Monday 3 March 2014

ရန်ကင်းသာ (ညောင်ချောင်းသာ) ကမ်းခြေကူးတံတားမှ လေလံဆွဲ၍ ရရှိသော ငွေများအား ညောင်းတုန်းမြို့တော်ခန်းမ တည်ဆောက်ရေးတွင် ထည့်သွင်းအသုံးပြုသွားမည်ဟုဆို

Photo: ရန်ကင်းသာ (ညောင်ချောင်းသာ) ကမ်းခြေကူးတံတားမှ လေလံဆွဲ၍ ရရှိသော ငွေများအား ညောင်းတုန်းမြို့တော်ခန်းမ တည်ဆောက်ရေးတွင် ထည့်သွင်းအသုံးပြုသွားမည်ဟုဆို
Monday, March 3, 2014

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ရှိ ရန်ကင်းသာ (ညောင်ချောင်းသာ) ကမ်းခြေကူး တံတားမှ လေလံဆွဲ၍ရရှိသော ပိုက်ဆံအား ညောင်တုန်းမြို့နယ် မြို့တော်ခန်းမ တည်ဆောက်ရေးတွင် ထည့်သွင်းအသုံးပြု သွားမည်ဖြစ်ကြောင်း မတ် ၂ ရက်တွင် ညောင်တုန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ညိုကဆိုသည်။

“ဒီကရတဲ့ လေလံနဲ့ ညောင်တုန်းမြို့နယ်မှာ မြို့တော်ခန်းမ ဆောက်တဲ့အထဲကို ကမ်းခြေက လုံခြုံရေးစရိတ်တွေ အထွေထွေစရိတ်တွေ အကုန်နုတ်ပြီးရင် ပိုတဲ့ဟာကို မြို့တော်ခန်းမအတွက်ဘဲ သုံးသွားမှာပါ။ စည်ပင်မှာလည်း မသုံးဘူး၊ ဘယ်ဌာနအတွက်မှလည်း သုံးသွားမှာ မဟုတ်ပါဘူး” ဟု ဦးခင်မောင်ညိုက ပြောကြားသည်။

ညောင်ချောင်းသာကမ်းခြေကူး တံတားအား လေလံစနစ်ဖြင့် ခေါ်ယူခြင်းဖြစ်ပြီး လေလံအား နှစ်ရာ့နှစ်သိန်းဖြင့် အောင်မြင်ခဲ့ပြီး ယခင်နှစ်က ၀ါးတံတားအား ယခုအခါ သစ်သားတံတားဖြင့် ပြောင်းလဲသတ်မှတ်လိုက်ကြောင်းလည်း သိရသည်။

ဝါးတံတားအစား သစ်သားတံတား ပြောင်းလဲမှုကြောင့် တွက်ခြေမကိုက်ကြောင်းကိုလည်း “အရင်တုန်းက ၀ါးတံတားဆိုတော့ ဧည့်သည်တွေအတွက် အဆင်မပြေဘူးဆိုလို့ ဒီနှစ်မှာ သစ်သားတံတား ထိုးလိုက်တယ်။ ဒါပေမယ့် အခု လူဝင်ကြေးက တစ်ယောက်တစ်ရာသာ ဖြစ်တဲ့အတွက် တွက်ခြေမကိုက်ဘူး။ ဒါကြောင့် တံတားဝင်ကြေး တိုးကောက်ဖို့အတွက် ညောင်တုန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို လျှောက်ထားပါတယ်” ဟု လေလံအောင်ခဲ့သည့် ဦးဇော်ဝင်းက ပြောကြားသည်။

ရန်ကင်းသာ (ညောင်ချောင်းသာ) ကမ်းခြေသည် ၂၀၁၁ ခုနှစ်မှ စတင်ကာပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

လေလံစနစ်ဖြင့် ဌားရမ်းလုပ်ကိုင်ခွင့်ပြုထားသော တံတားအားတွေ့ရစဉ် (ဓာတ်ပုံ-ထက်သျှိုင်း)
လေလံစနစ်ဖြင့် ဌားရမ်းလုပ်ကိုင်ခွင့်ပြုထားသော တံတားအားတွေ့ရစဉ် (ဓာတ်ပုံ-ထက်သျှိုင်း)

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ရှိ ရန်ကင်းသာ (ညောင်ချောင်းသာ) ကမ်းခြေကူး တံတားမှ လေလံ ဆွဲ၍ရရှိသော ပိုက်ဆံအား ညောင်တုန်းမြို့နယ် မြို့တော်ခန်းမ တည်ဆောက်ရေးတွင် ထည့်သွင်း အသုံးပြု သွားမည်ဖြစ်ကြောင်း မတ် ၂ ရက်တွင် ညောင်တုန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေး မှူး ဦးခင်မောင်ညိုကဆိုသည်။


“ဒီကရတဲ့ လေလံနဲ့ ညောင်တုန်းမြို့နယ်မှာ မြို့တော်ခန်းမ ဆောက်တဲ့အထဲကို ကမ်းခြေက လုံခြုံရေး စရိတ်တွေ အထွေထွေစရိတ်တွေ အကုန်နုတ်ပြီးရင် ပိုတဲ့ဟာကို မြို့တော်ခန်းမအတွက်ဘဲ သုံးသွားမှာပါ။ စည်ပင်မှာလည်း မသုံးဘူး၊ ဘယ်ဌာနအတွက်မှလည်း သုံးသွားမှာ မဟုတ်ပါဘူး” ဟု ဦးခင်မောင်ညိုက ပြောကြားသည်။

ညောင်ချောင်းသာကမ်းခြေကူး တံတားအား လေလံစနစ်ဖြင့် ခေါ်ယူခြင်းဖြစ်ပြီး လေလံအား နှစ်ရာ့နှစ် သိန်းဖြင့် အောင်မြင်ခဲ့ပြီး ယခင်နှစ်က ၀ါးတံတားအား ယခုအခါ သစ်သားတံတားဖြင့် ပြောင်းလဲ သတ်မှတ် လိုက်ကြောင်းလည်း သိရသည်။

ဝါးတံတားအစား သစ်သားတံတား ပြောင်းလဲမှုကြောင့် တွက်ခြေမကိုက်ကြောင်းကိုလည်း “အရင်တုန်းက ၀ါးတံတားဆိုတော့ ဧည့်သည်တွေအတွက် အဆင်မပြေဘူးဆိုလို့ ဒီနှစ်မှာ သစ်သားတံတား ထိုးလိုက်တယ်။ ဒါပေမယ့် အခု လူဝင်ကြေးက တစ်ယောက်တစ်ရာသာ ဖြစ်တဲ့အတွက် တွက်ခြေမကိုက်ဘူး။ ဒါကြောင့် တံတားဝင်ကြေး တိုးကောက်ဖို့အတွက် ညောင်တုန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို လျှောက်ထား ပါတယ်” ဟု လေလံအောင်ခဲ့သည့် ဦးဇော်ဝင်းက ပြောကြားသည်။

ရန်ကင်းသာ (ညောင်ချောင်းသာ) ကမ်းခြေသည် ၂၀၁၁ ခုနှစ်မှ စတင်ကာပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment