Wednesday 15 October 2014

လေယာဉ်လက်မှတ်များကို E- Ticket စနစ်ဖြင့် ရောင်းချရန် မြန်မာ့လေကြောင်း စီစဉ်

နိုင်ငံ တော်အစိုးရပိုင် မြန်မာ့လေကြောင်း လိုင်း (MA)သည် ၄င်းတို့၏ခရီးစဉ် များအတွက် လေယာဉ်လက်မှတ်များ ကို E-Ticket စနစ်ဖြင့် နိုဝင်ဘာမှ စတင်ကာ ရောင်းချသွားမည်ဖြစ် ကြောင်း မြန်မာ့လေကြောင်း လက် ထောက်အထွေထွေ မန်နေဂျာ (စီးပွား ရေးဌာန)မှ ဦးထင်လင်းကပြောသည်။
''E- Ticket စနစ်ဆိုတာ ခရီး သွားတွေအတွက် အရမ်းလွယ်ကူ တယ် အလုပ်ရှုပ်သက်သာတဲ့ Online ကနေ လက်မှတ်ဝယ်တဲ့စနစ်ပါ၊ အဲ့ဒီ စနစ်က လက်မှတ်ရောင်းအားကိုလဲ မြင့်တက်စေတယ်လေ''ဟု ယင်းက ဆိုသည်။

သို့သော်လည်း လက်မှတ်အ ရောင်း ကိုယ်စားလှယ်များအတွက် လက်မှတ်ရောင်းအား ကျသွားနိုင် ကြောင်း၊ အွန်လိုင်းမှ အလွယ်တကူ ဝယ်ယူနိုင်မည်ဆိုပါက အရောင်းကိုယ် စားလှယ်များအတွက် ထိခိုက်နိုင် ကြောင်း လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ် အမျိုးသမီးတစ်ဦး က ၄င်း၏အခက်အခဲကိုရှင်းပြသည်။

မိမိတို့အနေဖြင့် (NGO)အရပ် ဘက်အဖွဲ့အစည်းများကို အဓိက ထား ရောင်းချပေးနေရသည် ဖြစ် သောကြောင့် အွန်လိုင်းမှ အလွယ် တကူ ဝယ်ယူနိုင်မည်ဆိုပါက အဆိုပါ အဖွဲ့အစည်းများအနေဖြင့် မိမိထံ မှာယူမည်မဟုတ်ကြောင်း ၄င်းက ထပ်မံရှင်းပြသည်။

မြန်မာ့လေကြောင်းတွင် လာ ရောက်လက်မှတ်ဝယ်ယူသည့် ခရီး သည်တစ်ဦးက ''တခြားပုဂ္ဂလိက လေကြောင်းလိုင်းတွေကတော့ အွန် လိုင်းကနေ ရောင်းနေတာကြာပါပြီ။ မြန်မာ့လေကြောင်းပဲ မရောင်းတာ၊ ဒါကြောင့်လဲ ဒီမှာလာတန်းစီပြီး ဝယ်ရတာပေါ့''ဟု ပြောသည်။

လတ်တလောတွင် ယင်းစနစ် အကောင်အထည်ဖော်ရန် အတွက် ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက် လျှက်ရှိပြီး မည့်သည့် ဝက်ဘ်ဆိုက်တွင် လက်မှတ်များ မည်သို့ဝယ်ယူရမည် ကို အသေးစိတ် ထပ်မံထုတ်ပြန်သွား မည်ဖြစ်ကြောင်း ဦးထင်လင်းကဆို သည်။

ပြီးခဲ့သည့်နှစ်ကလည်း ပြည် တွင်းလာရောက်မည့် နိုင်ငံခြားသား ခရီးသွားများအတွက် ရည်ရွယ်ပြီး E- Ticket စနစ်ဖြင့် လေယာဉ် လက်မှတ်များ ရောင်းချပေးခဲ့ရာ အောင်မြင်မှုမရရှိခဲ့ဘဲ နှစ်လအကြာ တွင် ယင်း Network စနစ်ပျက် ပြယ်ခဲ့ကြောင်း မြန်မာ့လေကြောင်း ထံမှသိရသည်။

ယခုလက်ရှိတွင် မြန်မာ့လေ ကြောင်းလိုင်းသည် လေယာဉ် ၁ဝ စင်းဖြင့် ပြည်တွင်းခရီးစဉ်များကို ပျံ သန်းပေးလျက်ရှိပြီး ၂ဝ၁၅ခုနှစ်တွင် ပြည်ပခရီးစဉ်များကို ပထမဆုံးအကြိမ် ပျံသန်းပေးရန် စီစဉ်လျက်ရှိကြောင်း လည်း သိရသည်။

TZO
Yangon Media Group

No comments:

Post a Comment