Friday 5 June 2015

လှိုင်သာယာရှိကျေးရွာငါးရွာတွင် ပန်းလှိုင်စီလုံ ဆေးရုံက အခမဲ့ကျန်းမာရေးစစ်ဆေးပေးမည်

ပန်းလှိုင်စီလုံဆေးရုံကလှိုင်သာယာမြို့နယ်ရှိ ရွာငါးရွာ တွင် အခမဲ့ကျန်းမာရေးစစ်ဆေးမှု များပြုလုပ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

လှိုင်သာယာမြို့နယ်ရှိ ညောင်ရွာ၊ ရှမ်းရွာ၊ ရေဥက္ကံ၊ ကစင်နှင့် သာယာကုန်းကျေးရွာတို့တွင် ဇူလိုင်တွင် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ပန်းလှိုင်စီလုံဆေးရုံမှ Talent Mana-gement ဒါရိုက်တာ ဒေါက်တာဇော်ဝင်းစန္ဒီကပြောသည်။

‘‘အဲဒီရွာတွေက ရွာလူကြီး တွေနဲ့တွေ့ပြီး ကျား၊ မ စာရင်း ကောက်မယ်။ ပြီးရင် ရောဂါတွေ စစ်ဆေးပေးမယ်။ ဆေးကုပေး မယ်။ အဖြစ်များတဲ့ရောဂါတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစား ပေးစစ်ဆေးပေးသွားမှာပါ။ တစ် ခါကုရင်လူနာ  ၅၀ ကနေ ၁၀၀ လောက်ကုပေးဖို့ မှန်းထားတယ်’’ ဟု ၎င်းကဆက်လက် ပြောကြားသည်။


အရိုးပွ၊ ဆီးချို၊ သွေးတိုး၊ သွားများနှင့် မျက်စိတို့ကို စစ်ဆေးကုသပေးမည်ဖြစ်ပြီး နှစ်လလျှင်ရွာတစ်ရွာနှုန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကာ ကနဦးအနေဖြင့် ညောင်ရွာတွင် စတင်ကုသပေး မည်ဖြစ်ကြောင်းသိရသည်။

 လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာပေါင်း ၂၀ ကျော်ရှိ၍ လူဦးရေ ခြောက်သိန်း ကျော်နေထိုင်ပြီး ရပ်ကွက်ကျေး ရွာတစ်ခုလျှင် လူဦးရေတစ် သောင်းမှ နှစ်သောင်းကျော်အထိ ရှိကြောင်းသိရသည်။

 ‘‘ကျန်းမာရေးအနေနဲ့ဖြစ် တာဆိုရင်တော့ ဝမ်းရောဂါတို့၊ သွေးလွန်တုပ်ကွေးတို့ မူးတာမော် တာတွေဖြစ်ကြတယ်။ ကားမှတ် တိုင်နဲ့လည်း အလှမ်းဝေးတော့ ဖြစ်တယ်ဆိုရင် သွားဖို့သိပ် မ လွယ်ဘူး။ အခုလိုအဖွဲ့အစည်း တွေက ရွာထိလာပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ များများပေး နိုင်ရင် အကောင်းဆုံးပေါ့’’ဟု လှိုင်သာယာမြို့နယ် ကစင်ကျေးရွာမှ ဦးထွန်းကပြောသည်။
7 day

No comments:

Post a Comment