Friday 22 May 2015

အသားအရေနဲ့ ဆံသားကောင်းဖို့ ထောက်ကူပေးတဲ့ သရက်သီး

အခုချိန်က သရက်သီးတွေ စပေါ်ချိန်ဖြစ်တာမို့ အချိန်အခါနဲ့ ကိုက်ညီအောင် အလှအပစိတ်ဝင်စားတဲ့ ပျိုမေ တို့ အတွက် သရက်သီးရဲ့ ကောင်းကျိုးလေးတွေ မျှဝေ ပေးလိုက်ပါတယ်။

သရက်သီးမှာ ဗီတာမင်စီ၊ ဗီတာမင်အေနဲ့ သက်စောင့်ဓာတ်တွေပါတာ မို့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေး အတွက် ထောက်ကူပေးပါ တယ်။

အရေးကြီးဆုံးအချက်တစ်ခု အနေနဲ့ သရက်သီးဟာ သွေးကင်ဆာ၊ ရင်သားကင်ဆာ၊ အူနဲ့ ပရော့စတိတ် ကင်ဆာရောဂါတွေ မဖြစ်ပွားနိုင်အောင်  ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အသားအရေအတွက်ဆိုရင်လည်း ၀က်ခြံတို့၊ အသားအရေ မွဲခြောက်တာတို့၊ အစက်အပြောက်တို့၊ အရေး အကြောင်းတို့ စတာ တွေမဖြစ်အောင် လုပ်ဆောင်ပေး တဲ့အပြင် သရက်သီးကိုအနှစ်လုပ်ပြီး သဘာဝ မျက်နှာသစ်ဆေး ဖန်တီးကာ မျက်နှာသစ်ပေးရင်လည်း မျက်နှာအသားအရေ ကြည်စင်ဝင်းပပြီး အရွယ်တင် နုပျိုစေပါတယ်။

ဒါတွေတင် ဘယ်ကမလဲ။ ဆံသားမကောင်းလို့ စိတ်ညစ် နေသူတွေအတွက်လည်း သရက်သီးက ကူညီ နိုင်ပါသေးတယ်။ သရက်သီးမှာပါတဲ့ ဗီတာမင်စီက ဆံပင်သားတွေခြောက်ပြီး အရောင်မှိန်တာတွေ မဖြစ် အောင် ထောက်ကူပေးပါတယ်။ သရက် သီးအနှစ်ကို သဘာဝဆံပင်ပျော့ ဆေးအဖြစ် သုံးပေးရင် ဦးရေပြား ခြောက်တာ၊ ဆံပင်ကျွတ်တာ၊ ဗောက်ထတာတွေကို ကာကွယ် နိုင်ပါတယ်။ ဒီတော့ စားရင်စား သလို အကျိုးများတဲ့ သရက်သီး ကိုကျန်းမာလှပရေးအတွက် အကျိုးရှိရှိ သုံးကြရအောင်ပါ။

-Ref: healthmeup
7Day DAILY 

No comments:

Post a Comment