Saturday 24 May 2014

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးမည့် ညီလာခံတစ်ရပ်ကျင်းပရန် အစိုးရလက်ခံ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင်များ တက်ရော က်ဆွေးနွေး မည့် ညီလာခံတစ်ရပ်ကျင်း ပရန် မေတ္တာရပ်ခံ ထားမှုအပေါ် အစိုးရမှလက်ခံကြောင်း မေ ၂၃ ရက် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ရန်ကုန်ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်ကိုယ်စားလှယ်များက ပြောကြား သည်။
အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း၌ ထည့်သွင်းမည့်အချက်များတွင် သဘောထားကွဲလွဲနေသော အချက် အချို့ အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ ပြန် လည်ေ ဆွးနွေးနိုင် ရန် ညီလာခံကို ကျင်းပလိုခြင်းဖြစ်သည်။

NCCT မှ ဒေါက်တာဆလိုင်းလျန်မုန်းက "တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေရဲ့ထိပ်သီးညီလာခံကို ကျင်း ပနိုင်ဖို့ မေတ္တာရပ်ခံထားတဲ့အပေါ်မှာ တာချီလိတ်မြို့မှာကျင်းပဖို့ ၀န်ကြီးဦးအောင်မင်းတို့ဘက်က အကြံပြု တာကို ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့ခေါင်းဆောင်တော်တော် များများက မြောက် ပိုင်း မှာ ရှိပါတယ်။ အထူးသဖြင့် KIO တို့ SSA မြောက်ပိုင်းတို့က အဲဒီဘက်မှာရှိတယ်လေ။ တာချီလိတ် ဆိုရင် လည်း ကျွန်တော်တို့ဘက်က ဆန့်ကျင်ဖို့ အကြောင်းမရှိပါဘူးလို့ မြင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သွားရေး လာရေးအနေအထားအနေနဲ့လည်း ပြေလည်နိုင်တဲ့အနေအထားရှိတယ်လို့လည်း မြင်တယ်" ဟု ပြော ကြားသည်။

Eleven Media Group

No comments:

Post a Comment