Thursday 26 February 2015

ကက်ပီ တယ်ဝမ်း ဗိုလ်လုပွဲတွင် လူမျိုးရေးခွဲခြားပါက အရေး ယူမည်ဟု


စပါးအသင်းနှင့် ယှဉ်ပြိုင် ကစားရမည့် ကက်ပီ တယ်ဝမ်းဖလား ဗိုလ်လုပွဲတွင် လူမျိုးရေးခွဲခြား သည့်စကား များပြော ဆိုခြင်း၊အမူ ယာများ ပြုလုပ်ခြင်းများရှိလာပါက အရေးယူသွားမည်ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းက ၎င်းတို့၏ပရိသတ်များကို သတိပေးလိုက်သည်။
ပြီးခဲ့သည့်တစ်ပတ်က ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ် ပွဲစဉ်ကိုလိုက် ပါကြည့်ရှုခဲ့သည့် ချယ်လ်ဆီး ပရိသတ် အချို့၏ လူမျိုးရေးခွဲခြား သည့်ဖြစ် ရပ်မှာ လည်းဆက် လက်စုံစမ်း စစ်ဆေးနေ ဆဲဖြစ်သည်။

ပရိသတ်များသည် လူမည်းတစ်ဦးကို ရထားပေါ်အတက်မခံခဲ့ဘဲ မိမိတို့သည် လူမျိုးရေးခွဲခြားသူ များဖြစ်သည် ဟုအော်ဟစ်ခဲ့ခဲ့မှုမှာ ရှက်ဖွယ်ကောင်း သည်ဟု ချယ်လ်ဆီးနည်းပြမော်ရင်ဟိုက ပြောကြားခဲ့သည်။ ဂျူးရိုးရာ အစဉ်လာရှိခဲ့သော လန်ဒန်ပြိုင်ဘက်စပါးအသင်းနှင့် ၀င်ဘာလေကွင်းတွင် ကစားရမည့်ပွဲ၌လည်း အလားတူ ကိစ္စမျိုးထပ် မံပေါ်ပေါက်လာခြင်း မရှိစေရန် ချယ်လ်ဆီး အသင်းက ကြိုးပမ်းနေခြင်းဖြစ်သည်။

"အဲဒီပွဲမှာ လူမျိုးရေးခွဲခြားမှုတွေမရှိအောင် တင်းကြပ်ကြပ်တားမြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ သံချပ်တွေ၊ အပြုအမူတွေ ကိုရှောင်ရှား ကြရပါလိမ့်မယ်။ အကယ်၍ပြု မူကြောင်းတွေ့ရှိတယ် ဆိုရင်တော့ပြင်းပြင်း ထန်ထန်အရေး ယူသွားမှာပါ"ဟု ချယ်လ်ဆီးအသင်း ကကြေညာခဲ့သည်။
   
ပြီးခဲ့သည့် ပီအက်စ်ဂျီဖြစ် စဉ်တွင် အဆင်ခြင်မဲ့ သည့်အနည်း ငယ်သော ပရိသတ် အချို့နှင့် ပတ်သက်ပြီး ချယ်လ်ဆီး ပရိသတ်များ ညီညွတ်မှု ရှိစွာဖြင့် ပူးပေါင်းဆောင် ရွက်နိုင်ခဲ့ကြောင်း၊ လူမျိုး၊လိင်၊ ကိုးကွယ်မှု၊ မသန်စွမ်း စသည်ဖြင့်ခွဲခြားမှုမရှိခြင်းကို ချယ်လ်ဆီးအသင်းက ဂုဏ်ယူကြောင်း၊ယင်းကိုဆက်လက် ထိန်းသိမ်းကြ ရန်လိုကြောင်း ချယ်လ်ဆီးအသင်း ၏ကြေညာချက်တွင် ပါရှိသည်။

Ref: Daily Mail

No comments:

Post a Comment