Saturday 24 May 2014

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ဇွန်လအတွင်း ဆက်ဆွေးနွေးမည်

Photo: နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ဇွန်လအတွင်း ဆက်ဆွေးနွေးမည်
Saturday, May 24, 2014 

တိုင်းရင်းသား လက်နက်ကိုင်များ တတိယအကြိမ် ထိပ်သီးညီလာခံ အပါအဝင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ (NCCT) တို့အကြား ဆွေးနွေးပွဲများကို ဇွန်လအတွင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် NCCT ခေါင်းဆောင်များက ပြောကြားသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ၌ ပြုလုပ်သော တတိယအကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး စာချုပ် ဆွေးနွေးပွဲ နောက်ဆုံးနေ့အဖြစ် မေလ ၂၃ ရက်နေ့က တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

မေလ ၂၃ ရက်နေ့တွင် ဆွေးနွေး သဘောတူခဲ့သော အပစ်ရပ်စာချုပ် ဒုတိယမူကြမ်းပါ နှစ်ဖက်သဘောတူညီချက်များကို အစိုးရက သမ္မတဦးသိန်းစိန် ဦးဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီထံ ပြန်လည်တင်ပြရမည် ဖြစ်သကဲ့သို့ တိုင်းရင်းသားများကလည်း လက်နက်ကိုင် ထိပ်သီးညီလာခံ ထပ်မံခေါ်ယူ၍ အတည်ပြုချက် ရယူမည် ဖြစ်ကြောင်း၊ ယင်းကြောင့် အဆိုပါ ညီလာခံနှင့် စတုတ္ထအကြိမ် အပစ်ရပ်မူကြမ်း နောက်ဆုံးအဆင့် ဆွေးနွေးပွဲကို ဇွန်လအတွင်း ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း NCCT ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ရှင်းပြသည်။

အစိုးရနှင့် NCCT တို့၏ နောက်ဆုံးအဆင့် အပစ်ရပ်စာချုပ် ဆွေးနွေးပွဲကို ရန်ကုန်မြို့ MPC ခန်းမ၌ပင် ပြုလုပ်မည် ဖြစ်သော်လည်း ယင်းမတိုင်မီ ခေါ်ယူရန် လျာထားသော လက်နက်ကိုင် ထိပ်သီးညီလာခံကိုမူ နေရာအတိအကျ မသတ်မှတ်နိုင်သေးကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တာချီလိတ်မြို့၌ ကျင်းပရန် အကြံပြုထားပြီး တိုင်းရင်းသားအချို့က မိုင်းလားဒေသ၌ ပြုလုပ်ရန် အဆိုပြုထားကြောင်း NCCT ထံမှ သိရသည်။

“တိုင်းရင်းသားတွေက တောင်ပိုင်းနဲ့ မြောက်ပိုင်း ဖြစ်နေတော့ အားလုံးလာဖို့ အဆင်ပြေမယ့် နေရာကို ရွေးရမယ်” ဟု ဖဒိုစောကွယ်ထူးဝင်းက ဆိုသည်။

ကချင်ပဋိပက္ခကြောင့် တစ်နိုင်ငံလုံး အပစ်ရပ်ရေး ထပ်မံကြာမြင့်မည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သော်လည်း ယနေ့ ဆွေးနွေးမှုများအရ သြဂုတ်လ ဝန်းကျင်တွင် အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးနိုင် မည် ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၄ ခုနှစ် နှစ်ကုန်တွင် စတင်သွားရန် ခန့်မှန်းကြောင်း MPC မှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောဆိုသည်။

The Voice Weekly
တိုင်းရင်းသား လက်နက်ကိုင်များ တတိယအကြိမ် ထိပ်သီးညီလာခံ အပါအဝင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့(NCCT) တို့အကြား ဆွေးနွေးပွဲများကို ဇွန်လအတွင်း ဆက်လက် ပြုလုပ် သွားမည် ဖြစ်ကြောင်း အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် NCCT ခေါင်းဆောင်များ က ပြောကြားသည်။
ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ၌ ပြုလုပ်သော တတိယအကြိမ်မြောက် အပစ် အခတ်ရပ်စဲရေးစာချုပ် ဆွေးနွေးပွဲ နောက်ဆုံးနေ့အဖြစ် မေလ ၂၃ ရက်နေ့က တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။

မေလ ၂၃ ရက်နေ့တွင် ဆွေးနွေး သဘောတူခဲ့သော အပစ်ရပ်စာချုပ် ဒုတိယမူကြမ်းပါ နှစ်ဖက် သဘောတူ ညီချက်များကို အစိုးရက သမ္မတဦးသိန်းစိန် ဦးဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ထံ ပြန် လည်တင်ပြရမည် ဖြစ်သကဲ့သို့ တိုင်းရင်းသားများကလည်း လက်နက်ကိုင် ထိပ်သီးညီလာခံ ထပ်မံခေါ် ယူ၍ အတည်ပြုချက် ရယူမည် ဖြစ်ကြောင်း၊ ယင်းကြောင့် အဆိုပါ ညီလာခံနှင့် စတုတ္ထအကြိမ် အပစ်ရပ်မူကြမ်း နောက်ဆုံးအဆင့် ဆွေးနွေးပွဲကို ဇွန်လအတွင်း ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း NCCT ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ရှင်းပြသည်။

အစိုးရနှင့် NCCT တို့၏ နောက်ဆုံးအဆင့် အပစ်ရပ်စာချုပ် ဆွေးနွေးပွဲကို ရန်ကုန်မြို့ MPC ခန်းမ၌ပင် ပြု လုပ် မည် ဖြစ်သော်လည်း ယင်းမတိုင်မီ ခေါ်ယူရန် လျာထားသော လက်နက်ကိုင် ထိပ်သီးညီလာခံ ကိုမူ နေရာ အတိအကျ မသတ်မှတ်နိုင်သေးကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တာချီလိတ်မြို့ ၌ ကျင်းပရန် အကြံပြုထားပြီး တိုင်းရင်းသားအချို့က မိုင်းလားဒေသ၌ ပြုလုပ်ရန် အဆိုပြုထားကြောင်း NCCT ထံမှ သိရသည်။

“တိုင်းရင်းသားတွေက တောင်ပိုင်းနဲ့ မြောက်ပိုင်း ဖြစ်နေတော့ အားလုံးလာဖို့ အဆင်ပြေမယ့် နေရာ ကို ရွေးရ မယ်” ဟု ဖဒိုစောကွယ်ထူးဝင်းက ဆိုသည်။

ကချင်ပဋိပက္ခကြောင့် တစ်နိုင်ငံလုံး အပစ်ရပ်ရေး ထပ်မံကြာမြင့်မည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သော် လည်း ယနေ့ ဆွေးနွေးမှုများအရ သြဂုတ်လ ဝန်းကျင်တွင် အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးနိုင် မည် ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၄ ခုနှစ် နှစ်ကုန်တွင် စတင်သွားရန် ခန့်မှန်းကြောင်း MPC မှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment