Friday 4 April 2014

ရန်ကုန် မြို့တော် နယ်နိမိတ် အတွင်း မော်တော် ဆိုင်ကယ် စီးနင်း ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ခရိုင်/ မြို့နယ် အုပ်ချုပ်ရေး မှူးများ၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ တို့မှ အရေးယူ ဆောင်ရွက် လျက် ရှိသည့် ကိစ္စ

၁။ ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခြင်းခွင့်မပြုဟု သတ်မှတ် ထားသော်လည်းအချို့မြို့နယ်များတွင် စည်းကမ်းမဲ့ မောင်းနှင်လျက် ရှိပါကြောင်းနှင့် ဆိုင်ကယ်အပိုပစ္စည်း အရောင်း ဆိုင်များနှင့် ဆိုင်ကယ် ပြင်ဆိုင်များသည်လည်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်လျက်ရှိပါကြောင်း၊ လိုင်စင်မဲ့ဆိုင် ကယ်များ စီးနင်းနေသောကြောင့် မတော်တဆမှုများ ဖြစ်လာပါက ဖမ်းဆီးအရေးယူရန် အခက်အခဲဖြစ်နေ ကြောင်း ဒေသခံပြည်သူများက ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဆပ်ကော်မတီသို့ ပေးပို့ လာသည့် အတွက် သက် ဆိုင်ရာ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့တို့မှ အရေးယူ ဆောင် ရွက်ထားရှိမှုအား မိဘပြည်သူများ သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

၂။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စီးနင်းသော မော်တော် ဆိုင်ကယ်များအား သက်ဆိုင်ရာ ခရိုင် အုပ်ချုပ်ရေးမှူးများ၏ ကြီးကြပ်မှုဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ နေ့စဉ် ဖမ်းဆီးလျက်ရှိပြီး လိုင်စင်ရှိ ဆိုင်ကယ်များအား နယ်ကျော် စီမံ ချက်ဖြင့် ဒဏ်ငွေ ၅၁,၅ဝဝ ကျပ်၊ လိုင်စင်မဲ့ ဆိုင်ကယ်များအား ပိုင်ရှင်ဖြင့် ဖမ်းဆီးမိပါက ပို့ကုန်/သွင်းကုန် ပုဒ်မ-၈ အရအရေးယူပြီး ပိုင်ရှင်မရှိ လိုင်စင်မဲ့ ဆိုင်ကယ်များအား သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနမှ ပိုင်ရှင်မဲ့ ကြေညာကာ သက်တမ်းခြောက်လ ကျော်ပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးရေး တိုးတက်မှုဝန်ကြီးဌာနသို့ ပေးအပ်ခဲ့ကြောင်း၊ ဒဂုံတောင်မြို့နယ် တွင်လည်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ မော်တော်ဆိုင်ကယ် အရောင်းဆိုင် ၁၄ ဆိုင်၏ ပိုင်ရှင်များနှင့် တွေ့ဆုံပြီး ဆိုင်ပိတ်သိမ်းနိုင်ခဲ့ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်း နယ်ကျော်စီးနင်းလာသော ဆိုင်ကယ်များကို ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိပါကြောင်း သိရှိရပါသည်။
ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆပ်ကော်မတီ

မြ၀တီ

No comments:

Post a Comment