Monday 3 March 2014

ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်း၏ ထုတ်လုပ်မှု တစ်နေ့ ကုဗပေသန်း ၃၀၀ အနက် ပြည်တွင်းသုံးစွဲရန် ကုဗပေသန်း ၁၀၀ အား ယခုမတ်လဆန်း စတင်ပို့လွှတ်မည်

Photo: ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်း၏ ထုတ်လုပ်မှု တစ်နေ့ ကုဗပေသန်း ၃၀၀ အနက် ပြည်တွင်းသုံးစွဲရန် ကုဗပေသန်း ၁၀၀ အား ယခုမတ်လဆန်း စတင်ပို့လွှတ်မည်
Monday, March 3, 2014

ထိုင်းနိုင်ငံ၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်သည့် ကုမ္ပဏီ PTTEP မှ ဆောင်ရွက်နေသည့် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၀၀ ထုတ်လုပ်သွားမည်ဖြစ်ပြီး ယင်းအနက်မှ ပြည်တွင်းသုံးစွဲမှုအတွက် သန်း ၁၀၀ အား ယခုမတ်လဆန်း စတင်ပို့လွှတ်တော့မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းသည် နှစ် ၃၀ take off pay စနစ်ဖြင့် ထိုင်းနိုင်ငံ PTTEP နှင့် သဘောတူထားသော စီမံကိန်းဖြစ်ပြီး လွန်ခဲ့သော ၁၀ နှစ်ကစ၍ ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ်ဆန်းပိုင်းမှစ၍ တင်ပို့တော့မည်ဖြစ်သည်။

“ယခင်စာချုပ်အရဆိုရင် တစ်နေ့ကို ပြည်တွင်းသုံးစွဲမှုအတွက် ကုဗပေ သန်း ၆၀ သဘောတူထားတာပါ။ ဒါပေမဲ့ လိုအပ်ချက်တွေ ရှိနေတဲ့အတွက် အခုလို ရောင်းသူနဲ့ဝယ်သူအကြား ပြန်ပြီးဆွေးနွေးလိုက်တဲ့အခါမှာ တစ်ရက်ထုတ်ယူနိုင်မှု ကုဗပေသန်း ၃၀၀ ထဲက မြန်မာနိုင်ငံအတွက် သန်း ၁၀၀ ပြန်ခွဲပေးထားတာ ဖြစ်ပါတယ်။ အခုမတ်လဆန်းပိုင်းက စပြီးတော့ ပြည်တွင်းကို ပို့ပေးမှာဖြစ်ပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဖေဇင်ထွန်းက ပြောကြားသည်။

PTTEP သည် အရှေ့တောင်အာရှ ဒေသအတွင်း ပထမဆုံးသော ပြည်ပရင်းနှီးမြှုပ်နှံမှုအဖြစ် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ လွန်ခဲ့သည့် ၂၅ နှစ်မှစ၍ စတင်အခြေချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် PTTEP အနေဖြင့် မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ခုနစ်ကွက်ကို လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများအတွက် လာမည့်လေးနှစ်အတွင်း မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ သန်း ၃၃၀၀ အသုံးပြုရန် သတ်မှတ်ထားပြီး မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ ဖွံ့ဖြိုးရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု သိရသည်။

PTTEP သည် လက်ရှိမြန်မာနိုင်ငံရှိ ဇောတိကစီမံကိန်း လုပ်ကွက် M-3၊ M-11၊ PSCG၊ EP-2၊ MD-7 နှင့် MD-8 လုပ်ကွက်များတွင် မြှုပ်နှံထားကြောင်း သိရသည်။

အလားတူ လက်ရှိတွင် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းအပြင် ရဲတံခွန်နှင့် ရတနာစီမံကိန်းတို့တွင် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

PTTEP သည် မြန်မာနိုင်ငံ၌ ၁၉၈၉ ခုနှစ်တွင် ပထမဆုံး ရေနံရှာဖွေရေး စတင်ခဲ့ပြီး အောင်မြင်မှု မရရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင် ဆက်လက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် လက်ရှိတွင် ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် TOTAL၊ PETRONAS တို့နှင့် စပ်တူဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလျံကျော် ရှိနေပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများလည်း စွမ်းအင်ဝန်ကြီးဌာနတွင် ရာနှင့်ချီ၍ မှတ်ပုံတင်ထားကြောင်း သိရသည်။

