Saturday 24 May 2014

အကျဉ်းထောင် ဝန်းရံထားသောသူပုန်များကို ဆီးရီးယားအစိုးရတပ်ဖြိုခွင်း

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပို မြို့ရှိ အကျဉ်းထောင်တစ်ခုကို သူပုန်များက တစ်နှစ်ကြာ ဝန်းရံ ထားခြင်းအား အစိုးရတပ်များက ဖြိုခွင်းလိုက်ပြီဖြစ်ကြောင်း ကြာသပတေးနေ့ သတင်းများတွင် ဖော်ပြသည်။
အာဆတ်အစိုးရတပ်ဖွဲ့များသည် မေ ၂၁ ရက် အရုဏ်တက်ချိန်တွင် ထောင်ဝင်း အတွင်းသို့ ဝင်ရောက် ခဲ့ကြပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့် အရေး လေ့လာရေးအဖွဲ့က ပြောကြား သည်။
ထိန်း သိမ်းထား ယင်းထောင်၌ ခန့်မှန်းခြေ အကျဉ်း သား ၄ဝဝဝ ခန့် ထိန်း သိမ်း ထားရှိသည်။ သူပုန် များက ၄င်းကို သိမ်းပိုက်နိုင်ရန် လနှင့်ချီ၍ အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။

သူပုန်တို့ ထိန်းချုပ်ထားသည့် အလက်ပို မြို့ ရပ်ကွက်များရှိ သူပုန်များထံသို့ အဓိက ထောက်ပံ့ရေး လမ်းကြောင်း အနီးတွင် ထောင်နယ်မြေက မဟာဗျူဟာမြောက်စွာ တည်ရှိနေသည်။

အစိုးရ အမြဲတမ်းတပ်ဖွဲ့များနှင့် အစိုးရ ကို ထောက်ခံသော တိုက်ခိုက်ရေးသမားများ သည် အကျဉ်းထောင် ကို ဝန်းရံထားခြင်း အား ပြိုကွဲသွားရန် တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆီးရီးယား လေ့လာရေးအဖွဲ့မှ ညွှန်ကြား ရေးမှူးက ပြောကြားသည်။

တင့်ကားများ၊ သံချပ်ကား ကားများသည် ထောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြပြီဟု ၄င်းက အေအက်ဖ် သို့ ပြောသည်။

နျူဆရာတပ်ဦးနှင့် အခြားသော အစ္စလာမ္မစ်သူပုန်တပ်ဖွဲ့များမှ တိုက်ခိုက် ရေးသမားများသည် အဆိုပါ အကျဉ်း ထောင်ကို ၂ဝ၁၃ ခုနှစ် ဧပြီလမှစတင်၍ ဝန်းရံထားခဲ့ကြသည်။

ဘီဘီစီ

No comments:

Post a Comment