော်ဆောင်ရွက်ရမည့် EIA /IEE လုပ်ငန်းစဉ်များဆောင်ရွက် ရန် အကြံပေး လုပ်ကိုင်သူများ သည် မဖြစ်မနေလုပ်ငန်းလိုင်စင် ရယူဆောင်ရွက်ရမည်ဖြစ်သည်။


လက်ရှိပတ်ဝန်းကျင်ထိခိုက် မှု လေ့လာဆန်းစစ်ချက် (EIA)၊ လူမှုစီးပွားထိခိုက်နစ်နာမှုဆိုင်ရာ ဆန်းစစ်ချက် (SIA) ၊ ကနဦးပတ် ၀န်းကျင်ထိခိုက်မှု (IEE) လုပ်ငန်း များလုပ်ဆောင်နေသည့် အဖွဲ့အ စည်းနှင့် ပုဂ္ဂိုလ်မှာတစ်ရာကျော်ရှိ ပြီး ယင်းမူကြမ်းအတည်ပြုပြီးပါ က လက်ရှိ လုပ်ကိုင်နေသူများ လုပ်ငန်းလိုင်စင်ယူဆောင်ရွက် ရမည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးနေအေးကပြောသည်။

‘‘EIA လုပ်နေတဲ့ အဖွဲ့အ စည်းတွေကဘယ်အဖွဲ့မှ မှတ်ပုံ တင် မလုပ်ရသေးဘူး။ ၀က်ဘ် ဆိုက်မှာဖော်ပြထားတဲ့ တစ်ရာ ကျော်ဆိုတာကလည်း ပြည်တွင်း ရော၊ ပြည်ပရော လုပ်နေတဲ့အဖွဲ့ အစည်းတွေရဲ့ စာရင်းကို မှတ်  သားထားတာ’’ ဟု ဦးနေအေးက ပြောသည်။

အဆိုပါအကြံပေးလုပ်ကိုင် သူများ မှတ်ပုံတင်ခြင်းမူကြမ်းတွင် သတ်မှတ်ထားသည့်လုပ်ငန်းအ မျိုးအစား၊ ယင်းလုပ်ငန်းများအ တွက် မှတ်ပုံတင်လျှောက်ထားရာ တွင်လိုအပ်သည့် စံသတ်မှတ်ချက်၊ မှတ်ပုံတင်ကြေး၊ စီမံကိန်းအမျိုး အစားအတွက် ဖော်ပြရမည့် ဘာ သာရပ်ကျွမ်းကျင်မှုအမျိုးအစား စသည်တို့ရေးဆွဲထားကြောင်း ၎င်းကဆက်လက်ပြောသည်။

ယင်းမူကြမ်းကို သြဂုတ် ၃  ရက်က အကြံပေးလုပ်ကိုင်နေသူများနှင့် တွေ့ဆုံရှင်းလင်းခဲ့ပြီးအတည်ပြုနိုင်ရန်လုပ်ငန်းရှင်များနှင့်ပြည်သူလူထု အကြံပေးမှုများရယူကာ မူကြမ်းအပေါ် သုံးသပ်ချက်များပေးပို့နိုင်ကြောင်း သတင်းရရှိ သည်။

အကြံပေးအဖြစ် မှတ်ပုံတင် ခြင်းဆိုင်ရာ စည်းကမ်းချက်များ ပြဋ္ဌာန်းနိုင်ရန် ၂၀၁၄ ဖေဖော်ဝါရီ မှစတင်ပြီး ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်သစ်တောရေးရာဝန် ကြီးဌာန ဂျပန်နိုင်ငံအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ကျွမ်းကျင်ပညာရှင် ဒေါက်တာ Kanji USUI  တို့ ပူး ပေါင်းရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
7 day

No comments:

Post a Comment