Monday 3 March 2014

၂ နှစ်အတွင်း အခွန် ၂ ဆ ကောက်ရန် လျာထား

လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ကျရင် ၂၀၁၂ – ၁၃ ဘဏ္ဍာရေးနှစ်မှာ ကောက်ခံရတဲ့ အခွန်ပမာဏထက် ၂ ဆ တိုးပြီး ကျပ်ငွေ ၅ ထရီလီယံ နီးပါး ကောက်ခံဖို့ လျာထားတယ်လို့ အစိုးရက ထုတ်ပြန်တဲ့ ပြည်ထောင်စု အခွန်အကောက်ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

၂၀၁၂ – ၁၃ ခုနှစ်က ကောက်ခံရငွေ ၂ ဒဿမ ၇ ထရီလီယံဝန်းကျင်ပဲ ရှိခဲ့ပါတယ်။ အခွန်ကို ခေါင်းစဉ် ၄ ခု ခွဲကောက်ခံမှာ ဖြစ်ပြီး ၀င်ငွေခွန် ခေါင်းစဉ်အောက်ကနေ ကျပ်ငွေ ၁ ဒဿမ ၆ ထရီလီယံကျော် ကောက်ခံ မယ်လို့ ဖော်ပြထားပါတယ်။

ခုလို ၂ နှစ်အတွင်း အခွန် ၂ ဆ ကောက်ခံဖို့ လျာထားပေမယ့် မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းရင် ဂျီဒီပီထဲ ပါဝင်တဲ့ အခွန်ကောက်ခံမှုနှုန်းထားဟာ ၄ ရာခိုင်နှုန်းပဲ ရှိပြီး အနိမ့်ဆုံး ဖြစ်နေပါသေးတယ်။

ဒီလို အခွန်ကောက်ခံရရှိမှု နည်းရတာဟာ အစိုးရမှာရော၊ လွှတ်တော်ဘက်မှာပါ တာဝန်မကင်းဘူးလို့ ပြီးခဲ့တဲ့အပတ် အစည်းအဝေးအတွင်း လွှတ်တော် အခွန်ကောက်ခံမှု စိစစ်ရေးဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ သူရ ဦးသောင်းလွင်က ဝေဖန်ခဲ့ပါတယ်။

DVB

No comments:

Post a Comment