Thursday 26 February 2015

အိမ်ထောင်ရေးဖောက်ပြန်မှုကို ပြစ်မှုအဖြစ်မှ တောင်ကိုရီးယားပယ်ဖျက်၊ ကွန်ဒုံးကုမ္ပဏီရှယ်ယာဈေးထိုးတက်

ပြစ်မှုအဖြစ်ပြဌန်းထားတာ နှစ်၆၀ ကျော်ပြီဖြစ်ပြီး ချိုးဖောက်သူတွေကို ထောင်ဒဏ် ၂ နှစ်အထိချမှတ်နိုင်တဲ့ အိမ်ထောင်ရေးဖောက်ပြန်မှု ဥပဒေ ကို တောင်ကိုရီးယားအခြေခံဥပဒေတရားရုံးက ဒီကနေ့ ကြာသပတေးနေ့မှာ ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။

` အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျင့်ဝတ်ဖောက်ဖျက်မှုတစ်ခုလို့ ပြစ်တင် ဝေဖန်သင့်တယ်ဆိုရင်တောင်မှ လူတစ်ဦးချင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ မှာ နိုင်ငံ့အာဏာနဲ့ ၀င်မစွက်သင့်ပါဘူး ´ လို့ တရားသူကြီး ပက်ဟန်ချူးက ပြောခဲ့ပါတယ်။
ယင်း တရားရုံးဆုံးဖြတ်ချက်ကြောင့် တောင်ကိုရီးယားရဲ့ ကမ္ဘာ့အကြီးဆုံး ကွန်ဒုံးကုမ္ပဏီတစ်ခုဖြစ်တဲ့ Unidus Corp. ရဲ့ ရှယ်ယာဈေးဟာ ပြည်တွင်းစတော့ ရှယ်ယာ ဈေးကွက်မှာ တစ်နေ့တာ အမြင့်ဆုံးအကန့်အသတ် ၁၅ရာခိုင်နှုန်း အထိ တဟုန်ထိုးမြင့်တက်သွားခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

Ref: AFP

No comments:

Post a Comment