Monday 3 March 2014

တရားမဝင်စားသုံးကုန်ဝင်ရောက်မှုများလာ နယ်စပ်ဂိတ်များသာမက ဂိုဒေါင်များပါစစ်ဆေးနေ

တရားမဝင် ဝင်ရောက်လာသည့် စားသုံးကုန်ပစ္စည်းများသည် ထိုင်း၊ တရုတ်၊ မူဆယ်ဘက်မှ အများဆုံးဝင်ရောက်လျက်ရှိပြီး ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၄ ဖေဖော်ဝါရီ ၂၁ ရက်အထိ နယ်စပ်ဂိတ်များမှ တရား မဝင်ကုန်ပစ္စည်းဖမ်းဆီးရရှိငွေမှာ ၁၂ ဘီလီယံကျော်ရှိနေ ကြောင်း Mobile Teams (ရန်ကုန်)မှ သိရှိရသည်။

၂ဝ၁၃ ဇန်နဝါရီလမှ ၂ဝ၁၄ ဖေဖော်ဝါလနောက် ဆုံးပတ်အတွင်း နယ်စပ်ဂိတ်များမှ တရားမဝင်စားသောက် ကုန်ပစ္စည်းများ ဝင်ရောက်မှုများလာခြင်းကြောင့် ယင်းတို့ကို တားဆီးနိုင်ရန် နယ်စပ်ဂိတ်များသာမက ဂိုဒေါင်များသို့ပါ ဌာနပေါင်းစုံပါဝင်ဖွဲ့စည်း ထားသည့် သြဘငူန ႊနော် အဖွဲ့ များမှ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Mobile Teams မှ သိရှိရသည်။

''နယ်စပ်ဂိတ်တွေရော၊ ဂိုဒေါင်တွေရော ဌာန ပေါင်းစုံပါဝင်ဖွဲ့စည်းထားတဲ့ သြဘငူန ႊနော် အဖွဲ့တွေနဲ့ ရှောင်တခင် စစ်ဆေး မှုတွေပြု လုပ်နေ ပါတယ်။ ဌာန ၄၊ ၅၊ ၆ ခု လောက်ပါတယ်။ စာသုံးရန်မသင့်တဲ့ကုန်ပစ္စည်းတွေတွေ့ရှိရလို့ဖြစ်တယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (နေပြည်တော်)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

နယ်စပ်မှဝင်ရောက်လာသည့် တရားမဝင်ကုန် ပစ္စည်းဝင်ရောက်မှုကို Mobile Teams အဖွဲ့များမှ ဖမ်းဆီး စစ်ဆေးလျက် ရှိသော်လည်း လျော့ကျ သွားခြင်းမရှိဘဲ နယ် စပ်ဂိတ်များမှဝင်ရောက်နေဆဲဖြစ်ကြောင်း၊ ¤င်းတို့ထဲတွင် စားသောက်ကုန် ပစ္စည်းများမှာ အများဆုံးဖြစ်ပြီး လက်ရှိအ ချိန်တွင် ပြည်ပမှဝင်ရောက်သော စားသောက်ကုန်ပစ္စည်းများ ၌စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများအဖြစ် စစ်ဆေးတွေ့ ရှိရသဖြင့် ဝင်ရောက်မှုမရှိစေရန် နယ်စပ်ဂိတ်များကို တား ဆီးခြင်းဖြစ်ကြောင်း စီးပွားကူးသန်း ဝန်ကြီး ဦးဝင်းမြင့်က မီဒီယာများသို့ ပြောကြားထားသည်။

''အများဆုံးဝင်တဲ့ဘက်ကတော့ မူဆယ်ဘက်က များတယ်။ နယ်စပ်ဂိတ်တွေစစ်ဆေးနေပေမယ့် တရားမဝင် ကုန်သွယ်မှုက ရှိနေဆဲပဲ။ ကြောက်တဲ့သူတွေက လိုင်စင် လာလုပ်ကြတယ်။ ဒါကြောင့် တရားမဝင်ကုန်စည်တွေရှိနေ ဆဲဖြစ်ပေမယ့် ကုန်သွယ်မှု ကတော့ အရင်နှစ်တွေကထက် အရမ်းတက်လာတယ်''ဟု Mobile Teams (ရန်ကုန်)မှ လက် ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

Yangon Media Group

No comments:

Post a Comment