Monday 16 July 2012

လော့ဒ်မောင့်ဘဒ်တန်ကို အားကျခဲ့တဲ့ အမေစု


အခုတလော အင်တာနက်မှာ ဟိုကြည့်ဒီကြည့်နဲ့ လိုက်ကြည့်မိတာ မြန်မာနဲ့ Burma ကိစ္စ တော်တော်လေးကို ငြင်းကြ ခုန်ကြနဲ့ဆိုတော့ ကိုကိုလူဆိုးတို့လည်း မနေနိုင်မထိုင်နိုင် ၀င်ပြီးပြောချင်စိတ် ပေါက်လာတယ်…. အဲပြောမယ်ဆိုတော့လည်း ကိုကိုလူဆိုးလည်း စာကြည့်တိုက်တွေသွားပြီး စာအုပ်ဆိုင်တွေသွားပြီး သမိုင်းစာအုပ်တွေ လိုက်လှန်ကြည့်တယ်… အင်း…. သမိုင်းဆိုတဲ့အမျိုးက ဓားထမ်း လှံထမ်းပြီး ရှင်းရတဲ့ အမျိုးမဟုတ်လား ပြီးတော့ ကိုယ်ကိုတိုင်ကလည်း သမိုင်းပညာရှင်မဟုတ်။ မတတ်ဘဲနဲ့ လျှောက်ပြောပြန်ရင်လည်း အင်တာနက်က ဇာတ်လိုက်ကျော်ကြီးများရဲ့ ဆဲတာလည်း ခံရအုံးမယ်… ဂျမ်းကဲမန်းဆိုလား ဘာဆိုလား ဆန်တဲ့ ဇာတ်လိုက်ကျော်များကတော့ အကိုးအကားနဲ့ အကျိုးအကြောင်းနဲ့ ပြန်ပြောကြမယ်။ အဲ.တစ်ချို့များကတော့ ထောင်သက် နှစ်တစ်ထောင်ရှိတဲ့ လမ်းမတော် ဖိုးတုတ်တောင် မကြားဖူး…. မမြင်ဖူးတဲ့ အဆဲလေးတွေနဲ့ ဂုဏ်ပြုကြမှာဆိုတော့ သမိုင်းနဲ့ချီပြီးတော့တော့ ပြောတော့ပါဘူး..       ကိုယ်မြင်သလို ဖြစ်သလိုလေးပဲပြောကြည့်တာပေါ့။ ဒီမိုကရေစီခေတ်ဆိုတော့ ကိုယ်ယုံကြည်ရာကို  ပြောခွင့်ရှိပါတယ်နော်...
အဲဒီပုံလေးကို ကြည့်ကြည့်ပါ…. အဲဒါကျနော်တို့ရဲ့ ဒီမိုကရေစီမိခင်ကြီး အမေစု ၂ နှစ်သမီးတုန်းက လော့ဒ်မောင့်ဘဒ်တန်တို့ လင်မယားနဲ့ ဧည့်ခံပွဲတစ်ခုမှာ  ရေခဲမုန့်အတူတူစားခဲ့တဲ့ ဓာတ်ပုံလေးပါပဲ.. လော့ဒ်မောင့်ဘဒ်တန်ဆိုတာ ဘုရင်မကြီး Elizabeth III ဘုရင်မကြီးရဲ့ ၀မ်းကွဲမောင်နှမ တော်စပ်ပါတယ်…. ၁၉၇၉ ခုနှစ်တုန်းက Provisional Irish Repubican Army (IRA) ရဲ့ ဗုံးထောင်ပြီး လုပ်ကြံခံရလို့ သူ့ရဲ့ အပျော်စီးဆိုလား. ဇိမ်ခံဆိုလား . လှေသင်္ဘောမှာ မာလကနဲ့ ဈာန်ကြွသွားတဲ့    လူကြီးမင်းပါဘဲ.. . အင်္ဂလန်မှာတော့ တော်ဝင်မျိုးဝင် အင်တမန်ကြီးမြတ်သော ပုဂိုလ်ဆိုပါကလား… ဒီပုံလေးကိုကြည့်ရင်းနဲ့ ကိုကိုလူဆိုးခေါင်းထဲဝင်လာတဲ့အတွေးက အင်း…… ငါတို့အမေစု အဲဒီအချိန်တည်းက အင်္ဂလိပ်လူမျိုးဆိုရင် အထင်ကြီး အားကျလေးစားတတ်တဲ့စိတ်တွေများ ရှိသွားခဲ့တာများလားပေါ့လေ … ဘာလို့လဲဆိုတော့ ဒီအရွယ်ကလေးတွေရဲ့စိတ်က တစ်ခုခုကို အားကျသွားခဲ့ရင် သားကြီးလာရင် သမီးကြီးလာရင် ဘာကြီးဖြစ်အောင်လုပ်မယ်ဆိုတာ ဖြစ်တတ်တာကိုး…. အဲဒီတော့ သမီးကြီးလာရင် အင်္ဂလိပ်ယောကျာင်္းယူမယ်လို့များ အတွေးဝင်သွားခဲ့တာလားဆိုပြီး တွေးမိတယ်…ပြီးတော့ အဲဒီအချိန်တုန်းက အိုက်စကရင်ဆိုတာ ဂုဏ်သရေရှိလူကြီးမင်းများရဲ့ ဧည့်ခံပွဲမှာ တခမ်းတနား ကျွေးတတ်တဲ့အမျိုးကိုး.. အတူတူစားရတဲ့ပုဂိုလ်ကလည်း အဲဒီအချိန်တုန်းက သူ့ထက်ကြီးတာဆိုလို့ အင်း….. ဆင်ပဲရှိတော့တာကိုး…… အဲဒါထက်ပိုပြီးတွေးမိတာက အင်္ဂလိပ်ဆိုတဲ့အမျိုးက ဟုတ်သော်ရှိ မဟုတ်သော်ရှိ လူရှေ့ သူရှေ့ ရောက်ရင် မိန်းမတွေကို လေဒီဖက်ဆိုလား.. ဘာဆိုလား.. လုပ်တတ်တာကိုး… ဒါကြောင့်များ တို့အမေစု မိုက်ကယ်အဲရစ်ကြီးကို ယူခဲ့တာများလား…..ပြီးတော့ ဘာကြောင့် တနိုင်ငံလုံးက မြန်မာ မြန်မာပြောနေတဲ့ အချိန်မှာ အမေစုက ဘာလို့ Burma Burma ဆိုပြီးပြောနေတဲ့ နောက်အကြောင်းတစ်ခုက လော့ဒ်မောင့်ဘဒ်တန် အင်္ဂလန်မှာ Lord Mountbatten of Burma လို့ လူတွေသိကြတယ်… အဲဒီနာမည်ကိုလည်း ဂုဏ်ယူစွာနဲ့ ခေါ်ကြတာလေ.. ဒီတော့ တို့အမေစု သူလေးစားအားကျခဲ့တဲ့ ပုဂိုလ်ကြီးကို ဂုဏ်ပြုသောအားဖြင့်များ Burma ဟု ခေါ်ဆိုလိုက်သည်ဟုများ ဖြစ်နေမလား…အဲဒါအပြင် အင်္ဂလိပ်လူမျိုးဆိုတာ သူတို့ရဲ့ နေမ၀င် အင်ပါယာကြီးကို တော်တော် Proud ဖြစ်တဲ့ လူမျိုးမဟုတ်လား… Especially those aristocrats from Oxford တဲ့.. အောက်စ်ဖို့ဒ်ကျောင်းကြီးက ဆင်းတဲ့သူတွေက ပိုပြီး ဂုဏ်ယူတတ်ကျတယ်ဆိုလားဘဲ…. အဲဒီတော့ ကိုလိုနီလက်အောက်ခံအခေါ်အဝေါ်ဖြစ်တဲ့ Burma ဆိုတဲ့ဟာကို အမေစု တွင်တွင်ကြီးများ ခေါ်နေသလား… အင်္ဂလိပ်လူမျိုးတွေက သူတို့ဘုရင်မကို သစ္စာစောင့်သိပါတယ်ဆိုတဲ့ သဘောမျိုးနဲ့ သူတို့ကိုယ်လိုနီလက်အောက်ခံ နယ်မြေတွေကို သူတို့တော်ဝင်မျိုးနွယ်တွေသုံးတဲ့ အသုံးနှုန်းမျိုးနဲ့ ခေါ်တတ်ကြတဲ့အမျိုးမဟုတ်လား.. ဒို့အမေစုကလည်း အင်္ဂလိပ်လူမျိုးကို ယူလိုက်ပြီးကတည်းက In the name of Queen ဆိုပြီး သစ္စာခံပြီးသားမဟုတ်လား.. ဒီတော့ အခုထိလဲ မြန်မာလူမျိုးတွေရဲ့ လူထုခေါင်းဆောင်ဖြစ်နေတာတောင်  ဘုရင်မကြီးကို သစ္စာခံနေတုန်းပဲဆိုတာ သိစေချင်လို့များ တွင်တွင်ပြောနေတာလား အမေရယ်ဆိုပြီး အတွေးဝင်မိတယ်..အင်း.. ဒီလိုသာဆိုရင်တော့ အမလေး အမေရဲ့ဆိုပြီးတော့ ရင်ထုထုပြီးသာ ကိုကိုလူဆိုးတို့ ငိုပွဲချရတော့မယ် ထင်ပါတယ်…..
                                                                                                                                                                          ကိုကိုလူဆိုး

1 comment:

  1. She wants back myanmar to british imperial again. 1. She said 1920 boycot is not right. she had mentioned british wanted to give to us higher education.2. She like english system and society.3.She urge to people to follow law and order now. It mean she set back english way and society.
    But USA against to british and freedom 200 years ago, now their system follow most . British still willing to take over our some area. So her mind is not yet maturely.Because natuional issue her tone is soft , not hard as her farther.And her mind is still to listen advice from USA .So she can not be our national leader.

    ReplyDelete