Friday 4 April 2014

ရိုဟင်ဂျာဟုထွက်ဆိုသောဘင်္ဂါလီများကိုသန်းခေါင်စာရင်းကောက်ယူခြင်းမရှိဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောကြား

ရခိုင်ပြည်နယ်အတွင်း သန်း ခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာဟု ထွက်ဆိုသော ဘင်္ဂါလီ လူမျိုးများကို စာရင်းကောက်ယူခြင်း မရှိကြောင်း ရခိုင်ပြည်နယ်အစိုးရ သတင်းပြန်ကြားရေးအဖွဲ့ အတွင်း ရေးမှူးဦးဝင်းမြိုင်က ရန်ကုန်တိုင်းမ် သို့ပြောသည်။
ယင်းကဲ့သို့ သန်းခေါင်စာရင်း ကောက်ယူရာတွင် စစ်တွေမြို့နယ် အတွင်းမှ အစ္စလာမ်ဘာသာဝင်များ က ရိုဟင်ဂျာထွက်ဆိုသော်လည်း အ ချို့က ဘင်္ဂါလီဟုသာထွက်ဆိုကြောင်း ဦးဝင်းမြိုင်ကဆိုသည်။
''တချို့က ရိုဟင်ဂျာလို့ပြောလို့ သန်းခေါင်စာရင်းမကောက်ဘူး။ တ ချို့ကတော့ ဘင်္ဂါလီပြောတယ်'' ဟု ¤င်းကပြောသည်။

ဘင်္ဂါလီ ဒုက္ခသည်စခန်းများ နှင့် ဘင်္ဂါလီကျေးရွာများ၌ သန်း ခေါင်စာရင်း သွားရောက်ကောက်ခံ ရာတွင် ရိုဟင်ဂျာလူမျိုးဟုထွက်ဆို သည့်အတွက် စာရင်းမကောက်ဖြစ် ခဲ့သော်လည်း အချို့ကမူ မိမိတို့ ဘင်္ဂါ လီလူမျိုးသာဖြစ်ကြောင်း ထွက်ဆိုကြ သည်ဟု ဦးဝင်းမြိုင်က ပြောသည်။
ယခုလို ရိုဟင်ဂျာများကို သန်း ခေါင်စာရင်း မကောက်ယူခြင်းနှင့် ပတ်သက်ပြီး အစ္စလာမ်ဘာသာဝင် ဦးအောင်ဝင်းက ''မေးကတည်းက ဘာလူမျိုးလဲဆိုတာမေးတယ်။ အဲဒါ မျိုးမေးခွင့်မရှိဘူး။ ဒါ သန်းခေါင်စာ ရင်းဥပဒေကို ချိုးဖောက်လိုက်တာ ပဲ။ အစိုးရလဲ လွတ်လပ်စွာထည့်လို့ ရပါတယ်လို့ ပြောထားပြီးသား'' ဟု ဝေဖန်ပြောဆိုပါသည်။
ယင်းသို့ ဘင်္ဂါလီလူမျိုးများကို သန်းခေါင်စာရင်း ကောက်ယူရာတွင် ထည့်သွင်းရေး၊ မထည့်သွင်းရေးနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်း ဆန္ဒထုတ်ဖော်မှုများပင် ဆက်တိုက် ဖြစ်ပွားခဲ့သေးသည်။

Yangon Media Group

No comments:

Post a Comment