Saturday 24 May 2014

ပြည်ပတွင် စင်ပြိုင်အစိုးရတစ်ရပ် ဖွဲ့စည်းရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် စီစဉ်နေ


ညီမဖြစ်သူ ယင်လပ်ဦးဆောင်သောအစိုးရကို ဖြုတ်ချခံရပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ပြည် ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာက အာဏာသိမ်းစစ်တပ်နှင့် စင်ပြိုင်အစိုးရ တစ်ရပ် ကို ပြည်ပတွင် ဖွဲ့စည်းသွားရန် စီစဉ်နေကြောင်း ထုတ်ဖေါ် ပြောကြားခဲ့သည်။
ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ အစီအစဉ်ကို ၄င်း၏ဥပဒေ အကြံပေးဖြစ်သူ ရောဘတ် အမ်စတာဒမ်က သြစတေးလျှ အခြေစိုက် အေဘီစီ သတင်းဌာနသို့ သီးသန့် ထုတ်ဖေါ်ပြောကြား ခဲ့ခြင်း ဖြစ် သည်။

မစ္စတာ အမ်စတာဒမ်၏ ပြောကြားချက်အရ သက်ဆင်သည် ၄င်း၏စင်ပြိုင်အစိုးရကို လက်ခံထားရှိပေးမည် ဟု ကမ်းလှမ်းမှုပြုထားသော နိုင်ငံအချို့နှင့် ဆွေးနွေးညှိနိုင်းမှု ပြုနေကြောင်း သိရသည်။ 

သို့ရာတွင် အဆိုပါနိုင်ငံများတွင် အရှေ့တောင်အာရှ(အာဆီယံ)နိုင်ငံများပါသင်ခြင်း ရှိမရှိ မရှင်း လင်းသေးပေ။

Ref:ABC
Popular Myanmar News Journal

No comments:

Post a Comment