Friday 22 May 2015

ရွှေ့ပြောင်းလှေစီးဒုက္ခသည်များအရေး သုံးနိုင်ငံ ဆွေးနွေးပွဲသို့ မြန်မာ တက်ရောက်မည်

ရွှေ့ပြောင်းဝင်ရောက် လာသူများနှင့် လှေစီးဒုက္ခသည် များအရေး ဆွေးနွေးရန် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဖိတ်ခေါ်ထားသည့် သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲ သို့ မြန်မာအစိုးရ တက်ရောက် ဆွေးနွေးမည်ဟု သတင်းရရှိ သည်။

ရွှေ့ပြောင်းဝင်ရောက်လာသူများအား ရိုဟင်ဂျာဟု သုံးနှုန်းမည်ဆိုပါက အဆိုပါဆွေးနွေးပွဲသို့ တက်ရောက် မည် မဟုတ်ဟု မြန်မာအစိုးရက ထိုင်းဝန်ကြီးချုပ်၏ မူလဖိတ်ခေါ်ချက်ကို အကြောင်းပြန်ထားပြီး ယင်း စကားလုံးသုံးနှုန်းမည်မဟုတ်၍ တက်ရောက်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဦးရဲ ထွဋ်က ပြောသည်။

ထိုင်းဝန်ကြီးချုပ်သည် အထောက်အထားမဲ့ ၀င်ရောက်လာသူများအား ထိုင်း၊ မြန်မာနှင့် မလေးရှား သုံးနိုင်ငံ ထိပ်သီးဆွေး နွေးရန် မေလ ၇ ရက်က ဖိတ်ခေါ် ခဲ့ပြီး ယင်းဆွေးနွေးပွဲကို မေလ ၂၉ ရက်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ် မည်ဖြစ်သည်။

‘‘အခု အစည်းအဝေးမှာ ရိုဟင်ဂျာစကားလုံးမသုံးလို့ သွား တက်တာပါ’’ဟု ဦးရဲထွဋ်ကပြောသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အမေရိကန်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ တက်ရောက် ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေသတွင်းနိုင်ငံအများစုက ရွှေ့ပြောင်းဒုက္ခသည်များအရေး ကို အထူးစိတ်ပျက်နေသည့်အခြေ အနေတွင် ရှိနေခြင်းကြောင့် မြန်မာက ဒေသတွင်းနိုင်ငံတစ်ခု အနေဖြင့် အများနည်းတူပါဝင် ဆွေးနွေးရခြင်းဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ် အဆင့်အနေဖြင့် ဆွေးနွေးပွဲတက်ရောက်ရန် ညှိနှိုင်းဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေးဒုဝန် ကြီး ဦးသန့်ကျော်ကပြောသည်။

‘‘မြန်မာအနေနဲ့ အစည်းအဝေးမှာ သုံးနှုန်းမယ့် အခေါ်အဝေါ် နဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ မြန်မာပြည်သူ တွေ လက်မခံနိုင်တဲ့ အသုံးအနှုန်းသုံးမယ်ဆိုရင် အားလုံး ဆောင်ရွက်လိုကြတဲ့ ဒေသတည်ငြိမ်ရေး၊ လုံခြုံရေးကို အထောက်အကူပြုဖို့ အခြေအနေ ပေါ်လာပါ့မလား။ ဒါဆိုအခက်အ ခဲဖြစ်လာလိမ့်မယ်။ လူသားချင်းစာနာမှုနဲ့ နိုင်ငံရေးမရောထွေး သင့်ကြောင်းကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးရာမှာ ထည့်သွင်းအသိပေး ထားပါတယ်’’ ဟု ၎င်းက ပြောကြားသည်။

7Day DAILY 

No comments:

Post a Comment