Friday 5 June 2015

နိုင်ငံဒကာနှင့် ဒကာနိုင်ငံ

ဟိုတစ်ရက်က မိတ်ဆွေ တစ်ယောက် ရဲ့ ပွဲတပွဲကိုရောက်ခဲ့တယ်။ ပွဲဆိုပေမယ့် စားသောက် ဆိုင်တစ်ခုကို လှမ်းဖိတ်တာပါ။ ပါရဂူဘွဲ့ပြီးသွားလို့ ပျော်ရွှင်တဲ့ အနေနဲ့ နီးစပ်ရာမိတ်ဆွေတွေကို လှမ်းဖိတ်ပြီး ဧည့်ခံကျွေးမွေးတာ ပါ။ ဒီနေ့ကုန်ကျစရိတ်အားလုံးကို ငါဒကာခံမယ်လို့ ပြောပြီးအားရ ပါးရစားသောက်ကြပါလို့ ပြော နေတဲ့သူ့မျက်နှာမှာပီတိတွေကို တွေ့နေရတယ်။ ဒကာခံမယ်ဆို တဲ့စကားကိုကြားလိုက်တော့ အ ကြောင်းအရာတစ်ခုကို သွားသ တိရမိတယ်။

ဆွေမျိုးသားချင်းလိုခင်တဲ့ ဦးလေးတစ်ယောက်နဲ့ စကား ကောင်းနေတုန်းလျှပ်စစ်မီတာ ဆောင်တဲ့အကြောင်းဆီရောက် သွားတယ်။ မြန်မာနိုင်ငံမှာ လျှပ် စစ်မီတာခကောက်တာကယူနစ် များ လေလေဈေးကြီးလေလေဖြစ် နေတယ်။ လျှပ်စစ် တစ်ယူနစ်က နေ ယူနစ် ၁၀၀အထိ တစ်ယူနစ် ကို ၃၅ ကျပ်နှုန်း၊ ယူနစ် ၁၀၀ ထက်ပိုရင်တော့ တစ်ယူနစ်ကို၄၀ ကျပ်နှုန်း ကောက်တယ်။ ယူနစ် ၂၀၀ အထက်ဆိုရင်တော့ ၅၀ ကျပ်။ ဒါက အိမ်သုံးအတွက်။ လုပ် ငန်းသုံး အတွက်ကပိုများတယ်။ နိုင်ငံတကာမှာဆိုရင် သတ်မှတ် ထားတဲ့ ယူနစ်ထက်ကျော်ရင်တစ် ယူနစ်ကျသင့်ငွေက လျော့လျော့ သွားတတ်တယ်။ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက ပြောင်းပြန်ပါလား ဦးလေးရေဆိုတော့ သူကပြန်ပြော တယ်။ ဟိုဟာကနိုင်ငံဒကာ(နိုင်ငံ တကာ)၊ ဒီမှာက ဒကာနိုင်ငံ (တကာနိုင်ငံ) လေတဲ့။ မှတ်သား လောက်ပါတယ်။
နိုင်ငံတကာမှာဆိုနိုင်ငံတော် ကပဲ အစစအရာရာတာဝန်ယူဖြေ ရှင်းပေးတယ်။ ကုန်ကျစရာရှိရင် လည်းနိုင်ငံတော်ကပဲ အကုန်ကျ ပိုခံပေးတာများတယ်။ ပြည်သူ တွေဆင်ပြေပါစေဆိုတဲ့ စေတနာ နဲ့ပေါ့။ အဲဒီတော့ နိုင်ငံဒကာဖြစ် သွားတာပေါ့။ ဒီမှာက ပြည်သူ တွေကပဲ အကုန်ကျခံနေရတယ်။ ဖုန်းတာဝါတိုင်တွေထောင်နိုင် အောင်ဆိုပြီး ဖုန်းဆင်းမ်ကတ်တွေ ကို မတရားဈေးနဲ့ရောင်းခဲ့တယ်။ အများသိတဲ့အတိုင်း ဖုန်းဈေးတွေ  က ဘယ်နိုင်ငံမှာမှမရှိတဲ့ ဈေးတွေ။ ပြည်သူတွေကတော့ အပေးချည်းပဲ။ ပြည်သူတွေကို ဘယ်လိုပြန်ပေးဆပ်ပေးမယ်ဆိုတာက နည်းနေတယ်။ ပြီးတော့ နိုင်ငံတော်က အလှူခံပုဂ္ဂိုလ်ဖြစ်နေတယ်။ မြန်မာနိုင်ငံကတော့ ဒကာတွေများနေတဲ့ နိုင်ငံ၊ ဒကာနိုင်ငံဖြစ်မှန်းမသိဖြစ်နေတယ်။ မှန်လိုက်တာဦးလေးရယ်။
တစ်ခုခုဆိုရင်ပြည်သူတွေ ဆီကပဲ မတရားကောက်ခံပြီး ဒ ကာနိုင်ငံဖြစ်အောင်ဖန်တီးနေ ကြတယ်။ လမ်းအသုံးပြုခကောက် ခံခြင်းဆိုတာကို ကြည့်ရင်လည်း တွေ့နိုင်ပါတယ်။ ခရီးတစ်ခုခုကို သွားပြီဆိုရင် ကောက်လိုက်တဲ့နေ ရာတွေ အများကြီး။ မပြီးတော့ ဘူး။ ကောက်ခွင့်ပြုတဲ့သက်တမ်း ကလည်း များပါဘိ။ ကောက်လို့ ကို မကုန်နိုင်ပါလား။ တံတား ဆောက်ဖို့၊ လမ်းဖောက်လုပ်ဖို့ ကန်ထရိုက်ရပြီဆိုရင် ဘ၀တစ် သက်တာအတွက်ပြီးပြီ။ တစ် သက်လုံးကောက်စားပေတော့။ ဒီ လိုဖြစ်နေတယ်။ စာရေးဆရာမ ကြီးတစ်ဦးပြောတာ သတိရတယ်။ ဆရာမကြီး တရုတ်ပြည်သွားတုန်း က တိုးဂိတ်တွေမှာ မြန်မာနိုင်ငံမှာ လို အသုံးပြုခငွေပေးရမယ်ဆိုပြီး အဆင်သင့်လုပ်ထားမိတယ်။ နောက်မှသိရတာက လမ်းအသုံး ပြုခ ဆောင်စရာမလိုတော့ကြောင်း ပါ။ ပြည်နယ်အစိုးရကပဲ တာဝန် ယူဆပ်တော့မယ်ဆိုတာ သိရ တယ်။ ဘယ်နေ့ဘယ်ရွေ့အထိ၊ နိုင်ငံသားတွေက လမ်းအသုံးပြုခ ဆောင်ကာ တာဝန်ကျေပြီးဖြစ် ပါသဖြင့် ကျေးဇူးတင်ပါကြောင်း၊ ကျန်ရှိနေတဲ့ငွေကို မိမိတို့အစိုးရ ကပဲ တာဝန်ယူဆပ်ပေးသွားမည့် အကြောင်း ရုပ်မြင်သံကြားတွေက တစ်ဆင့် ကြေညာပြီးသားဖြစ် ကြောင်း သိခဲ့ရတယ်တဲ့။ ကောင်း လိုက်တာ။ ပြည်သူတွေကို တာ ၀န်မပိစေတဲ့နိုင်ငံပဲ။ တကယ့်နိုင် ငံဒကာပါပဲ။
မြန်မာနိုင်ငံဟာ သဘာဝသ ယံဇာတအလွန်ကြွယ်ဝတဲ့နိုင်ငံ ပါ။ နိုင်ငံသူ၊ နိုင်ငံသားတွေအ တွက် မွေးရာပါလက်ဆောင် (Own Bonus) တွေ အများကြီးရှိ ပါတယ်။ ဒီသယံဇာတတွေကို မှန် ကန်စွာစီမံခန့်ခွဲတတ်မယ်ဆိုရင် ပြည်သူတွေကို အပြည့်အ၀ ထောက်ပံ့ပေးနိုင်ပြီး နိုင်ငံဒကာအ ဖြစ်ကို ရောက်သွားနိုင်ပါတယ်။ ခုတော့လူ လက်တစ်ဆုပ်စာရဲ့ ခြယ်လှယ်မှုတွေကြောင့် သဘာ ၀အရင်းအမြစ်တွေ မတန်တဆ ပျောက်ကွယ်ဆုံးရှုံးသွားရတယ်။ တစ်နိုင်ငံလုံးကို သူတို့လက်သူတို့ ခြေနဲ့ အမဲဖျက်လိုက်ကြတယ်။ နာလန်မထူနိုင်အောင် ဖြစ်ခဲ့ရ တယ်။ ရောဂါသည်နိုင်ငံတော်ကို အမြန်ဆေးကုပေးကြပါ။ ဒီထက်မဆိုးရွားပါစေနဲ့တော့။
