Saturday 6 June 2015

တပ်ချုပ်ပါဝင်လှူဒါန်းသည့် ကြေးသွန်းခေါင်းလောင်းကြီးကို ထားဝယ် ရွှေတောင်စားစေတီတွင် ရေစက်ချလှူဒါန်း


တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ပါဝင်လှူဒါန်းခဲ့သည့် ကြေးပိဿချိန်တစ်သောင်းကျော် ရှိ မဟာခေါင်းလောင်းကြီးကို ထားဝယ်မြို့ ရွှေတောင်စားစေတီ တော်၌ ထားရှိရန် ရေစက်ချလှူ ဒါန်းခဲ့ပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အပါအ၀င် တပ်မ တော်(ကြည်း၊ရေ၊လေ)မိသားစု များနှင့် စေတနာရှင် အလှူရှင် များက စုစုပေါင်းကျပ်သိန်းသုံးရာ ကျော်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

မဟာဝိဇယခေမသီတလနိ ဗ္ဗုတဃောသမဟာခေါင်းလောင်း တော်ကြီး ရေစက်ချလှူဒါန်း ပူဇော်ခြင်းအခမ်းအနားကို ဇွန်လ ၄ရက်တွင်ကျင်းပခဲ့ပြီး စုစုပေါင်းအလှူငွေကျပ်သိန်း၃၂၀လှူဒါန်းခဲ့ ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် ဇနီးတို့သည် မဟာ ခေါင်းလောင်းတော်ကြီးအား ပရိတ်နံ့သာရေများ ပက်ဖျန်း၍ သိဒ္ဓိမင်္ဂလာဆင်ယင်ကျင်းပခဲ့ကြ ပြီး ဇေယျဝတီကျောင်းတိုက်ဆရာ တော်ကြီးထံ ပုံစံတူခေါင်းလောင်း ငယ်ကို ကိုယ်တိုင်လာရောက်၍ဆက်ကပ်လှူဒါန်းသည်။

ခေါင်းလောင်းတော်ကြီး သည် အမြင့် ၁၂ပေ၊ အချင်း ၅ပေ ၇လက်မ၊ ထု တစ်ပေရှိပြီး ကြေးပိ ဿချိန် ၁၁,၇၇၇ပိသာရှိသည်။ အဆိုပါခေါင်းလောင်းတော် ကြီးကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေးပိသာချိန် ၃,၀၀၀ကျော်ပါဝင် လှူဒါန်းထားပြီး ခေါင်းလောင်း ကြီး၏ စုစုပေါင်းတန်ဖိုးမှာကျပ် သိန်း ၄,၀၀၀ခန့်ရှိသည်။

အဆိုပါခေါင်းလောင်းတော် ကြီးသည် ရွှေတိဂုံစေတီတော် တနင်္ဂနွေထောင့်ရှိ သာယာဝတီ မင်းခေါင်းလောင်းတော်ကြီးနှင့် အရွယ်အစားတူ၊ ပုံစံတူဖြစ်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် သွန်းလောင်းသည့်ခေါင်းလောင်းများအနက် အကြီးဆုံးခေါင်းလောင်းတော်ကြီးဖြစ်သည်။

ထို့အပြင် အိန္ဒိယနိုင်ငံရှိ ရွှေ တိဂုံစေတီတော်ပုံတူတွင်လည်းယင်းခေါင်းလောင်းနှင့် အရွယ်အ စားတူ ခေါင်းလောင်းတစ်လုံးရှိ ကြောင်းသိရသည်။

ခေါင်းလောင်းတော်ကြီး တွင် အေးချမ်းသာယာသောနိမိတ်အဖြစ်လောကနတ်ရုပ်တုနှင့်မြန်မာမှုလက်ရာများကို တင့်တယ်စွာ စီရင်ပြုလုပ်တပ်ဆင် ထားသည်။

အဆိုပါခေါင်းလောင်းကြီး သွန်းလုပ်ရန်မန္တလေး၊ တမ္ပ၀တီ ရပ်ရှိ ကြေးသွန်းပညာရှင် လေးရာ ခန့် အကူအညီတောင်း၍ ကြေးဖိုပေါင်း ၃၃ဖိုဖြင့် ကြေးကျိုခဲ့ခြင်းဖြစ်သည်။

ခေါင်းလောင်းတော်ကြီးကို နံ့သာရေများပက်ဖျန်းပေးနေစဉ်(FB/Senior General Min Aung Hlaing)
7Day Daily

No comments:

Post a Comment