Sunday 15 March 2015

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့်ကေအိုင်အိုအဖွဲ့တို့နေပြည်တော်တွင် နှစ်နာရီကြာတွေ့ဆုံ

နေပြည်တော်-ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆိုင်ရာစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းဦးဆောင်သော ပြည်ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ ( ကေအိုင်အို) တို့သည် ယနေ့ ( မတ်လ ၁၅ ) တွင် နေပြည်တော်တွင် နှစ်နာရီနီးပါးကြာတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ 
နေပြည်တော်ရှိ ၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ တွင် ယနေ့ မနက်ပိုင်း ကိုးနာရီမှစတင်ကာ ၁၀ နာရီ၄၅မိနစ်ခန့်အထိအစိုးရ နှင့် ကေအိုင်အိုတို့သည် တွေဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 
‘’တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်က အောင်မြင်ဖို့ဆိုတာလို တယ် နှစ်ဖက်စလုံးကလည်း အောင်မြင် အောင် ကြိုးစားရမယ် ဆိုတဲ့ သဘောထား ကို ဖလှယ်ခဲ့ကြတာပါ ‘’ဟု ကေအိုင်အေ
ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ် ဂွန်မော်က တွေ့ဆုံပွဲအပြီး တွေ့ဆုံပွဲရလဒ်ကို သတင်းမီဒီယာများအား ပြောသည်။ 
အဆိုပါတွေ့ဆုံပွဲကို အစိုးရဖက်မှ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ဦးဆောင်ခဲ့ခြင်းဖြစ်ကာ ကေအိုင်အို အဖွဲ့ကိုမူ ဒေါက်တာ လဂျာက ဦးဆောင်တက်ရောက်ခဲ့သည်။

ဓာတ်ပုံ- ရန်မျိုးနိုင်
7Day News Journal

No comments:

Post a Comment