Friday 5 June 2015

တရားမ၀င် ၀င်ရောက်လာသော စားသောက်ကုန်နှင့်ဆေးဝါးများကို ဖမ်းဆီးဖျက်ဆီးနေဟုဆို

 မြန်မာနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံများမှ တရားမ၀င် ၀င်ရောက်လာသည့် စားသောက် ကုန်နှင့် အိမ်သုံးဆေးဝါးများကို ဖမ်းဆီးဖျက်ဆီး အရေးယူနေ ကြောင်း သတင်းရရှိသည်။
တရားမ၀င်ကုန်ပစ္စည်းများ တင်သွင်းလာမှုကို ရွေ့လျားစစ် ဆေးရေးအဖွဲ့ (Mobile Team) များဖြင့် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ၂နှစ်ကျော်ကာလအ တွင်း ကျပ်သန်းပေါင်း ၁,၃၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများကို ဖမ်း ဆီးရမိပြီးဖျက်ဆီးနိုင်ခဲ့ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ သည်။
ဇွန်လ ၃ ရက်တွင်ပြုလုပ် သည့် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၌ Mobile Team နှင့်ပတ်သက် သည့် မေးမြန်းမှုကို ဦးဝင်းမြင့်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

‘‘အိမ်နီးချင်းနိုင်ငံများက တ ရားမ၀င်တင်သွင်းဝင်ရောက်လာ သည့် စားသောက်ကုန်ပစ္စည်းများ၊ အိမ်သုံးဆေးဝါးများကိုထိရောက် တဲ့ဟန့်တားမှုများ ပြုလုပ်ရန် သက်ဆိုင်ရာဌာနများက ခွင့်ပြု ထောက်ခံချက်မပါရှိသည့် အစား အသောက်များ၊ အိမ်သုံးဆေးဝါး များကို မီးရှို့ဖျက်ဆီးခြင်း၊ မြေ မြှုပ်ဖျက်ဆီးခြင်းနှင့် လမ်းကြိတ် စက်ဖြင့် နင်းကြိတ်ဖျက်ဆီးခြင်း များ ဆောင်ရွက်ခဲ့ပါတယ်’’ဟု ဦး ၀င်းမြင့်ကပြောကြားသည်။ထို့ပြင် တရားမ၀င်ကုန်သွယ် မှုများကို တားဆီးထိန်းချုပ်ရေး ဆောင်ရွက်နေကြသည့် ရွေ့လျား စစ်ဆေးရေးအဖွဲ့များတွင် တာ ၀န်ထမ်းဆောင်နေကြသူများအ တွက် ဘေးကင်းမှုနှင့် လုံခြုံရေး ပြည့်ပြည့်၀၀ရရှိစေရန် ရဲတပ်ဖွဲ့ ၀င် ၁၂၅ ဦးကို ဒေသအလိုက်ဖြန့်ခွဲ တာဝန်ပေးထားကြောင်း ၎င်းက ဆိုသည်။

ထို့ပြင်မိုင်းယုနှင့်မိုင်းယောင်း အကြား မြ၀တီချောင်းကူးတံတား အနီးတွင်ထားရှိမည့် Mobile Team ၀န်ထမ်းများ၏ လုံခြုံရေးကိုကာကွယ်ရေးဝန်ကြီး ဌာနက အစီအစဉ်ဖြင့် တပ်မတော်က လုံခြုံရေးဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကပြောကြားသည်။
7 day

No comments:

Post a Comment