Wednesday 15 October 2014

လိပ်ကျွန်းလူသတ်မှု၊ မြန်မာသံအမတ်အမေး၊ ထိုင်းရဲအဖြေ

ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံ ရခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင်၊ ဗြိတိန် သံအမတ် Mark Andrew Geoffrey Kent ၊ ထိုင်းဘက်မှ ရဲချုပ် Somyot နှင့် ဒုတိယရဲချုပ် Surapong Suwarnna တို့သည် အောက်တိုဘာ ၁၄ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုတွေ့ဆုံပွဲတွင် ဒုတိယရဲချုပ်က မှုခင်းအခြေအနေများ အသေးစိတ်ရှင်း လင်းခဲ့ပြီး ဗြိတိန်မှ မေးခွန်း ၁၈ ခု၊ မြန် မာဘက်မှ မေးခွန်း ၁၇ ခုမေးမြန်းခဲ့ ရာ မြန်မာဘက် မှ မေးမြန်းချက်များ နှင့် ထိုင်းရဲတပ်ဖွဲ့မှ ဖြေဆိုမှုများကို ဖော်ပြလိုက်ပါသည်။
မေး - မှုခင်းဖြစ်ပွားပြီးနောက် အ ဆိုပါကျွန်းမှ ထွက်ခွာသွားသူများအား လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်ခြင်း ရှိ မရှိ သိရှိလိုသည်။
ဖြေ - အခင်းဖြစ်ပွားသည့်အနားမှ လူအားလုံး၏ DNA ကိုစစ်ဆေးခဲ့ရာလူ ပေါင်း ၃၆ဝ ကျော်အားစစ်ဆေးခဲ့သည်။
မေး -DNAစစ်ဆေးရာတွင် ဆီး၊ တံတွေး၊ သွေး အစရှိသည်တို့အနက်မှ မည်သည့်အမျိုးအစား စစ်ဆေးခဲ့သည် ကို သိရှိလိုသည်။
ဖြေ - ကျွန်းပေါ်မှလူများ၏ DNA ကို စစ်ဆေးရာတွင် အာခေါင်ထဲမှ အ သားစကို စစ်ဆေးခဲ့သည်။ အသတ်ခံရ သူအမျိုးသမီး၏ သားအိမ်အတွင်းမှ တရားခံ၏ DNAကို ရယူခဲ့သည်။
မေး - စီးကရက်အစီခံများမှDNA ကို စစ်ဆေးခဲ့ရာတွင် အခင်းဖြစ်ပွားခဲ့ သည့်နေရာမှ စီးကရက် ဟုတ်/မဟုတ် သိရှိလိုသည်။
ဖြေ - အခင်းဖြစ်ပွားသည့်နေရာမှ စီးကရက်ကို ဆေးလိပ်အစီခံတွင်ရှိသောDNA ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ခြင်းဖြစ် သည်။
မေး - ဂစ်တာတီးသည့်နေရာမှ စီး ကရက်အားDNA စစ်ဆေးခဲ့ခြင်း ရှိ/ မရှိ သိရှိလိုသည်။
ဖြေ - စီးကရက်သုံးလိပ်ကို စစ်ဆေး ခဲ့သည်။ ပထမတစ်လိပ်မှာDNA နမူနာA, B နှင့်ကိုက်ညီသည်။ ဒုတိယ တစ်လိပ် မှာA နှင့် ကိုက်ညီသည်။ တတိယတစ်လိပ်မှာ မည်သည့် DNA နှင့်မျှ မကိုက်ညီ။
မေး - အခင်းဖြစ်ပွားရာနေရာ၌ တွေ့ခဲ့သောကွန်ဒုံးအားDNA စစ်ဆေး ခဲ့ခြင်း ရှိ/မရှိ သိရှိလိုသည်။