ရုပ်မြင်သံကြားလိုင်းတစ်ခု မှာ နော်ဝေးနိုင်ငံအကြောင်းနား ထောင်လိုက်ရတယ်။ နော်ဝေးက သဘာဝသယံဇာတကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံပါ။နော်ဝေးပြည်သူ တွေဟာ အလွန်ကံကောင်းကြ တယ်။ သူတို့နိုင်ငံက အကြီးအ ကဲတွေက အရင်းအမြစ်တွေကို ကောင်းမွန်စွာ စီမံနိုင်ကြတယ်။ ပြည်သူတွေအတွက်  လိုသလောက်  ပဲထုတ်ယူသုံးစွဲကြတယ်။ မိမိတို့ အကျိုးအတွက်မသုံးကြဘူး။ မြေ ကြီးထဲ သဘာဝအတိုင်းရှိနေသေး တဲ့ သယံဇာတတွေက နောင်နှစ် ရှစ်ဆယ်၊ နှစ်တစ်ရာမှာ မွေးဖွား လာမယ့် နိုင်ငံ့မျိုးဆက်သစ်တွေ အတွက် အဆင်သင့်ပဲ။ လက်ရှိ မှာလည်း နိုင်ငံက အရမ်းချမ်းသာ တယ်။ အကျင့်ပျက်ခြစားမှုတွေ လည်းမရှိသလောက်ပါပဲ။ ပြည် သူအားလုံးအတွက် အလုပ်အ ကိုင်အခွင့်အလမ်းတွေလည်း ဖန် တီးပေးထားတယ်။ ပြည်သူပြည် သားတွေအနေနဲ့ စိတ်ချမ်းချမ်း သာသာနဲ့ဘ၀ကို ဖြတ်သန်းနေကြ တယ်။
ကမ္ဘာပေါ်မှာ နေချင်စရာ အကောင်းဆုံး နိုင်ငံများထဲမှာ လည်းပါဝင်တယ်။ စစ်မက်ဖြစ် ပွားခြင်းလည်းမရှိလေတော့ နိုင်ငံ ဟာ အစဉ်ငြိမ်းချမ်းလှပနေတယ်။ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို မလစ်ဟင်း အောင် စီစဉ်ပေးထားတယ်။ တ ကယ့်နိုင်ငံဒကာပါပဲ။
မြန်မာနိုင်ငံအနေနဲ့ ဒကာ နိုင်ငံဘ၀ကကျွတ်ဖို့ အစိုးရကောင်း တစ်ရပ်လိုအပ်နေပါတယ်။ အ ထွေထွေ ရွေးကောက်ပွဲတွေက တစ်ဆင့် မှန်ကန်သောအစိုးရတစ် ရပ် ရွေးချယ်ပေးနိုင်ဖို့လိုပါတယ်။ ခရိုနီစီးပွားရေးသမားတွေကို ဖိ နှိပ်နိုင်သောအစိုးရ၊ အခြေခံလူ တန်းစားတွေရဲ့ ဘ၀ကိုစာနာ သောအစိုးရ၊ ကိုယ်ကိုယ်တိုင်က သမာသမတ်ကျပြီး အကျင့်ပျက် ခြစားမှုကို တိုက်ထုတ်နိုင်သော အစိုးရ၊ ပြည်သူ့မျက်နှာသာကြည့် ပြီး ပြည်သူ့ဆန္ဒကို ဦးထိပ်ထား သောအစိုးရ၊ ပြည်သူကိုတန်ဖိုး ထားလေးစားသော အစိုးရတစ် ရပ်ကို ရရှိနိုင်ရင်တော့ မြန်မာနိုင်ငံဟာလည်း နိုင်ငံဒကာဘ၀ကို ရောက်ပြီလို့ ပြောချင်ပါတယ်။
7 day

No comments:

Post a Comment