Monday 10 August 2015

ရေဘေးကြောင့် ၉၉ ဦးသေဆုံး၊ ပြည်သူတစ်သန်းခန့် ထိခိုက်

ရေကြီးနစ်မြုပ်မှုကြောင့် ရေဘေး သင့်ပြည်သူတစ်သန်းခန့် ရှိလာပြီး သေဆုံးသူ သုံးဦး ထပ်မံ တိုးလာကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
ရေကြီးနစ်မြုပ်မှုကြောင့် ရေ ဘေးသင့်သူအရေအတွက်သည် သြဂုတ် ၇ ရက်ထုတ်ပြန်မှုစာရင်း တွင် ခြောက်သိန်းခန့်ရှိပြီး သြဂုတ် ၈ ရက်ထုတ်ပြန်ချက်တွင်မူ ဦး ရေတစ်သန်းခန့် (၉၈၁,၃၈၅ ဦး) အထိရှိလာခြင်းဖြစ်သည်။
ရေဘေးသင့်ပြည်သူအရေ အတွက်တိုးမြင့်လာမှုတွင် မကွေး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ အများဆုံးဖြစ်ပြီး နှစ်သိန်းခန့်စီ စာရင်းတိုးလာကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ထုတ် ပြန်ချက်စာရင်းတွင် ဖော်ပြထား သည်။ရခိုင်ပြည်နယ်တွင်လည်း ရေဘေးသင့် ပြည်သူ အရေအ တွက် ခြောက်သောင်းခန့် တိုး မြင့်လာခဲ့ပြီး အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်အချို့၌ အရေ အတွက်အနည်းငယ်စီ လျော့ကျ ခဲ့သည်ဟု သိရသည်။‘တချို့ဒေသတွေကတော့ ရေပြန်ကျလို့ ကိုယ့်ရွာကိုယ့်အိမ် ပြန်တဲ့သူတွေ ပြန်ကုန်ကြပြီ။ ပြန်နေလို့မရသေးတဲ့ သူတချို့ပဲ ကယ်ဆယ်ရေးစခန်းတွေမှာ ကျန် တော့တယ်’’ ဟု ပွင့်ဖြူမြို့သို့ ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးတစ်ဦးက ပြောသည်။

ရေကြီးနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက်မှာလည်း နေ့စဉ် တိုးမြင့်နေခဲ့ပြီး သြဂုတ် ၇ ရက်ထုတ်ပြန်ချက်တွင် ၉၆ ဦးရှိရာမှ သြဂုတ် ၈ ရက်၌ ၉၉ ဦးရှိလာခဲ့သည်။ တိုးမြင့်လာသောသေဆုံးသူ သုံးဦးမှာ ရှမ်းပြည်နယ်မှဖြစ်ပြီး သြဂုတ် ၇ ရက်အထိ ရှမ်းပြည်နယ်တွင် သေဆုံးသူ ခြောက်ဦးသာ ရှိခဲ့သည်။

အဆိုပါစာရင်းများမှာ သက် ဆိုင်ရာ အာဏာပိုင်အဖွဲ့များက ကောက်ယူထားသော အရေအ တွက်များဖြစ်ပြီး မြေပြင်အခြေအ နေနှင့် ကွာဟမှုများရှိနိုင်ကာယင်း အရေအတွက်များထက် ပိုနိုင် သည်ဟု ကူညီကယ်ဆယ်ရေးအ ဖွဲ့များနှင့် ဒေသခံလူမှုကူညီရေး အဖွဲ့များက ခန့်မှန်းထားသည်။

အဆိုပါ ရေဘေးသင့်ဒေသ များအတွက် ကူညီထောက်ပံ့မှု ပေးရန် ဝန်ကြီးဌာနက ဘဏ္ဍာငွေ ကျပ်သိန်း ၁၀,၀၀၀ လျာထားရာမှ ယခုအချိန်ထိ ကျပ်သိန်း ၄,၇၀၀ ကျော်အထိ သုံးစွဲပြီးဖြစ်သည်ဟု သိရသည်။

အဆိုပါ ရေဘေးသင့်ဒေသ များတွင်ကျန်းမာရေး၊ စားဝတ်နေ ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် အခက်အခဲများစွာရှိနေ ဟု ဒေသခံများက ပြောသည်။
7 day

No comments:

Post a Comment