Thursday 26 February 2015

ဂရိဘောလုံးလိဂ်ပြိုင်ပွဲ များကို အကန့် အသတ်မရှိ ရပ်နား


အိုလံပီယောကော့စ်နှင့် ပါနာသီနာကော့စ်အသင်းတို့ ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် အကြမ်းဖက် တိုက်ခိုက်မှု များဖြစ်ပွား ခဲ့ပြီးနောက် ဂရိအစိုးရက ဂရိအမှတ်ပေးလိဂ်ပြိုင်ပွဲများကို အကန့်အသတ်မရှိရပ်နားရန် အမိန့်ထုတ်ပြန် လိုက်ပြီဖြစ်သည်။ ယခုထုတ်ပြန်လိုက် သည့်အမိန့်သည် ဂရိနိုင်ငံ၏ အဆင့်မြင့်ဆုံး အမှတ်ပေးပြိုင်ပွဲ သုံးခုစလုံး အကြုံးဝင် မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလနှင့် နိုဝင်ဘာလများကလည်း အကြမ်းဖက် တိုက်ခိုက်မှု ပဋိပက္ခများဖြစ်ပွား ခဲ့သည့်အတွက် ဂရိ အမှတ်ပေးပြိုင်ပွဲများ ကိုနှစ်ကြိမ် ရပ်နားခဲ့ရပြီး ဖြစ်သည်။ ယခုပြဿနာများကို အရေးယူဖြေရှင်းသွားမည်ဟု ဂရိနိုင်ငံ၏ အနိုင်ရ ပါတီသစ် Syriza က ကတိပေးခဲ့သည်။

'ကျွန်တော် တို့မှာ အစိုးရသစ် ရှိပါတယ်။  ဒီပြဿနာပြီးမြောက် သွားစေ ဖို့တွေ့ဆုံဆွေးနွေး  မှုတွေပြည်နယ်  ဆိုင်ရာ  ဥပဒေနဲ့ ပတ်သက် တာတွေကို အစိုးရ ကစောင့်ကြည့်နေပါတယ်။ အစိုးရအနေနဲ့ လိဂ်ပြိုင်ပွဲတွေ ကိုဖြစ်နိုင်သ မျှမြန်မြန်ပြန်ပြီး စတင်စေချင်ပါတယ်။ ဒါပေမဲ့ကျွန်တော် တို့အားလုံးရဲ့ ချက်ချင်း တုန့်ပြန် မှုတွေကို သူတို့ ကမြင်တွေ့ လိုနေပါတယ်' ဟု ဂရိဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဘိုရိုဗီလော့ဗ် ကပြောသည်။

အမှတ်ပေးဇယားကို ဦးဆောင်နေသည့် အိုလံပီယာကော့စ်အသင်းကို ပါနာသီနာကော့စ်အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲတွင် ပရိသတ်များ သည်မီးရူး မီးပန်းများ၊ ပုလင်းများ၊ ကျောက်တုံးများဖြင့် တာဝန်ရှိသူများကို ပစ်ပေါက်ခဲ့ကြခြင်းဖြစ်သည်။

အေသင်မြို့အခြေစိုက်ယင်းကလပ်အသင်းနှစ်သင်းသည် ပြိုင်ဆိုင်မှုအလွန်ပြင်းထန်သည့် ပြိုင်ဖက်များဖြစ်ပြီး တစ်သင်း ကိုတစ် သင်းရန်သူ များအဖြစ်သတ် မှတ် ထားကြခြင်းဖြစ်သည်။

အိုလံပီယာကော့စ်ကွင်းမှ လုံခြုံရေးတစ်ဦးကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့သည့် ပါနာသီနာကော့စ်အသင်းမှ တာဝန်ရှိသူ တစ်ဦးကိုလည်း လိဂ်ကော်မတီ အစည်းအဝေးက ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

Ref: BBC

No comments:

Post a Comment