Sunday 12 October 2014

အဆုတ်ဖုံးမြှေးနှစ်လွှာအကြား လေ၀င်လို့ ခွဲစိတ်ကုသမှုခံယူရမယ့် ၀ူဟီး

Photo: အဆုတ်ဖုံးမြှေးနှစ်လွှာအကြား လေ၀င်လို့ ခွဲစိတ်ကုသမှုခံယူရမယ့် ၀ူဟီး
Sunday, Ocotber 12, 2014

တောင်ကိုရီးယား မိန်းကလေးအဆိုရှင်များ အဖွဲ့ Dal Shabet မှ အဖွဲ့ဝင်ဝူဟီးသည် အဆုတ်ဖုံးမြှေးနှစ်လွှာကြား လေ၀င်သည့် ဝေဒနာ (pneumo-thorax) ကို ခံစားနေရသည့်အတွက် လက်ရှိတွင် ဆေးရုံတက်နေရသည်ဟု Dal Shabet အဖွဲ့ အေ ဂျင်စီကပြောသည်။

ဝူဟီးသည် အောက်တိုဘာ ၈ ရက်ကတည်းက ဆိုးလ်မြို့၌ ဆေးရုံတက်နေရပြီး လာမည့်သီတင်းပတ်တွင် ခွဲစိတ်ကုသမှုခံယူ ရန် အစီအစဉ်ရှိသည်ဟု အေဂျင်စီက ပြောသည်။ ၀ူဟီးသည် လွန်ခဲ့သည့် လေးနှစ်ခန့်ကလည်း ယင်းဝေဒနာဖြင့်ပင် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်ဟု အေဂျင်စီကပြောသည်။

အေဂျင်စီက  ၎င်း၏ ကျန်းမာရေးအခြေအနေကို ဆက်လက်စောင့်ကြည့်ဦးမည်ဟုလည်း ပြော ကြားခဲ့သည်။ ပြီးခဲ့သည့် မေလကလည်း Dal Shabet အဖွဲ့ဝင် ချွဲဆူဘင် ယာဉ်မတော်တဆမှုဖြင့် ဆေးရုံ တက်ခဲ့ရသည်။ Dal Shabet အဖွဲ့ဝင်များသည် လာမည့်နှစ် ဇန်န၀ါရီတွင် ထွက်ရှိမည့် အယ်လ် ဘမ်သစ်အတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

Ref: Soompi
7Day DAILY
တောင်ကိုရီးယား မိန်းကလေးအဆိုရှင်များ အဖွဲ့ Dal Shabet မှ အဖွဲ့ဝင်ဝူဟီးသည် အဆုတ်ဖုံး မြှေးနှစ်လွှာကြား လေ၀င်သည့် ဝေဒနာ (pneumo-thorax) ကို ခံစားနေရသည့်အတွက် လက်ရှိတွင် ဆေးရုံတက်နေရသည်ဟု Dal Shabet အဖွဲ့ အေ ဂျင်စီကပြောသည်။

ဝူဟီးသည် အောက်တိုဘာ ၈ ရက်ကတည်းက ဆိုးလ်မြို့၌ ဆေးရုံတက်နေရပြီး လာမည့်သီတင်းပတ်တွင် ခွဲစိတ် ကုသ မှုခံယူ ရန် အစီအစဉ်ရှိသည်ဟု အေဂျင်စီက ပြောသည်။ ၀ူဟီးသည် လွန်ခဲ့သည့် လေးနှစ်ခန့် ကလည်း ယင်းဝေဒနာဖြင့်ပင် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်ဟု အေဂျင်စီကပြောသည်။

အေဂျင်စီက  ၎င်း၏ ကျန်းမာရေးအခြေအနေကို ဆက်လက်စောင့်ကြည့်ဦးမည်ဟုလည်း ပြော ကြားခဲ့ သည်။ ပြီးခဲ့သည့် မေလကလည်း Dal Shabet အဖွဲ့ဝင် ချွဲဆူဘင် ယာဉ်မတော်တဆမှုဖြင့် ဆေးရုံ တက်ခဲ့ရသည်။ Dal Shabet အဖွဲ့ဝင်များသည် လာမည့်နှစ် ဇန်န၀ါရီတွင် ထွက်ရှိမည့် အယ်လ် ဘမ်သစ်အတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

Ref: Soompi
7Day DAILY 

No comments:

Post a Comment