Sunday 15 March 2015

တရုတ်တွင် အရည်အသွေးမမီ ထုတ်ကုန်အမြောက်အမြား မီးရှို့ဖျက်ဆီး


385853
မတ်လ ၁၅ ရက်နေ့ ကမ္ဘာ့စားသုံးသူ အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံမှာ အရည်အသွေးမမီတဲ့ ထုတ်ကုန်အမြောက်အမြားကို မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
မီးရှို့တဲ့အထဲမှာ ဗျောက်အိုး၊ မီးသတ်ပစ္စည်းတွေ၊ ဆေးဝါးတွေ ပါဝင်ပါတယ်။
တရုတ်နိုင်ငံ အရှေ့ပိုင်းက ဂျင်ဟူး အုပ်ချုပ်ရေးနယ်မြေမှာ အရည်အသွေးစစ်ဆေးရေးအဖွဲ့က စံချိန်မမီတဲ့ ဗျောက်အိုး သေတ္တာပေါင်း ၁ ထောင်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

တခြား အရည်အသွေးမမီတဲ့ မီးဘေးအချက်ပြ ဆိုင်းပုဒ်တွေနဲ့ မီးသတ်ဘူးတွေအပါအ၀င် ပစ္စည်းပေါင်း ၃၀၀ ကိုလည်း မီးရှို့ခဲ့ပါတယ်။
ပြည်နယ်ရဲအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်က ကုမ္ပဏီပေါင်း ၁၉၀၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး စည်းကမ်းနဲ့ မညီတဲ့ အမှုပေါင်း ၂၀ အတွက် ပြစ်ဒဏ်တွေကိုလည်း ချမှတ်ခဲ့ပါတယ်။
မီးသတ်ပစ္စည်း ထုတ်ကုန်တွေဟာ မီးသတ်တဲ့နေရာမှာ သုံးဖို့ ဖြစ်ပေမယ့် အရည်အသွေးမမီရင် အလုပ်မဖြစ်ပါဘူးလို့ ပြည်နယ် မီးသတ်ဌာနက လက်ထောက်ညွှန်မှူး လီလီက ပြောပါတယ်။
တရုတ်နိုင်ငံ တောင်ပိုင်း နန်နင်းမြို့က အစားအစာနဲ့ ဆေးဝါး ထိန်းချုပ်ရေးဌာနကလည်း ဆေးဝါးအတု သေတ္တာပေါင်း ၂၈၀၀၀၀ ကျော်ကို ဖျက်ဆီးခဲ့ပါတယ်။

DVB

No comments:

Post a Comment