Friday 5 June 2015

အွန်လိုင်းတွင် မဲစာရင်းကြည့်နိုင်သည့် ၀က်ဘ်ဆိုက်၌ အချက်အလက်မပြည့်စုံသေး

အွန်လိုင်းတွင် မဲစာရင်း ကြည့်ရှုနိုင်ရန်လွှင့်တင်ထားသည့် ၀က်ဘ်ဆိုက်မှာ လက်ရှိ၌ အချက်အလက်မပြည့်စုံသေးဘဲ ဇွန်လ ၂၂ ရက် နောက်ပိုင်းမှသာ တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေ သကြီး မြို့နယ် ၁၄ ခုအတွက် သာကြည့်ရှုနိုင်ပြီး ကျန်ပြည်နယ်  နှင့်တိုင်းဒေသကြီးများရှိ မြို့နယ် များအတွက် ဇွန်လ ၂၂ ရက်  နောက်ပိုင်းမှသာကြည့်ရှုနိုင်မည် ဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့်အခွင့်အရေးများ မ ဆုံးရှုံးစေရန် မဲစာရင်း၌ ပါဝင်ခြင်း ရှိ၊ မရှိ အင်တာနက်စာမျက်နှာမှ တစ်ဆင့်ကြည့်ရှုနိုင်ရန် မေလ ၂၆ ရက်မှ စတင်ကာ https:/ chec-kvoterlist.uecmyanmar.org/ လွှင့်တင်ခဲ့သော်လည်း မြို့နယ်အများစုတွင် မိမိအမည်ကို ရှာဖွေမတွေ့ရှိခြင်းကြောင့်ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အခြေခံမဲ ဆန္ဒရှင်စာရင်းအား ကွန်ပျူတာ စနစ်ဖြင့် ပြုစုခြင်းလုပ်ငန်းစဉ်ကို တစ်နိုင်ငံလုံးတွင် ဆောင်ရွက်နေ ဆဲဖြစ်ပြီး မြို့နယ်များအားလုံးအ တွက် လွှင့်တင်နိုင်ခြင်းမရှိသေး ကြောင်းနှင့် တဖြည်းဖြည်း ချင်း ဖြည့်သွင်းကာ လွှင့်တင်သွားမည် ဖြစ်ကြောင်း ဆိုထားသည်။

‘‘ရှာလို့ရတဲ့ မြို့နယ်စာရင်း များရဲ့ဘေးမှာ အမှန်ခြစ်လေး တွေပါတယ်။ ရှာလို့မရရင် ရှာဖွေ မတွေ့ပါလို့ ပါတယ်။ ၀က်ဘ် ဆိုက်ဗားရှင်းကိုလည်း အဆင့် မြှင့်နေတာတွေ့ရတယ်’’ဟု ပြည် တွင်းနည်းပညာရှင် ကိုကိုရဲက မှတ်ချက်ပြုသည်။

အင်တာနက်မှတစ်ဆင့် မဲ ဆန္ဒရှင် စာရင်းတွင် ရှာဖွေနိုင် သည့်မြို့နယ် ၁၄ ခုမှာ တောင်ဒ ဂုံ၊ မြောက်ဒဂုံ၊ ဒဂုံအရှေ့ပိုင်း၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ သုံးခွ၊ အင်းစိန်၊ မင်္ဂ လာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ထန်းတပင်၊ ခရမ်း၊ ကျောက်တန်းတို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အထက်ပါမြို့နယ် ၁၄ ခုအ တွက် အခြေခံမဲဆန္ဒရှင်စာရင်း တွင် ရှာဖွေရာ၌လည်း အမည်တူ သူ၊ မွေးနေ့တူသူစသည်ဖြင့် အ ချက်အလက်လွဲချော်နေမှုရှိနေ ကြောင်း အင်းစိန်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ၎င်းအမည်ကို ရှာဖွေရာမှ တွေ့ကြုံရသည့် အခက်အခဲကို ပြောသည်။

မဲဆန္ဒရှင်စာရင်းတွင် မိမိ၏ အချက်အလက်များကို မှတ်ပုံ တင်အမှတ်၊ မွေးနေ့တို့ဖြင့် ယူနီ ကုတ် (သို့မဟုတ်) ဇော်ဂျီဖောင့်ဖြင့်ရှာဖွေနိုင်မည်ဖြစ်သည်။

No comments:

Post a Comment