ဖြေ - ၄င်းကွန်ဒုံးအား စစ်ဆေးခဲ့ ရာ အသတ်ခံရသူ အမျိုးသမီး၏DNA ကိုသာ တွေ့ရှိခဲ့ရသည်။
မေး - DNA စစ်ဆေးခဲ့သော စီး ကရက်များအား အခင်းဖြစ်ပွားသည့်နေ ရာမှရရှိခဲ့ခြင်းလား သို့မဟုတ် ဂစ်တာတီး သည့်နေရာမှ ရရှိခဲ့ခြင်းလား ဆိုသည် ကို သိလိုသည်။
ဖြေ - ဂစ်တာတီးသည့်နေရာနှင့် အခင်းဖြစ်ပွားရာတစ်ဝိုက်အား အခင်း ဖြစ်ပွားရာနေရာဟု သတ်မှတ်ပါသည်။
မေး - အသတ်ခံရသည့်အမျိုးသမီး ၏ လက်ထဲတွင်ရှိသော ဆံပင်အရောင် အား သိရှိလိုသည်။
ဖြေ - ဆံပင်အရောင်မှာ ဆေးဆိုး ထားခြင်းမရှိဘဲ အာရှသားတစ်ဦး၏ဆံ ပင်အရောင်ဟု ယူဆရသည်။
မေး - အစွပ်စွဲခံရသူ သုံးဦးအား ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပြီး ပြန်လည် လွှတ်ပေးခဲ့ခြင်း၏ အကြောင်းအရင်းကို သိရှိလိုသည်။
ဖြေ - ၄င်းတို့သုံးဦးအား ပထမဆုံး အကြိမ်စစ်ဆေးခဲ့ခြင်းမရှိ။
မေး - အမှုနှင့်ပတ်သက်၍ စစ်ဆေး မေးမြန်းခြင်းခံရသူ မည်မျှရှိသည်ကို သိ ရှိလိုသည်။
ဖြေ – ၄၈ဝ ဦးရှိသည်။ အခြားသတင်း ပေးအချက်အလက်အရ သွားရောက်စုံ စမ်းခဲ့ခြင်းများလည်း ရှိသည်။
မေး - အဆိုပါ ၄၈ဝ ဦးအား စစ် ဆေးရာတွင် အချိန်မည်မျှ ကြာမြင့်သည် ကို သိရှိလိုပါသည်။
ဖြေ - ၁၈ ရက်ခန့် ကြာမြင့်သည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် ဝင်း ဇော်ထွန်းကိုလည်းကောင်း၊ အောက်တို ဘာလ ၃ ရက်နေ့တွင် ဇော်လင်းကို လည်းကောင်း ဖမ်းဆီးရမိပြီးနောက် စစ်ဆေးခဲ့ရာ ၄င်းတို့မှ ဝန်ခံသည်။
မေး - CCTV တွင် မြင်ရသူ လူ ၃ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း သိ ရှိလိုပါသည်။
ဖြေ - ၄င်း ၃ ဦးမှာ ယခု ဖမ်းဆီးရ မိသော ဝင်းဇော်ထွန်း၊ ဇော်လင်းနှင့် မောင်မောင်တို့ဖြစ်ပါသည်။
မေး - မြန်မာသံရုံးမှ ကိုယ်စား လှယ်များ သွားရောက်စစ်ဆေးစဉ် ဖမ်း ဆီးခံရသူ နှစ်ဦးအနက်မှတစ်ဦးမှာ ၄င်း ၏ ရင်ဘတ်တွင် နီရဲသည့်အကွက်ပြပြီး ရင်ဘတ်အောင့် သည်ဟု ပြောသည်နှင့် ပတ်သက်၍ ဆရာဝန်နှင့်စစ်ဆေးခြင်း ရှိ/မရှိ သိရှိလိုပါသည်။
ဖြေ - ရှေ့နေချုပ်လက်အောက်ရှိ ဆရာ ဝန်မှ ဖမ်းဆီးခံရသူများအား စစ်ဆေး ရာတွင် ဒဏ်ရာမရှိဟု ထွက်ဆိုပါသည်။
မေး - အခင်းဖြစ်ပွားသည့်နေရာ နှင့် ဂစ်တာတီးသည့်နေရာမှာ တစ်နေ ရာနှင့်တစ်နေရာ မြင်နိုင်ကြားနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါသည်။
ဖြေ - ဂစ်တာတီးသည့်နေရာနှင့် အခင်းဖြစ်ပွားသည့်နေရာမှာ ၆၅ မီတာ ကွာဝေးသည်။ ညဘက်ဖြစ်သည့် အ တွက်ကြောင့် သဲကွဲစွာ မြင်နိုင်ခြင်းမရှိ သော်လည်း ကြားနိုင်ပါသည်။
မေး - မုဒိမ်းမှုကျူးလွန်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစေလို သည်။
ဖြေ - တရားခံ၏ ထွက်ဆိုချက် အရဖြစ်သည်။ မျက်မြင်သက်သေ မရှိ ပါ။
မေး - အဆိုပါမှုခင်းတွင် စွပ်စွဲခံ ထားရသူ နှစ်ဦးအပြင် အခြားလူများ ပါဝင်ပတ်သက်မှု ရှိ/မရှိ သိလိုသည်။
ဖြေ - အခြားလူများပါဝင်ကျူးလွန် သည့် သက်သေအထောက်အထား မ တွေ့ရှိရပါ။
မေး – မှုခင်းစဖြစ်သည့်အချိန်နှင့် သက် သေအထောက်အထားများ ထိန်းသိမ်း ခြင်းသည် အချိန် ၈ နာရီ ကွာခြားနေ၍ သက်သေအထောက်အထားများ ခိုင်လုံ မှု ရှိ/ မရှိနှင့် ပြည့်စုံမှု ရှိ/မရှိ သိရှိလို ပါသည်။
ဖြေ - မှုခင်းစဖြစ်သည့်အချိန်နှင့် သက်သေအထောက်အထားများ ရရှိ သည့်အချိန်မှာ ၆ နာရီနှင့် ၃ဝ မိနစ် သာ ကြာမြင့်သည်။
မေး – သေဆုံးသူအား မာကျောသော ပစ္စည်းဖြင့် ရိုက်နှက်သည်ဟု သိရှိရ သော်လည်း သေဆုံးသူတွင် တွေ့ရှိရ သော ဒဏ်ရာမှာ ချွန်ထက်သောပစ္စည်း နှင့် ထိုးထား သည့်အပေါက်များ တွေ့ရှိ ရခြင်းနှင့်ပတ်သက်၍ ဖြေကြားပေးစေ လိုပါသည်။
ဖြေ - စစ်ဆေးတွေ့ရှိချက်များ တွင် မာကျောသောပစ္စည်းနှင့်သာ ရိုက် နှက်သည်ဟု တွေ့ရှိရသည်။
ထိုင်းရဲတပ်ဖွဲ့မှ ဖြေဆိုချက်များ အရ မြန်မာတရားခံနှစ်ဦးသည် ကိုယ် တိုင်ဝန်ခံချက်ပေးသော်လည်း အခင်းဖြစ် ပွားသည့်နေရာ၏ အထောက်အထား များ၊DNA များ၊ CCTV များနှင့် အချို့နေရာများတွင် ကွဲလွဲနေကြောင်း မြန်မာသံအမတ်က သုံးသပ်သည်။ထို့ကြောင့် စွပ်စွဲခံမြန် မာနိုင်ငံသား နှစ် ဦး အမှုမှန်ပေါ်ပေါက် စေရေးအတွက် သံရုံးအထူးအဖွဲ့နှင့် သံ ရုံးရှေ့နေတစ်ဦး၊ ထိုင်းနိုင်ငံရှေ့နေများ ကောင်စီမှ ရှေ့ နေနှစ်ဦးနှင့် ၄င်းတို့ထဲမှ Mr. Thanu Aekchote အား ခေါင်းဆောင်အဖြစ် ခန့်အပ် ၍ အောက်တိုဘာ ၁၃ ရက်တွင် ကော့စမွီတရားရုံးသို့စေ လွှတ်ကာ အမှု မှန် ပေါ်ပေါက်ရေး အထောက်အကူ ဖြစ်စေမည်ဟု သိရသည်။

Popular Myanmar

No comments:

Post a Comment