Saturday 24 May 2014

တရုတ်နိုင်ငံ၏ နာမည်ကြီးသူဌေး လူဟန်အား မာဖီးယားစတိုင် ဂိုဏ်းဖွဲ့လူသတ်မှုဖြင့် သေဒဏ်ပေး

Photo: တရုတ်နိုင်ငံ၏ နာမည်ကြီးသူဌေး လူဟန်အား မာဖီးယားစတိုင် ဂိုဏ်းဖွဲ့လူသတ်မှုဖြင့် သေဒဏ်ပေး
Saturday, May 24, 2014 

တရုတ်လုံခြုံရေး အရာရှိချုပ်ဟောင်း ကျို့ရန်ကန်းနှင့် ဆက်နွှယ်သည် ဟု ယုံကြည်ရသော တရုတ်သူဌေးလူဟန်အား သေဒဏ်အမိန့်ချမှတ်လိုက် သည်။ သူဌေးလူဟန်နှင့် ၎င်း၏အစ်ကိုဖြစ်သူ လူဝိတို့သည် မာဖီးယားစတိုင် ရာဇဝတ်မှုနှင့် လူသတ်မှုတို့ကို ဦးဆောင်ပြုလုပ်မှုဖြင့် အပြစ်ရှိကြောင်း ဟူဘေးတရားရုံးက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

အဆိုပါအမျိုးသားနှစ်ဦးသည် အလားတူ ရာဇဝတ်မှုများဖြင့် တရားစွဲဆို ခံနေရသော လူ ၃၆ ဦး အုပ်စုတွင် အပါအဝင်ဖြစ်သည်။ လူဟန်အား သေဒဏ် ချမှတ်ခြင်းမှာ ကျို့၏ကွန်ရက်နှင့် ဆက်နွှယ်သော လာဘ်စားမှုကွင်းဆက် ကြောင့်ဖြစ်သည်။

လူဟန်နှင့် ၎င်း၏အဖွဲ့သည် တရားမဝင်အဖွဲ့အစည်းများမှတစ်ဆင့် ငွေကြေးများရယူကာ ဂိုဏ်းဖွဲ့လုပ်ကိုင်နေကြောင်း တရားရုံးက စစ်ဆေး တွေ့ရှိခဲ့သည်။ ယင်းတို့အဖွဲ့သည် လူသတ်၊ ဓားပြတိုက်နှင့် ပြန်ပေးဆွဲမှုများ ပြုလုပ်နေသူများဖြစ်ကြောင်းလည်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။ စီချွမ် ပြည်နယ် ကွမ်ဟမ်းမြို့၌ တရားမဝင်ဂိမ်းစက်များကို ထိန်းချုပ်ရန်ကြိုးစားခဲ့ရာ မှ ယင်းအဖွဲ့အား စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။

လူဟန်သည် စီချွမ်ဟန်လောင်းအုပ်စု သတ္တုမိုင်းတူးဖော်ရေးခေါင်းဆောင် ဟောင်းဖြစ်ပြီး ၂ဝ၁၂ ခုနှစ်က တရုတ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် စာရင်းပြုစုထုတ်ပြန်ခဲ့ရာ ၎င်းသည် တရုတ်နိုင်ငံ၌ အချမ်းသာဆုံးအဆင့် ၁၄၈ ရှိသည်ဟု ဆိုသည်။ ၎င်း၏ကုမ္ပဏီဟောင်းသည် တစ်ချိန်က သြစတြေးလျသတ္တုတွင်းကုမ္ပဏီ ဆန်းဒင့်ရီဆို့ဆက်လီမိတက်ကို ဝယ်ယူရန် ကြိုးစားခဲ့သည်။
စီချွမ်အခြေစိုက် အဆိုပါဂိုဏ်းအဖွဲ့သည် နိုင်ငံရေးနှင့်လည်း ဆက်နွှယ် လျက်ရှိပြီး လူဟန်အား စီချွမ်ပြည်နယ် နိုင်ငံရေး အကြံပေးအဖွဲ့ ကိုယ်စား လှယ်အဖြစ် ရွေးချယ်ထားသူဖြစ်သည်။

မကြာသေးသည့်လများက စီချွမ်ပြည်နယ်မှ တာဝန်ရှိသူများသည် စုံစမ်းစစ်ဆေးခံနေရသော ကျို့ရန်ကန်းနှင့် အဆက်အသွယ်ပြုလုပ်ခဲ့သူများ ဖြစ်သည်ဟု ဆိုသည်။ မစ္စတာကျို့သည် ၂ဝဝ၃ ခုနှစ် တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန အကြီးအကဲမဖြစ်မီက စီချွမ်ပြည်နယ်ပါတီ အတွင်းရေးမှူး ဖြစ်ခဲ့သည်။

တရုတ်အစိုးရက စီချွမ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးဟောင်း ဂေါ်ရောင်ကျန်းအား ဧပြီလက ဖယ်ရှားလိုက်သည်။ စီချွမ် ဒုတိယပါတီ အကြီးအကဲ လီချွန်ချန်းကိုလည်း လာဘ်စားမှုဖြင့် စုံစမ်းစစ်ဆေးလျက်ရှိ သည်။ 

ဘီဘီစီ
တရုတ်လုံခြုံရေး အရာရှိချုပ်ဟောင်း ကျို့ရန်ကန်းနှင့် ဆက်နွှယ်သည် ဟု ယုံကြည်ရသော တရုတ်သူဌေး လူဟန်အား သေဒဏ်အမိန့်ချမှတ်လိုက်သည်။ သူဌေးလူဟန်နှင့် ၎င်း၏အစ်ကိုဖြစ်သူ လူဝိတို့သည် မာဖီးယားစတိုင် ရာဇဝတ်မှုနှင့် လူသတ်မှုတို့ကို ဦးဆောင်ပြုလုပ်မှုဖြင့် အပြစ်ရှိကြောင်း ဟူဘေးတရားရုံးက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
အဆိုပါအမျိုးသားနှစ်ဦးသည် အလားတူ ရာဇဝတ်မှုများဖြင့် တရားစွဲဆို ခံနေရသော လူ ၃၆ ဦး အုပ်စုတွင် အပါ အဝင်ဖြစ်သည်။ လူဟန်အား သေဒဏ် ချမှတ်ခြင်းမှာ ကျို့၏ကွန်ရက်နှင့် ဆက်နွှယ်သော လာဘ်စား မှုကွင်းဆက် ကြောင့်ဖြစ်သည်။

လူဟန်နှင့် ၎င်း၏အဖွဲ့သည် တရားမဝင်အဖွဲ့အစည်းများမှတစ်ဆင့် ငွေကြေးများရယူကာ ဂိုဏ်းဖွဲ့လုပ် ကိုင်နေကြောင်း တရားရုံးက စစ်ဆေး တွေ့ရှိခဲ့သည်။ ယင်းတို့အဖွဲ့သည် လူသတ်၊ ဓားပြတိုက်နှင့် ပြန်ပေး ဆွဲမှုများ ပြုလုပ်နေသူများဖြစ်ကြောင်းလည်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။ စီချွမ် ပြည်နယ် ကွမ်ဟမ်းမြို့ ၌ တရားမဝင်ဂိမ်းစက်များကို ထိန်းချုပ်ရန်ကြိုးစားခဲ့ရာ မှ ယင်းအဖွဲ့အား စုံစမ်းဖော်ထုတ်နိုင်ခဲ့ သည်။

လူဟန်သည် စီချွမ်ဟန်လောင်းအုပ်စု သတ္တုမိုင်းတူးဖော်ရေးခေါင်းဆောင် ဟောင်းဖြစ်ပြီး ၂ဝ၁၂ ခုနှစ်က တရုတ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် စာရင်းပြုစုထုတ်ပြန်ခဲ့ရာ ၎င်းသည် တရုတ်နိုင်ငံ၌ အချမ်းသာဆုံး အဆင့် ၁၄၈ ရှိသည်ဟု ဆိုသည်။ ၎င်း၏ကုမ္ပဏီဟောင်းသည် တစ်ချိန်က သြစတြေးလျသတ္တုတွင်းကုမ္ပဏီ ဆန်းဒင့်ရီဆို့ဆက်လီမိတက်ကို ဝယ်ယူရန် ကြိုးစားခဲ့သည်။ 

စီချွမ်အခြေစိုက် အဆိုပါဂိုဏ်းအဖွဲ့သည် နိုင်ငံရေးနှင့်လည်း ဆက်နွှယ် လျက်ရှိပြီး လူဟန်အား စီချွမ်ပြည် နယ် နိုင်ငံရေး အကြံပေးအဖွဲ့ ကိုယ်စား လှယ်အဖြစ် ရွေးချယ်ထားသူဖြစ်သည်။

မကြာသေးသည့်လများက စီချွမ်ပြည်နယ်မှ တာဝန်ရှိသူများသည် စုံစမ်းစစ်ဆေးခံနေရသော ကျို့ရန်ကန်းနှ င့် အဆက် အသွယ်ပြုလုပ်ခဲ့သူများ ဖြစ်သည်ဟု ဆိုသည်။ မစ္စတာကျို့သည် ၂ဝဝ၃ ခုနှစ် တရုတ်ပြည်သူ့ လုံခြုံ ရေးဝန်ကြီးဌာန အကြီးအကဲမဖြစ်မီက စီချွမ်ပြည်နယ်ပါတီ အတွင်းရေးမှူး ဖြစ်ခဲ့သည်။

တရုတ်အစိုးရက စီချွမ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးဟောင်း ဂေါ်ရောင်ကျန်းအား ဧပြီလက ဖယ်ရှားလိုက် သည်။ စီချွမ် ဒုတိယပါတီ အကြီးအကဲ လီချွန်ချန်းကိုလည်း လာဘ်စားမှုဖြင့် စုံစမ်းစစ်ဆေးလျက်ရှိ သည်။

ဘီဘီစီ

No comments:

Post a Comment