Eleven Media Group

ထားဝယ်ခရိုင် ကံပေါက်ဒေသ ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်(ထားဝယ်))
ထားဝယ်ခရိုင် ကံပေါက်ဒေသ ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်း လုပ်ငန်းခွင်တစ်နေရာကိုတွေ့ရစဉ်(ဓာတ်ပုံ-ဖြိုးဇင်(ထားဝယ်))

ထိုင်းနိုင်ငံ၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်သည့် ကုမ္ပဏီ PTTEP မှ ဆောင်ရွက်နေသည့် ဇောတိက သဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၀၀ ထုတ်လုပ်သွားမည်ဖြစ်ပြီး ယင်းအနက်မှ ပြည်တွင်းသုံးစွဲမှုအတွက် သန်း ၁၀၀ အား ယခုမတ်လဆန်း စတင်ပို့လွှတ်တော့ မည်ဖြ စ်ကြော င်း စွမ်း အင်ဝန်ကြီးဌာနမှ သိရသည်။


ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းသည် နှစ် ၃၀ take off pay စနစ်ဖြင့် ထိုင်းနိုင်ငံ PTTEP နှင့် သဘောတူထားသော စီမံကိန်းဖြစ်ပြီး လွန်ခဲ့သော ၁၀ နှစ်ကစ၍ ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ်ဆန်းပိုင်းမှစ၍ တင်ပို့တော့မည်ဖြစ်သည်။

“ယခင်စာချုပ်အရဆိုရင် တစ်နေ့ကို ပြည်တွင်းသုံးစွဲမှုအတွက် ကုဗပေ သန်း ၆၀ သဘောတူထားတာပါ။ ဒါပေမဲ့ လိုအပ်ချက်တွေ ရှိနေတဲ့အတွက် အခုလို ရောင်းသူနဲ့ဝယ်သူအကြား ပြန်ပြီးဆွေးနွေးလိုက်တဲ့အခါမှာ တစ်ရက်ထုတ်ယူနိုင်မှု ကုဗပေသန်း ၃၀၀ ထဲက မြန်မာနိုင်ငံအတွက် သန်း ၁၀၀ ပြန်ခွဲပေးထားတာ ဖြစ်ပါတယ်။ အခုမတ်လဆန်းပိုင်းက စပြီးတော့ ပြည်တွင်းကို ပို့ပေးမှာဖြစ်ပါတယ်” ဟု စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဖေဇင်ထွန်းက ပြောကြားသည်။

PTTEP သည် အရှေ့တောင်အာရှ ဒေသအတွင်း ပထမဆုံးသော ပြည်ပရင်းနှီးမြှုပ်နှံမှုအဖြစ် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ လွန်ခဲ့သည့် ၂၅ နှစ်မှစ၍ စတင်အခြေချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် PTTEP အနေဖြင့် မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ခုနစ်ကွက်ကို လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများအတွက် လာမည့်လေးနှစ်အတွင်း မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ သန်း ၃၃၀၀ အသုံးပြုရန် သတ်မှတ်ထားပြီး မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ ဖွံ့ဖြိုးရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု သိရသည်။

PTTEP သည် လက်ရှိမြန်မာနိုင်ငံရှိ ဇောတိကစီမံကိန်း လုပ်ကွက် M-3၊ M-11၊ PSCG၊ EP-2၊ MD-7 နှင့် MD-8 လုပ်ကွက်များတွင် မြှုပ်နှံထားကြောင်း သိရသည်။

အလားတူ လက်ရှိတွင် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းအပြင် ရဲတံခွန်နှင့် ရတနာစီမံကိန်းတို့တွင် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

PTTEP သည် မြန်မာနိုင်ငံ၌ ၁၉၈၉ ခုနှစ်တွင် ပထမဆုံး ရေနံရှာဖွေရေး စတင်ခဲ့ပြီး အောင်မြင်မှု မရရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင် ဆက်လက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် လက်ရှိတွင် ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် TOTAL၊ PETRONAS တို့နှင့် စပ်တူဆောင် ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလျံကျော် ရှိနေပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ လည်း စွမ်းအင်ဝန်ကြီးဌာနတွင် ရာနှင့်ချီ၍ မှတ်ပုံတင်ထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment