Wednesday 5 March 2014

ဟိုချီမင်းမြို့တော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြင့်တက်

ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ဟိုချီမင်းမြို့ (HCMC) သည် လက်ရှိအချိန်တွင် စီးပွားရေးတိုး တက်မှု အားကောင်း လာသော ကာလတစ်ရပ်အဖြစ် တွေ့မြင်နေရပြီ ဖြစ်သည်။ ပြီးခဲ့သည့်နှစ် နှင့်နှိုင်းယှဉ် လျှင် အမျိုးမျိုးသော စီးပွားရေးကဏ္ဍများတွင် တိုးတက်မှုနှုန်း မြင့်မားနေသည်ကို တွေ့မြင်နေရသည်။

လူဦးရေကို သန်းကျော်နေထိုင်သော ဟိုချီမင်းမြို့သည် ဗီယက်နမ်နိုင်ငံတွင် အကြီးဆုံးမြို့ တစ်မြို့ဖြစ်သည်။ အဆိုပါမြို့၏ လူဦးရေ သည် ၂၀၂၅ ခုနှစ်မတိုင်မီ ၁၃ ဒသမ ၉ သန်းခန့် မြှင့်တက်နိုင်သည်ဟု ခန့်မှန်းရသည်။

ဗီယက်နမ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှု အားကောင်း လာသည်နှင့်အမျှ နိုင်ငံအတွင်းသို့တရုတ်နိုင်ငံမှ ကုန် ချောထုတ်လုပ်မှုဆိုင်ရာ အခွင့်အလမ်းများ ၀င်ရောက်လာရန် ဆွဲဆောင် လာနိုင်သည်။

လွန်ခဲ့သည့် နှစ်လကျော်တွင် HCMC တွင် ရောင်းရငွေနှင့် ၀န်ဆောင်မှုအခွန်များသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံကျော် ရရှိခဲ့သည်။ ယင်းပမာဏသည် ပြီးခဲ့သည့်နှစ် ယခုလိုအချိန်နှင့် နှိုင်းယှဉ်လျှင် ၁၁ ဒသမ၈ ရာခိုင်နှုန်း မြင့်တက်လာ သည့် ပမာဏ ဖြစ်သည်။

ဟိုချီမင်းမြို့သည် ပို့ကုန်ကဏ္ဍတွင် ယခင်နှစ်ကကထက် ၁၄ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ လတွင် အမေရိကန်ဒေါ် လာ ၁ ဒသမ ၈ ဘီလီယံခန့် ရရှိခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment