အမေရိကန်နဲ့ အာဆီယံကာကွယ်ရေး ဝန်ကြီးများ ဆွေးနွေးမှုအတွင်း ရာသီဥတုပြောင်းလဲ မှုတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးမှာ အမေရိကန်က အာဆီယံနိုင်ငံတွေကို ကာကွယ်ပေးမယ်လို့ ကမ်းလှမ်းလိုက်သလို စစ်တပ်တွေနဲ့ အရေးပေါ် ဌာနတွေအကြား ပိုမိုပူးပေါင်းလုပ်ကိုင်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဟိုနိုလူလူမြို့ဟာ အမေရိကန်နိုင်ငံရဲ့ ရာသီဥတုသုတေသနစင်တာကြီးဖြစ်နေပြီး ရာသီဥတုပြောင်း လဲမှုကြောင့် ပင်လယ်ရေမြင့်တက်လာမှုနဲ့ ဆူနာမီရေလှိုင်းတွေကို တောက်လျှောက်ထောက်လှမ်းတဲ့ စင်တာကြီးလည်း ရှိပါတယ်။
အာဆီယံနဲ့ အမေရိကန် တပ်တွေကြား လူသားခြင်းစာနာမှု အကူအညီပေးရေးတွေမှာ ပူးပေါင်းမှုတွေ ပိုရှိလာပေမယ့် ဒီထက်မက ပူးပေါင်းမှုတွေလုပ်ဖို့လိုပြီး အာဆီယံနဲ့ ပစိဖိတ်ဒေသအတွင်း မုန်တိုင်းတွေ၊ သဘာဝဘေးအန္တရာယ်တွေ ကျရောက်နိုင်တယ်လို့လည်း သိပ္ပံပညာရှင်တွေက သတိပေးထားတယ်လို့ ဆိုပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်တဲ့ သဘာဝဘေးအန္တရာယ် ၇၀% ကို အာရှနဲ့ ပစိဖိတ်ဒေသက အလူးအလဲ ခံရတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီဘေးအန္တရာယ်တွေရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဆက်လက်ဖြေရှင်းနေရတာ ဖြစ်တယ်လို့လည်း အမေရိကန် သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ABC Radio Australia
No comments:
Post a Comment