Wednesday 5 March 2014

ကားဈေးနှုန်းနှင့် ၀န်ဆောင်မှုစရိတ် ကြီးမြင့်မှုတို့ကြောင့် ကမ္ဘာ့လူနေမှုစရိတ် အမြင့်ဆုံး မြို့ကြီးများစာရင်းတွင် စင်ကာပူက ထိပ်ဆုံး၌ရပ်တည်

Photo: ကားဈေးနှုန်းနှင့် ၀န်ဆောင်မှုစရိတ် ကြီးမြင့်မှုတို့ကြောင့် ကမ္ဘာ့လူနေမှုစရိတ် အမြင့်ဆုံး မြို့ကြီးများစာရင်းတွင် စင်ကာပူက ထိပ်ဆုံး၌ရပ်တည်
Wednesday, March 5, 2014

ကားဈေးနှုန်း အလွန်အမင်းကြီးမြင့်မှုနှင့် အထွေထွေဝန်ဆောင်မှုစရိတ် ကြီးမြင့်မှု အပါအ၀င် ငွေကြေးတန်ဖိုး ခိုင်မာခြင်းတို့ကြောင့် စင်ကာပူသည် ကမ္ဘာ့လူနေမှုစရိတ် အမြင့်ဆုံး မြို့ကြီးများစာရင်းတွင် တိုကျိုကိုကျော်လွန်ပြီး ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း မတ် ၄ ရက်တွင် ထုတ်ပြန်သော စစ်တမ်း၌ ဖော်ပြခဲ့သည်။

ယန်းငွေတန်ဖိုး အားနည်းခြင်းကြောင့် တိုကျိုသည် စင်ကာပူ၏ ယခင်အဆင့်ဖြစ်သော အဆင့်ခြောက်သို့ ကျဆင်းခဲ့ကြောင်း သုတေသနလုပ်ငန်း Economist Intelligence Unit (EIU) ၏ ၂၀၁၄ ခုနှစ် ကမ္ဘာတစ်ဝန်း လူနေမှုစရိတ် အမြင့်မားဆုံး မြို့ကြီးများစစ်တမ်းအရ သိရသည်။ ကုမ္ပဏီများက ၎င်းတို့၏ အမှုဆောင်များကို ပြည်ပခရီးစဉ်များ စေလွှတ်ပါက ကျခံပေးရမည့် ကုန်ကျစရိတ်များကို တွက်ချက်ရာတွင် အကူအညီရရန်အတွက် EIU က ကမ္ဘာတစ်ဝန်းရှိ မြို့ ၁၄၀ မှ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှု ၁၆၀ တို့၏ ဈေးနှုန်းများကို စစ်တမ်းကောက်ယူပြီး တွက်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်ခဲ့သော ယင်းစစ်တမ်းတွင် လွန်ခဲ့သော ၁၀ စုနှစ် တစ်ခုခန့်က အဆင့် ၁၈ ၌သာ ရပ်တည်ခဲ့သော်လည်း “ဈေးနှုန်းဖောင်းပွမှု တည်ငြိမ်ခြင်း” နှင့်အတူ စင်ကာပူဒေါ်လာတန်ဖိုးသည် ရာခိုင်နှုန်း ၄၀ မြင့်တက်ခဲ့သောကြောင့် ယခုကဲ့သို့ ထိပ်ဆုံးသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ စင်ကာပူတွင် ကားဝယ်ယူခွင့်ကို ကန့်သတ်ခြင်း၊ အခွန်ကြီးမြင့်ခြင်း အပါအ၀င် ကားပိုင်ဆိုင်မှုကို အလွန်အမင်း တင်းကျပ်ထားသဖြင့် ကားဈေးနှုန်းမှာ အခြားနေရာများထက် အလွန်အမင်း မြင့်မားနေခြင်းဖြစ်သည်ဟု ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။ စင်ကာပူတွင် Toyota Corolla Altis ကားသစ်တစ်စီး၏ ဈေးနှုန်းသည် ဒေါ်လာ ၁၁၀၀၀၀ ရှိသော်လည်း အိမ်နီးချင်း မလေးရှားတွင် ဒေါ်လာ ၃၅၀၀၀ ၀န်းကျင်သာ ရှိသည်။ စင်ကာပူတွင် ပို့ဆောင်မှု အထွေထွေကုန်ကျစရိတ်မှာ နယူးယောက်တွင် ကုန်ကျမှုစရိတ်ထက် သုံးဆနီးပါး ပိုကုန်ကျကြောင်းလည်း ယင်းစစ်တမ်းတွင် ဖော်ပြခဲ့သည်။ သယံဇာတရင်းမြစ် အလွန်အမင်း နည်းပါးသော မြို့ပြသာသာရှိသည့် စင်ကာပူသည် စွမ်းအင်နှင့်ရေအတွက် အခြားနိုင်ငံများကိုသာ မှီခိုနေရသဖြင့် ရေ၊ လျှပ်စစ်မီး စသည့်အထွေထွေဝန်ဆောင်မှု စရိတ်တွင်လည်း တတိယမြောက် ကုန်ကျစရိတ် အမြင့်မားဆုံး မြို့ဖြစ်ကြောင်းလည်း EIU က ဖော်ပြထားသည်။

ဥရောပတွင် ပါရီသည် အဆင့်ခြောက်ဆင့် မြင့်တက်ပြီး ယင်းစာရင်း၏ ဒုတိယနေရာသို့ ရောက်ရှိခဲ့ရာ ဥရောပနိုင်ငံများတွင် ဈေးနှုန်းများနှင့် ငွေကြေးများ ပြန်လည်နာလန်ထမှုကို ဖော်ပြမှုဖြစ်ကြောင်း EIU က ထုတ်ပြန်ခဲ့သည်။ ယင်းစစ်တမ်းအရ အပန်းဖြေမှုနှင့် ဖျော်ဖြေမှုကဏ္ဍတို့တွင် ဈေးနှုန်းကြီးမြင့်ဆုံးစာရင်း၌ ဥရောပနိုင်ငံများ ပါဝင်ခဲ့သည်။ ယင်းစစ်တမ်းအတွက် အခြေပြုမြို့ဖြစ်သော နယူးယောက်မှာ အဆင့် ၂၆ ၌ ရပ်တည်ခဲ့သည်။ သြစတြေးလျ ဒေါ်လာတန်ဖိုး ခိုင်မာခြင်းကြောင့် ဆစ်ဒနီနှင့် မဲလ်ဘုန်းတို့မှာ အဆင့်ငါးနှင့် ခြောက်တို့တွင် အသီးသီး ရပ်တည်ခဲ့သည်။ အဆင့်ခြောက်တွင် ကရာကက်၊ ဂျီနီဗာနှင့် တိုကျိုတို့ ပူးတွဲရပ်တည်ခဲ့သည်။ အိန္ဒိယဘဏ္ဍာရေး အချက်အချာ မွမ်ဘိုင်းမှာ ယင်းစာရင်း၏ အောက်ဆုံးတွင် ရပ်တည်ခဲ့ပြီး ကရာချိ၊ နယူးဒေလီနှင့် ခတ္တမန္ဒူတို့မှာလည်း အောက်ဆုံးနား၌ ရပ်တည်ခဲ့သည်။

Eleven Media Group

မတ် ၄ ရက်တွင် စင်ကာပူရှိ ပုဂ္ဂလိက ကလပ်တစ်ခု၌ မြက်ခင်းပေါ်တွင် မြက်ရိတ်စက် မောင်းနှင်နေသူတစ်ဦး (Photo:AFP)

ကားဈေးနှုန်း အလွန်အမင်းကြီးမြင့်မှုနှင့် အထွေထွေဝန်ဆောင်မှုစရိတ် ကြီးမြင့်မှု အပါအ၀င် ငွေကြေးတန်ဖိုး ခိုင်မာခြင်းတို့ကြောင့် စင်ကာပူသည် ကမ္ဘာ့လူနေမှုစရိတ် အမြင့်ဆုံး မြို့ကြီးများစာရင်းတွင် တိုကျိုကိုကျော် လွန်ပြီး ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း မတ် ၄ ရက်တွင် ထုတ်ပြန်သော စစ်တမ်း၌ ဖော်ပြခဲ့သည်။

ယန်းငွေတန်ဖိုး အားနည်းခြင်းကြောင့် တိုကျိုသည် စင်ကာပူ၏ ယခင်အဆင့်ဖြစ်သော အဆင့်ခြောက်သို့ ကျဆင်းခဲ့ကြောင်း သုတေသနလုပ်ငန်း Economist Intelligence Unit (EIU) ၏ ၂၀၁၄ ခုနှစ် ကမ္ဘာတစ်ဝန်း လူနေမှုစရိတ် အမြင့်မားဆုံး မြို့ကြီးများစစ်တမ်းအရ သိရသည်။ ကုမ္ပဏီများက ၎င်းတို့၏ အမှုဆောင်များကို ပြည်ပခရီးစဉ်များ စေလွှတ်ပါက ကျခံပေးရမည့် ကုန်ကျစရိတ်များကို တွက်ချက်ရာတွင် အကူအညီရရန် အတွက် EIU က ကမ္ဘာတစ်ဝန်းရှိ မြို့ ၁၄၀ မှ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှု ၁၆၀ တို့၏ ဈေးနှုန်းများကို စစ်တမ်းကောက်ယူပြီး တွက်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်ခဲ့သော ယင်းစစ်တမ်းတွင် လွန်ခဲ့သော ၁၀ စုနှစ် တစ်ခုခန့်က အဆင့် ၁၈ ၌သာ ရပ်တည်ခဲ့သော်လည်း “ဈေးနှုန်းဖောင်းပွမှု တည်ငြိမ်ခြင်း” နှင့်အတူ စင်ကာပူဒေါ်လာတန်ဖိုးသည် ရာခိုင်နှုန်း ၄၀ မြင့်တက်ခဲ့သောကြောင့် ယခုကဲ့သို့ ထိပ်ဆုံးသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ စင်ကာပူတွင် ကားဝယ်ယူခွင့်ကို ကန့်သတ်ခြင်း၊ အခွန်ကြီးမြင့်ခြင်း အပါအ၀င် ကားပိုင်ဆိုင်မှုကို အလွန်အမင်း တင်းကျပ်ထားသဖြင့် ကားဈေးနှုန်းမှာ အခြားနေရာများထက် အလွန်အမင်း မြင့်မားနေခြင်းဖြစ်သည်ဟု ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။ စင်ကာပူတွင် Toyota Corolla Altis ကားသစ်တစ်စီး၏ ဈေးနှုန်းသည် ဒေါ်လာ ၁၁၀၀၀၀ ရှိသော်လည်း အိမ်နီးချင်း မလေးရှားတွင် ဒေါ်လာ ၃၅၀၀၀ ၀န်းကျင်သာ ရှိသည်။ စင်ကာပူတွင် ပို့ဆောင်မှု အထွေထွေကုန်ကျစရိတ်မှာ နယူးယောက်တွင် ကုန်ကျမှုစရိတ်ထက် သုံးဆနီးပါး ပိုကုန်ကျကြောင်းလည်း ယင်းစစ်တမ်းတွင် ဖော်ပြခဲ့သည်။ သယံဇာတရင်းမြစ် အလွန်အမင်း နည်းပါးသော မြို့ပြသာသာရှိသည့် စင်ကာပူသည် စွမ်းအင်နှင့်ရေအတွက် အခြားနိုင်ငံများကိုသာ မှီခိုနေရသဖြင့် ရေ၊ လျှပ်စစ်မီး စသည့်အထွေထွေဝန်ဆောင်မှု စရိတ်တွင်လည်း တတိယမြောက် ကုန်ကျစရိတ် အမြင့်မားဆုံး မြို့ဖြစ်ကြောင်းလည်း EIU က ဖော်ပြထားသည်။

ဥရောပတွင် ပါရီသည် အဆင့်ခြောက်ဆင့် မြင့်တက်ပြီး ယင်းစာရင်း၏ ဒုတိယနေရာသို့ ရောက်ရှိခဲ့ရာ ဥရောပနိုင်ငံများတွင် ဈေးနှုန်းများနှင့် ငွေကြေးများ ပြန်လည်နာလန်ထမှုကို ဖော်ပြမှုဖြစ်ကြောင်း EIU က ထုတ်ပြန်ခဲ့သည်။ ယင်းစစ်တမ်းအရ အပန်းဖြေမှုနှင့် ဖျော်ဖြေမှုကဏ္ဍတို့တွင် ဈေးနှုန်းကြီးမြင့်ဆုံးစာရင်း၌ ဥရောပနိုင်ငံများ ပါဝင်ခဲ့သည်။ ယင်းစစ်တမ်းအတွက် အခြေပြုမြို့ဖြစ်သော နယူးယောက်မှာ အဆင့် ၂၆ ၌ ရပ်တည်ခဲ့သည်။ သြစတြေးလျ ဒေါ်လာတန်ဖိုး ခိုင်မာခြင်းကြောင့် ဆစ်ဒနီနှင့် မဲလ်ဘုန်းတို့မှာ အဆင့်ငါးနှင့် ခြောက်တို့တွင် အသီးသီး ရပ်တည်ခဲ့သည်။ အဆင့်ခြောက်တွင် ကရာကက်၊ ဂျီနီဗာနှင့် တိုကျိုတို့ ပူးတွဲရပ်တည်ခဲ့သည်။ အိန္ဒိယဘဏ္ဍာရေး အချက်အချာ မွမ်ဘိုင်းမှာ ယင်းစာရင်း၏ အောက်ဆုံးတွင် ရပ်တည်ခဲ့ပြီး ကရာချိ၊ နယူးဒေလီနှင့် ခတ္တမန္ဒူတို့မှာလည်း အောက်ဆုံးနား၌ ရပ်တည်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment