Friday 4 April 2014

ကမ္ဘာ့ဖလား ဘောလုံးကွင်း တည်ဆောက်ရေးလုပ်ငန်းရှိ ထပ်တိုးပွဲကြည့်စင်တွေ ရက်ပိုင်းအတွင်း အပြီးသတ်မည်

WorldCup2014
ဘရာဇီး အားကစားဒုဝန်ကြီး လူးဝစ်ဖာနန်ဒက်က ဒီရက်သတ္တပတ်အဆုံးမှာ ဆာပေါ်လိုမြို့မှာ တည်ဆောက်နေတဲ့ ကမ္ဘာ့ဖလား ဘောလုံးကွင်းတည်ဆောက်ရေးလုပ်ငန်းမှာ ထပ်တိုး ပွဲကြည့်စင်တွေကို အပြီးသတ်နိုင်မယ်လို့ ဧပြီ ၃ ရက်နေ့က ပြောပါတယ်။
၂၀၁၄ ကမ္ဘာ့ဖလားဖွင့်ပွဲကို ဆာပေါ်လိုမြို့ ဘောလုံးကွင်းမှာ ဇွန် ၁၂ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းတွေ အခုထိ မပြီးပြတ်သေးတာပါ။
ဘောလုံးကွင်းမှာ ပွဲကြည်စင်တွေကို တိုးချဲ့ဆောက်လုပ်တဲ့ လုပ်ငန်းတွေ မပြီးသေးရုံသာမက အသံလွှင့်မယ့်
ခန်းမနဲ့ နိုင်ငံတကာ မီဒီယာသမားတွေကို နေရာချထားရေး အတွက်လည်း နေရာအဆင်သင့် မဖြစ်သေးပါဘူး။

ဘောလုံးကွင်း တည်ဆောက်ရေးမှာ နှောင်းနှေးနေတဲ့ကြားက မတ် ၂၉ ၇က်နေ့မှာလည်း ဆောက်လုပ်ရေး အလုပ်သမား ၁ ယောက် ၂၅ ပေ အမြင့်ပေါ်က ပြုတ်ကျ သေဆုံးခဲ့ပြန်ပါတယ်။
ဒီ ၁ ယောက်ပါဆိုရင် ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးကွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ သေဆုံးသူ ၇ ယောက် ရှိသွားပါပြီး။
မနှစ် နိုဝင်ဘာလတုန်းကလည်း ဒီဘောလုံးကွင်းဆောက်လုပ်ရေး လုပ်ငန်းခွင်မှာပဲ ၀န်ချီစက် မတော်တဆဖြစ်မှုအတွင်း အလုပ်သမား ၂ ယောက် သေဆုံးခဲ့ပါတယ်။
ဘောလုံးကွင်းမှာ ပင်မပွဲကြည့်စင်မှာ ထိုင်ခုံ ၄ သိန်း ၈ ထောင်စာ တည်ဆောက်ထားပြီး နောက်ဆုံးပွဲစဉ် အတွက် ရည်ရွယ်ပြီး ထိုင်ခုံ ၂ သောင်းကို ထပ်ဖြည့် တည်ဆောက်နေတာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment