Saturday 24 May 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ လုံခြုံရေးအရာရှိများ နယ်စပ်ဒေသရှိ သောင်းကျန်းသူများကို ပူးပေါင်းနှိမ်နင်းရေးဆွေးနွေး

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွား ခဲ့ပြီးနောက် နယ်စပ်ဒေသအတွင်း ခိုလှုံ လှုပ် ရှားနေသည့်ဘင်္ဂါလီသောင်း ကျန်းသူများကို ပူးပေါင်းနှိမ်နင်း ရန်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေး အရာရှိများ၏ အလံတင် ဆွေးနွေးပွဲကို နယ်စပ်မှတ်တိုင် (၅ဝ)တွင်ယခုလ၂၁ရက်ကပြုလုပ် ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မှအတည်ပြုခဲ့သည်။
အဆိုပါဆွေး နွေးပွဲသို့ မြန်မာနိုင်ငံမှ အမှတ်(၁) နယ်ခြားစောင့်တပ်ဖွဲ့ကွပ်ကဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုနှင့် ရဲအရာရှိများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၄၂) နယ် ခြားစောင့် တပ်ရင်းမှ Mr.Hassan နှင့်အရာရှိများ တက်ရောက် ခဲ့ကြောင်း သိရသည်။ယခုလ ၁၃ ရက်နှင့်၁၇ ရက်တို့တွင် နယ်စပ်ဒေသ၌ ဖြစ် ပွားခဲ့သည့် တိုက်ပွဲ များကြောင့် နယ်စပ်ဒေသတွင် ခိုအောင်း လှုပ်ရှား နေသည့် RSO အမည်ခံ ဘင်္ဂါလီ သောင်း ကျန်းသူများကို ပူးပေါင်း ရှင်းလင်းနှိမ်နင်းရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့အား ယခုလ ၁၈ရက်တွင် ဆက်သွယ်အကြောင်း ကြားခဲ့ပြီးဖြစ်ကြော င်းလည်း နယ် ခြားစောင့်ရဲတပ်ဖွဲ့မှ အတည်ပြု သည်။တွေ့ ဆုံဆွေးနွေးရာ တွင် လက်နက်ကိုင်သောင်းကျန်းသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေချနေထိုင် လှုပ်ရှားမှု မရှိစေရေး၊ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း လက်မခံရန်နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း လက်မခံ ရန်နှင့် သောင်းကျန်းသူများကို နှစ်နိုင်ငံပူးပေါင်းရှင်းလင်းရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း လည်း သိရသည်။

နယ်စပ်ဒေသတွင် ယခင်နှစ်ကလည်း ဘင်္ဂါလီသောင်းကျန်းသူများဝင်ရောက်ပြီး နယ်စပ်ခြံစည်းရိုး လုပ်ငန်း များဆောင်ရွက်နေသည့် ဆောက်လုပ်ရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ပြီး သုံးဦး ဖမ်း ဆီး သွားခြင်းခံခဲ့ရကာ ယင်းတို့လွတ်မြောက်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ဆက်သွယ် ဆောင် ရွက် မှု များရှိခဲ့သော်လည်း ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်းလည်း သိရသည်။

နယ်စပ်ဒေသမှ သောင်းကျန်းသူများယခုကဲ့သို့ဝင်ရောက် တိုက်ခိုက်မှုများမရှိမီကပင် ဘင်္ဂါလီသောင်း ကျန်း သူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်အခြေပြုကာစစ်သင်တန်းများပေးနေကြောင်း နိုင်ငံတကာ သတင်း ရပ်ဝန်း များ ကဖော်ပြမှုများရှိခဲ့သည်။  

ယခုလ ၁၃ရက်နှင့် ၁၇ရက်များ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှု များဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်လေးဦးသေဆုံးခဲ့ရကာ တစ်ဦးဒဏ်ရာရခဲ့ပြီးနောက် နယ်စပ်လုံခြုံရေးအတွက် နယ်ခြားစောင့်ရဲ တပ်ဖွဲ့နှင့် အတူ တပ်မတော်မှပူးတွဲကာ တာဝန်ယူဆောင်ရွက်နေကြောင်းလည်းသိရသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရကမူ ¤င်းတို့နိုင်ငံတွင် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့မရှိကြောင်း ငြင်းဆိုထားသည်ဟု ဘင်္ဂလားဒေ့ရှ် သတင်းစာ အချို့က ယမန်နေ့ကဖော်ပြထားသည်။

The Union Daily

No comments:

Post a Comment