Wednesday 5 March 2014

တောင်ငူတက္ကသိုလ် တတိယနှစ်ဥပဒေအထူးပြုကျောင်းသူတစ်ဦး ယာဉ်တိုက်ခံရ၍သေဆုံး

Photo
တောင်ငူမြို့နယ်၊ လဲဘူးကျေးရွာ ထီးလှိုင်ကွန်ကရစ်လမ်းနှင့် ကျုံးပတ်လမ်းဆုံ အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွား၍ တောင်ငူ တက္ကသိုလ်တွင် တက်ရောက်နေသော တတိယနှစ် ဥပဒေအထူးပြု ကျောင်းသူ တစ်ဦး သေဆုံးသွား ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မတ်လ ၃ ရက်နေ့ ည ၉နာရီခွဲအချိန်တွင် ထီးလှိုင်ကွန်ကရစ်လမ်း မကြီးပေါ် အနောက်မှ အရှေ့သို့ အောင်ကိုဟိန်း (၂၁)နှစ် (ဒုတိယနှစ်ဥပဒေ) တောင်ငူတက္ကသိုလ် အမှတ်(၅)ရပ်ကွက် က၀မြို့ မြို့မရဲစခန်းဝန်းအတွင်းနေသူမောင်နှင်ပြီး အနောက်မှ မမိုးဖြူသဲ(၂၁)နှစ် (တတိယနှစ်ဥပဒေ) ဖြူးမြို့ ဗိုလ်ချုပ်လမ်းနေ လိုက်ပါစီးနှင်လာသည့် ဟွန်ဒါ ( wave -alpha )အမျိုးအစား မော်တော်ဆိုင်ကယ်အား ယဉ်မောင်း ကျော်စိုးဝင်း (၃၆)နှစ် ဇရပ်ကြီးမြို့နေသူ မောင်းနှင်လာသည့် အဖြူရောင် လိုက်ထရပ်ယာဉ် မှ ၀င်တိုက်မိသဖြင့် အောင်ကိုဝင်း တွင် မျက်နှာနှင့် လက်ကောက်ဝတ်တွင် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ) များရရှိခဲ့ပြီး မမိုးဖြူသဲ တွင် ၀ဲ/ယာဒူးပွန်းပဲ့၊ ယာနားသွေးထွက်၊ ယာချိုစောင်ပေါက်ပြဲ၊ ၀ဲလက်မောင်းပွန်းပဲ ဒဏ်ရာ( စိုးရိမ်ရ) များရရှိခဲ့၍ တောင်ငူခရိုင်ပြည်သူ ဆေးရုံးကြီးသို့ ရဲဆေးစာဖြင့်တင်ပို့ပေး ခဲ့ကြောင်းသိရသည်။ ထိုသို့တင်ပို့စဉ် မမိုးဖြူသဲမှာ ည ၁၀ နာရီ ၁၅ မိနစ် တွင် တောင်ငူဆေးရုံကြီးတွင် သေဆုံး သွားခဲ့သည်။

ထိုကြောင့် ယာဉ်မောင်း ကျော်စိုးဝင် အား တောင်ငူမြို့ အမှတ်(၂)ရဲစခန်းမှ (ပ) ၅/၂၀၁၄ ပုဒ် ၃၀၄-က/၃၃၈ အရအမှုဖွင့် အရေးယူထားကြောင်းသိရသည်။

Ko Kyaw Swar
photo- ကိုသားကြီး

No comments:

Post a Comment